ကျော်ဇော၊ ဗိုလ်ချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃ -
မြန်မာဗုဒ္ဓဘာသာဝင် ဖြစ်ပြီး သုံးဆယ်မြို့အထက်တန်းကျောင်းတွင် အထက်တန်းအဆင့်အထိ ပညာသင်ယူခဲ့သည်။ သာယာဝတီမြို့တွင် တိုင်းရင်းမြန်မာ စာသင်ကျောင်းတွင် ကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။
 
== စစ်ပညာသင်ကြားခဲ့ရပုံ ==
ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် မြန်မာမျိုးချစ်လူငယ် ဒုတိယအသုတ်နှင့် အတူ ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်တွင် ရန်ကုန်မှထွက်ခွာရာ ဧပြီလ ၂၈ ရက်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ဦးစွာ ရောက်ရှိသည်။ ထိုမှ တိုကျိုမြို့သို့ သွားရောက်ကာ တိုကျိုမှ ဟိုင်နန်ကျွန်းသို့ မေလ ၁၀ ရက်တွင် ရောက်ရှိသည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများ သင်ယူခဲ့ရသည်။
ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ တာနီငုချိ ရှင်အိချိ ဖြစ်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူကြသောအခါ ဗိုလ်ကျော်ဇော ဖြစ်လာသည်။
 
 
== ထမ်းဆောင်ခဲ့သောတာဝန်များ ==
ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် စစ်ကြောင်းနှင့် မော်လမြိုင် စစ်ကြောင်းအတိုင်း မြန်မာနိုင်ငံအတွင်းသို့ ချီတက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။
၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဘီအိုင်အေ ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
စာကြောင်း ၁၉ -
 
 
== အငြိမ်းစားဘဝသို့ရောက်ရှိပုံ ==
၁၉၅၃ ခုနှစ်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တရုတ်ဖြူ ကျူးကျော်တပ် (ကူမင်တန်)များအား ဘုရင့်နောင် စစ်ဆင်ရေးဖြင့် လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ရန်ကြီးအောင် စစ်ဆင်ရေးဖြင့်လည်းကောင်း တိုက်ခိုက် ချေမှုန်းခဲ့သည်။ ၁၉၅၅ ခုနှစ်တွင်ပင် စစ်ဘက် ချစ်ကြည်ရေး မိတ်ဆက်အဖွဲ့ အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဗိုလ်မှူးချုပ်အဆင့်အထိ တပ်မတော် တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပများနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ အသက် ၃၉ နှစ်အရွယ်တွင် တပ်မတော်မှ အငြိမ်းစားအပေးခံရသည်။
ဗိုလ်ချုပ်ကျော်ဇော်၏ နိုင်ငံရေးနောက်ခံမှာ လွတ်လပ်ရေးတိုက်ပွဲကာလမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စတင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဒုတိယအကြိမ်မြောက် ဗကပ ကွန်ဂရက်တွင် ပါတီ ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ရပြီး လပိုင်းအတွင်း ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်တွင် ဗကပများ တောခိုရာ၌ မလိုက်ပါဘဲ တပ်မတော်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့သဖြင့် ဗကပ က ပါတီမှ ထုတ်ပယ် ပစ်ခဲ့သည်။
စာကြောင်း ၂၆ -
 
 
== စစ်ကော်မရှင်တာဝန် ==
၁၉၆၀ ပြည့်နှစ် တတိယအကြိမ် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲတွင် ရန်ုကုန်မြို့ ကြည့်မြင်တိုင် တောင်ပိုင်း မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံခဲ့သေးသော်လည်း ရှုံးနိမ့်သွားခဲ့သည်။
 
စာကြောင်း ၃၂ -
 
 
== ပြုစုထုတ်ဝေခဲ့သောစာအုပ်များ ==
ဗိုလ်ချုပ်ကျော်ဇောသည် စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့ရာ ၁၉၅၇ ခုနှစ်တွင် “ပြည်တွင်း ငြိမ်းချမ်းရေးသဘောထားနှင့် လက်ရွေးစင် မိန့်ခွန်းများ”၊ ၁၉၅၉ ခုနှစ်တွင် “ဖက်ဆစ်တော်လှန်ရေး”၊ ၁၉၅၉ ခုနှစ်တွင်“ရွေးကောက်ပွဲ ရှင်းတမ်း”၊ ၁၉၆၀ ပြည့်နှစ်တွင် “ဖက်ဆစ်တော်လှန်ရေး၊ ကမ္ဘာစစ်နှင့် ငြိမ်းချမ်းရေး”၊ ၁၉၆၁ ခုနှစ်တွင် “အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ” စသည့် စာအုပ်များ ရေးသားပြုစု ထုတ်ဝေခဲ့သည်။
 
 
== စစ်သည်တော်ဆု ==
စစ်သည်တော်တစ်ဦးအဖြစ် ဆုတံဆိပ်များရရှိခဲ့ရာတွင် ၁၉၅၅ ခုနှစ် ဇန်နဝါရီလတွင် ယူဂိုဆလားဗီးယား သမ္မတ တီးတိုး၏ စစ်သည်တော်ကောင်း (ပထမအဆင့်) ဆုတံဆိပ်ကို လည်းကောင်း ၁၉၅၉ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုများအတွက် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ဆုတံဆိပ်ကိုလည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။
 
ရည်ညွှန်း၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာနထုတ် ကျော်ငြိမ်း ပြုစုသော “ရဲဘော်သုံးကျိပ်“။ ၁၉၉၈ ။
 
 
[[Category:အတ္ထုပ္ပတ္တိ]]