ကန္ဒီကန်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၅ -
 
===Diyathilaka Mandapaya===
ဘုရင် Sri Wickrama Rajasinghe သည် ကန်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားလာနိုင်ရန် ဆည်တစ်ခုကို တည်ဆောက်ခဲ့သည်။ မင်းကြီးသည် နန်းတော်အစွန်းနှင့် Malwatte ဝိဟာရ အစွန်းမှ မြေများကို ဖယ်ရှားကာ ကျွန်းတစ်ခုအဖြစ် စုပုံထားရှိခဲ့သည်။ အစပထမတွင် ဤကျွန်းကို မိဖုရားနှင့် မိန်းမပျိုများ နားနေနိုင်ရန် တော်ဝင်နွေရာသီအိမ်အဖြစ် အသုံးပြုခဲ့သည်။
 
===ဝါလာကုလာဘမ်းမ (Walakula Bamma)===
ကန်ကို ဝန်းရံထားသည့် နံရံကို "ဝါလာကုလာဘမ်းမ" ({{lang-si|වළාකුළු බැම්ම}}) ဟု ခေါ်သည်။ တိမ်နံရံဟု အဓိပ္ပါယ်ရသည်။ ဤနံရံကို ကန်၏ လှပတင့်တယ်မှု တိုးမြင့်လာစေရန် ဆောက်လုပ်ခဲ့သည်။ ကန်၏ တစ်ဝက်အထိ တိုးမြှင့်ကာ လုပ်ဆောင်ခဲ့ပြီး ဗိသုကာကျွမ်းကျင်သူတစ်ဦးကို လုပ်ဆောင်စေခဲ့သည်။ ဗြိတိသျှတို့က မြို့ကို မသိမ်းပိုက်မီ ကန်၏ နံရံကို ပြီးဆုံးအောင် ဘုရင် Sri Wickrama Rajasinghe သည် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ သူသည် ကန္ဒီဘုရင့်နိုင်ငံကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဤနံရံသည်လည်း မပြီးစီးသည့်အတိုင်း တည်ရှိလျက်ရှိသည်။ နံရံရှိ တြိဂံပုံစံ အပေါက်များသည် ရှေးအခါက ပွဲတော်များတွင် ဆီမီးအိမ်များ ထွန်းညှိရန် ထားရှိနိုင်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။