မုတ္တမစဉ့်အိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[ဖိုင်:Museo Naval Madrid Tinaja Martaban 019 Lou.JPG|thumb|မုတ္တမစဉ့်အိုး (စပိန်နိုင်ငံ [[မဒရစ်မြို့|မဒရစ်]]ရေကြောင်းပြတိုက်)]]
[[မုတ္တမမြို့|မုတ္တမ]]မြို့သည်သည် ရှေးအခါက အလွန်ထင်ရှားကျော်စောခဲ့သော မွန်တို့၏ [[မဂဒူး မင်းဆက်|မဂဒူးမင်းဆက်]] (ခ)ဝါရီရူမင်းဆက်ခေါ်ဝါရီရူးမင်းဆက်ခေါ် မုတ္တမမြို့ဟံသာဝတီပဲခူးမင်းဆက်ကို မုတ္တမမြို့မှ စတင်တည်ထောင်သူ [[ဝါရီရူးမင်း]] ခေါ် ဗညားဝါရူးမင်း(ကောဇာသက္ကရာဇ်ခရစ်နှစ် ၁၂၅၃-၁၃၀၇)(မြန်မာသက္ကရာဇ် ၆၁၄ - ၆၆၈) အုပ်စိုးခဲ့သော မင်းနေပြည်တော် ဖြစ်ခဲ့လေသည်။ မုတ္တမမြို့သည် ကိုရီးယား၊ တရုတ်၊ အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်၊ သီဟိုဠ်ကျွန်း၊ [[အာရေဗျကျွန်းဆွယ်]]၊ အာဖရိကနှင့် [[အီဂျစ်နိုင်ငံ]]တို့ကို ဆက်သွယ်ပေးသည့် သမိုင်းဝင် ရေကြောင်းပိုးလမ်းမတွင် အဓိကကုန်သွယ်ဆိပ်ကမ်းဒေသဖြစ်သည့်အားလျော်စွာ ပင်လယ်ကူးရွက်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့လည်းဖြစ်ခဲ့သည်။ ဒါကြောင့် အနောက်နိုင်ငံသားတို့ ရောင်းဝယ်ဖောက်ကား ကျက်စားရာလည်း ဖြစ်ခဲ့ပေသည်။
 
အိုးများကို ဤမုတ္တမဆိပ်ကမ်းမြို့မှ တင်ပို့ရောင်းချခဲ့ရာမှ မုတ္တမအိုးဟူသော အမည်ကို ခရစ်နှစ် ၁၃၀၀နှစ်များကာလမှ စတင်ကာရရှိခဲ့သည်။ မုတ္တမစဉ့်အိုးများ၏အရောင်မှာ အများအားဖြင့် သံလွင်စိမ်းရောင် (သို့) ရွှေညိုရောင် (သို့) အညိုရောင် (သို့) အမည်းရောင်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများအပြားသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ မုတ္တမစဉ့်အိုးကို စားသောက်ကုန်များ (ဆန်၊ ဝိုင်၊ သကြားလုံး၊ သစ်သီးများနှင့် ဟင်းခတ်အမွှေးအကြိုင်များ) နှင့် အဖိုးတန်ကုန်သွယ် ရေးပစ္စည်းများ (ဘိန်းနှင့် ဆီကဲ့သို့)ကို ပင်လယ်ကူးသင်္ဘောများဖြင့် သယ်ယူရာ တွင် အဓိကအသုံးပြုခဲ့ကြသည်။ ၎င်းတို့သည် ဥရောပကုန်သည်များ နှစ်သက်သော Kraak နှင့် Swatow ကြွေထည်များထက်ပင် ဒေသခံတို့ကိုယ်တိုင် ရောင်းဝယ်ဖောက်ကားသည့် ကုန်ပစ္စည်းများအဖြစ် တန်ဖိုးကြီးလာကြသည်။ မုတ္တမစဉ့်အိုးများ (နှင့် ၎င်းတို့၏ ပါဝင်ပစ္စည်းများ) ကို အစေး၊ သွားဖုံး၊ ငှက်သိုက်၊ ထရီပန် (ပင်လယ်သခွားသီး) နှင့် ပုလဲများကဲ့သို့သော အရှေ့တောင်အာရှမှ ဇိမ်ခံပစ္စည်းများနှင့် လဲလှယ် ရောင်းဝယ်ခဲ့ကြသည်။ တန်ဖိုးမြင့်မားမှုကြောင့် မုတ္တမစဉ့်အိုးကို သာမာန် အိုးများနှင့် မတူဘဲ Austronesianလူမျိုးများက နေ့စဉ် အသုံးမပြုကြပေ။<ref>Césard, Nicolas (2013). Heirlooms and marriage payments". Indonesia and the Malay World. 42 (122): 62–87. https://doi.org/10.1080/13639811.2013.860261</ref>