ကျော်ဆွေ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၅ -
| အမည်ရင်း = မော်နီ
| မိဘအမည် = ဦးဘနှစ်(မြို့ပြအိုးအိမ်ဌာန ဝန်ထောက်) + ဒေါ်အုန်းစိန်
| နိုင်ငံသား = [[ImageFile:Flag of Myanmar.svg|25px ]]
| လူမျိုး =မြန်မာ
| ကိုးကွယ်သည့်ဘာသာ = ဗုဒ္ဓဘာသာ
စာကြောင်း ၁၉ -
 
 
== ကျော်ဆွေ ==
ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ ကျော်ဆွေသည် ရန်ကုန်မြို့၌ အဖ ဦးဘနှစ်( မြို့ပြအိုးအိမ်ဌာန ဝန်ထောက်)နှင့် အမိ ဒေါ်အုန်းစိန်တို့မှ မြန်မာသက္ကရာဇ် ၁၂၈၅-ခုနှစ်၊ တပို့တွဲလဆန်း ၆-ရက်နေ့ တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ ငယ်နာမည်မှာ မော်နီဖြစ်သည်။ မွေးချင်းညီအစ်ကို လေးဦးရှိသည့် အနက် ဒုတိယမြောက်သား ဖြစ်သည်။
 
 
ကျော်ဆွေသည် ငယ်စဉ်က စိန်ဂျွန်းကျောင်းတွင် ပညာသင်ခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း၌ ပဲခူးမြို့တွင် ရာဇဝတ်အုပ် အဖြစ် တာဝန်ထမ်းသည်။ ဖက်စစ်တော်လှန်ရေးကာလတွင် ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော် သို့ ဝင်ရောက် တာဝန်ထမ်းသည်။ ၁၉၄၅-၄၆ ခုနှစ်၊ ဒုတိယကမ္ဘာစစ် ပြီးစ အချိန်တွင် ဝါသနာအလျောက် ရုပ်ရှင်လောကသို့ စတင်ခြေချခဲ့သည်။ ဗြိတိသျှဘားမားရုပ်ရှင် (ယခု ညွှန့်မြန်မာ) ကုမ္ပဏီမှ ဒါရိုက်တာ ဦးဘရှင် ရိုက်ကူးသော စောရစံရှား အသံတိတ် ရုပ်ရှင်ကားတွင် စတန့်မင်းသား တင်ဖေ၊ မင်းသမီး မေမြတို့နှင့် တွဲဖက်၍ ကျော်ဆွေ အမည်ဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ပထမဆုံး ပါဝင် ရိုက်ကူးခဲ့သည်။
 
 
စာကြောင်း ၃၃ -
ရုပ်ရှင်မင်းသား ကျော်ဆွေသည် သုခုမ ရုပ်ရှင်၏ ဒဏ် ဇာတ်ကား၊ ပြည်တော်အေးရုပ်ရှင်၏ မွှေး အစရှိသော ရုပ်ရှင် ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၁၉၆၁-ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်၍ တိုဟို ဂျပန်ရုပ်ရှင်ကုမ္ပဏီတွင် ရုပ်ရှင်ပညာ သင်ယူသည်။
 
ကျော်ဆွေသည် ကိုယ်ပိုင် မိုးရုပ်ရှင် ကုမ္ပဏီကို တည်ထောင်ပြီး ပထမဆုံး ဒါရိုက်တာ၊ သရုပ်ဆောင် မင်းသားအဖြစ် ပုလဲမျက်ရည် စစ်ရုပ်ရှင်ကားကို မင်းသမီး ခင်ယုမေ (မေ)နှင့် တွဲဖက်ပါဝင် ရိုက်ကူးသည်။ မိုးရုပ်ရှင်မှပင် ရုပ်ရှင်မင်းသမီး [[ခင်ယုမေ]] (မေ)နှင့် အများဆုံးတွဲ၍ ချစ်မေတ္တာ၊ မချူသာသည်၊ သည်မေတ္တာလမ်း၊ စိမ်း စသည့် ရုပ်ရှင်ကားများကို ဆက်လက်ရိုက်ကူးခဲ့သည်။ ၁၉၄၅-၄၆-ခုနှစ်မှစ၍ ၁၉၈၂-ခုနှစ်အတွင်း နှစ်ပေါင်း ၃၅-နှစ်ကျော် အတွင်း သရုပ်ဆောင်မင်းသား၊ သရုပ်ဆောင် ဒါရိုက်တာ အဖြစ်နှင့် ပါဝင်ရိုက်ကူးခဲ့သော ရုပ်ရှင်ကားပေါင်း ၃၀-ကျော်ရှိသည်။ ကျော်ဆွေသည် မိမိပိုင် မိုးရုပ်ရှင်မှ မင်းသား၊ ဒါရိုက်တာ အနေဖြင့် နောက်ဆုံးရိုက်ကူးသွားသော ရုပ်ရှင်ကားမှာ မြွေမြွေချင်း ခြေမြင် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် စတန့်မင်းသား [[ရွှေဘ]]နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။
== ဘဝနိဂုံး ==
ကျော်ဆွေသည် ၁၉၈၂-ခုနှစ်၊ ဩဂုတ်လ ၁၅-ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်နွဲ့နွဲ့နှင့် သားသမီး ငါးယောက်ကျန်ရစ်သည်။ ကျော်ဆွေသည် ရုပ်ရှင်ကားပေါင်း ၃၀-ကျော် သရုပ်ဆောင်ခဲ့သော်လည်း အကယ်ဒမီဆု ရရှိမသွားခဲ့ရှာပေ။<ref>မြန်မာစွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၃-ခု)</ref>
== ကိုးကား ==
<references/>
[[:en:Kyaw Swe]]
[[Category:အတ္ထုပ္ပတ္တိ]]
 
[[Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ]]
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ]]
[[Category:သရုပ်ဆောင်]]
[[Category:အနုပညာ]]
[[:en:Kyaw Swe]]