ကန္ဒီကန်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂ -
 
==သမိုင်းကြောင်း==
စွယ်တော်ကျောင်းတော်၏ အရှေ့တွင် ရှိနေသည့် ဤကန်၏ နေရာသည် ယခင်က Tigolwela ဟု သိကြသည့် လယ်ကွင်းများရှိနေသည့် နေရာဖြစ်သည်။ ၎င်းနေရာကို ဘုရင် Sri Wickrama Rajasinha က ၁၈၀၇ ခုနှစ်တွင် ကန်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ Tigolwela ၏ အလယ်တွင် Kiri-muhuda (နို့ကန်) ဟု အမည်ပေးထားသည့် ကန်တစ်ခုရှိသည့်အတွက် ဤတူးဖော်ခဲ့သည့်ကန်ကိုလည်း ထိုအမည်အတိုင်း Kiri-muhuda ဟု ခေါ်ဆိုခဲ့ကြသည်။ ကန်၏ ဗိသုကာပညာရှင်သည် Deveda Moolacharya ဖြစ်သည်ဟု ယူဆကြသည်။ ဘုရင်သည် ပထမဆုံးအနေဖြင့် လယ်ကွင်းများတစ်လျှောက်တွင် ဆည်တစ်ခုကို ဆောက်လုပ်ခဲ့သည်။ ၎င်းဆည်သည် Paththirippuwa (octagon) ဘက်မှ စတင်ကာ ဆောက်လုပ်ခဲ့သည်။ ယခုတိုင် ထိုဆည်ဆောက်လုပ်ခဲ့သည်များကို မြင်တွေ့နိုင်သေးသည်။ လျှောက်လမ်းတွင် တည်ဆောက်ထားသည့် ထိုကန်သည် ဘုရင်အား Malwatte သို့ ဖြတ်သန်းသွားလာစေနိုင်ခဲ့သည်။ D’Oyley ၏ အဆိုအရ ကန်ကို ၁၈၁၀ - ၁၈၁၂ အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည်။
 
ကန်နှင့်ပတ်သက်၍ ဒဏ္ဍာရီများနှင့် အရပ်စကားများသည် အမျိုးမျိုး ရှိကြသည်။ တစ်ခုဆိုကြပြန်သည်မှာ ကန်၏ အလယ်တွင် ရှိနေသည့် ကျွန်းငယ်တစ်ခုတွင် မင်း၏ မိဖုရားများသည် ရေချိုးကြပြီး ၎င်းနေရမှတဆင့် နန်းတော်သို့ လျှို့ဝှက်လှိုဏ်ခေါင်းဖြင့် ဆက်သွယ်ထားသည်ဟု ဆိုကြသည်။
 
==ဖော်ပြချက်==