ထျန်းအန်းမင် အရေးအခင်း (၁၉၈၉): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး add category
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁ -
[[File:Tiananmensquare.jpg|thumb|300px|ထျန်းအန်းမင်သို့ မောင်းနှင်လာသည့် တင့်ကားတန်းကို ဆန္ဒပြသူတစ်ဦးက ရှေ့မှရပ်ကာ တားဆီးနေပုံ။ ၁၉၈၉ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် အေပီ သတင်းထောက် Jeff Widener ရိုက်ကူး။]]
 
'''ထျန်းအန်းမင် အရေးအခင်း (၁၉၈၉)'''ကို အနောက်တိုင်းနိုင်ငံများတွင် '''ထျန်းအန်းမင် သတ်ဖြတ်မှု''' ('''Tiananmen Square massacre''')ဟု လူသိများပြီး တရုတ်အသိုင်းအဝိုင်းတွင် ဇွန် ၄ အရေးအခင်း (六四事件) သို့မဟုတ် ၈၉ အရေးအခင်းဟု ခေါ်ဝေါ်ကြသည်။ မြန်မာနိုင်ငံတွင် [[၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး)|ရှစ်လေးလုံး အရေးအခင်း]] ဖြစ်ပွားပြီးသည့် နောက်တစ်နှစ် ၁၉၈၉ ခုနှစ်တွင် [[တရုတ်ပြည်]] မြို့တော်[[ပေကျင်းမြို့]]မှ တက္ကသိုလ် ကျောင်းသားများ၊ ပညာတတ်များနှင့် မြို့ခံများ [[ထျန်းအန်းမင်ရင်ပြင်]]၌ စုဝေးဆန္ဒပြခဲ့သည့် အရေးအခင်း တစ်ရပ်ဖြစ်သည်။ ဆန္ဒပြလှုပ်ရှားမှုသည် ပေကျင်းမှ တရုတ်ပြည် တစ်နိုင်ငံလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပေကျင်းမြို့သို့ ရောက်ရှိလာကာ လူစုလူဝေးအား အုပ်စုခွဲကာ ဆန္ဒပြမှုကို ခြေမှုန်းခဲ့သည်။
 
 
စာကြောင်း ၇ -
ပေကျင်းမြို့ရှိ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများသည် ဟူယောက်ပန်းအတွက် ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲများ ကျင်းပရာမှ ရက်ပိုင်းအတွင်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြလှုပ်ရှားမှုကြီးအသွင် ပြောင်းလဲခဲ့သည်။ ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲ ကျင်းပသည့်နေ့တွင် ထျန်းအန်းမင် ရင်ပြင်၌ စုဝေးခဲ့သည့် လူဦးရေမှာ သိန်းနှင့်ချီရှိသည်။ ရည်မှန်းချက် တသမတ်တည်း မရှိ၊ ဦးဆောင်သူမဲ့ ဖြစ်နေသော်လည်း ဆန္ဒပြသူ လူထုကြီးက အစိုးရအတွင်း တည်ရှိနေသည့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြကာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုကြသည်။<ref>{{cite web|url=http://www.economicexpert.com/a/Tiananmen:Square:protests:of:1989.htm|title=Tiananmen Square protests of 1989|publisher=EconomicExpert.com|accessdate=2009-5-28}}</ref><ref name="nathan">{{cite web| first=Andrew J.| last=Nathan| url=http://www.foreignaffairs.org/20010101faessay4257-p0/andrew-j-nathan/the-tiananmen-papers.html| title=The Tiananmen Papers| work=[[外交 (杂志)|Foreign Affairs]]| month=1月/2月| year=2001}}</ref> ပေကျင်း ထျန်းအန်းမင်ရင်ပြင် တွင်သာမက တရုတ်ပြည် အခြားမြို့ကြီးများတွင်လည်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြ လှုပ်ရှားမှုများ ဆက်လက် ဖြစ်ပွားလာခဲ့သည်။
 
ရက်သတ္တပတ် ၇ ပတ်ကြာခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုသည် ဧပြီလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ တရုတ်အစိုးရသည် စစ်တပ်ကို အသုံးပြုကာ ဆန္ဒပြလှုပ်ရှားမှုကို ခြေမှုန်းခဲ့ရာ အသေ​ပျောက်များအသေပျောက်များ ရှိခဲ့သည်။ တရုတ် အာဏာပိုင်များ၏ တရားဝင်ထုတ်ပြန်ချက်အရ စစ်သားများ အပါအဝင် လူပေါင်း ၂၄၁ ဦးသေဆုံး၊ ၇၀၀၀ ကျော် ဒဏ်ရာရသည် ဟုဆိုသည်။<ref name="pbs">{{cite web|url=http://www.pbs.org/wgbh/pages/frontline/tankman/cron/|title=The Memory of Tiananmen 1989|publisher=[[公共电视网|PBS]]|accessdate=2009-5-28}}</ref> သို့သော် တရုတ်ကြက်ခြေနီအသင်းနှင့် ကျောင်းသား အဖွဲ့အစည်းများက လူပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။<ref name="pbs" />
 
ထျန်းအန်းမင်ရင်ပြင်မှ လူထုအား အုပ်စုခွဲပြီးနောက်တွင် တရုတ်အစိုးရသည် နှိပ်ကွပ်မှု တသီတတန်းကြီးကို စတင်တော့သည်။ အရေးအခင်းတွင် ပါဝင်ပတ်သက်သူများအား ဖန်းဆီးခြင်း၊ အခြားဒေသမှ ဆန္ဒပြမှုများကိုလည်း အလားတူ လူစုခွဲခြေမှုန်းခြင်း၊​လူစုခွဲခြေမှုန်းခြင်း၊ နိုင်ငံခြားသား သတင်းထောက်များအား ကန့်သတ်ခြင်း၊ ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်ကို ထိန်းချုပ်ခြင်းများ ရှိလာသည်။ ဆန္ဒပြမှုဖြစ်ပွားစဉ် လူထုအကြားသွားရောက်ကာ လူထု၏ ခံစားချက်ကို စာနာနားလည်နိုင်ကြောင်း၊ ထောက်ခံကြောင်း လူသိရှင်ကြား ဖော်ပြခဲ့သူများအား ဝေဖန်မှုများရှိလာသည်။ [[ကျောက်ကျီယံ]] (趙紫陽) အပါအဝင် ထိပ်တန်း အရာရှိများ နေအိမ် အကျယ်ချုပ် ချခံရသည်။ တရုတ်အစိုးရ၏ ဤကဲ့သို့သော အပြုအမူများအား ကမ္ဘာတဝှမ်းမှ ပြစ်တင်ရှုံ့ချခဲ့သည်။<ref name="nathan">{{cite web| first=Andrew J.| last=Nathan| url=http://www.foreignaffairs.org/20010101faessay4257-p0/andrew-j-nathan/the-tiananmen-papers.html| title=The Tiananmen Papers| work=[[Foreign Affairs]]| month=January/February| year=2001}}</ref>
 
== ကိုးကား ==