ကြိယာဝိသေသန: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ==ကြိယာဝိသေသန== ကြိယာဝိသေသနသည် ဝါကျ၏ အင်္ဂါတစ်ခု ဖြစ်သည်။ ...
 
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
==ကြိယာဝိသေသန==
ကြိယာဝိသေသနသည် ဝါကျ၏ အင်္ဂါတစ်ခု ဖြစ်သည်။ ယင်းသည် ကြိယာ၏အဓိပ္ပာယ်ကို ပိုမို ထင်ရှားစေသည်။ တိကျလေးနက်စေသည်။ နာမ်ကို နာမဝိသေသနက အထူးပြုကူညီသကဲ့သို့ ကြိယာကို ကြိယာ ဝိသေသနက အထူးပြု ကူညီလေသည်။
::* ဥပမာ။ ။ 'လမ်းလျှောက်သည်'ဟု ဆိုရာတွင်၊ ကြားရသူ၏စိတ်၌ သာမန်လမ်းလျှောက်နေပုံသာလျှင် ပေါ်ထင်လာပေမည်။
 
အကယ်၍ 'လျင်မြန်စွာ လမ်းလျောက်သည်'ဟု ဆိုလျှင် ကြိယာ၏အဓိပ္ပာယ်သည် ပိုမိုတိကျ လေးနက်လာလေသည်။ ဤဝါကျ၌ ကြိယာကို အထူးပြုသည့် 'လျင်မြန်စွာ' ဟူသောပုဒ်သည် ကြိယာဝိသေသန ဖြစ်သည်။ ကြိယာတစ်ခု၌ 'စွာ'ဟူသော စာလုံးကို ဖြည့်စွက်လိုက်ခြင်းဖြင့်
::* ဥပမာ။ ။ 'ကောင်းမွန်စွာ' 'လှပစွာ' 'သေသပ်စွာ' 'အေးချမ်းစွာ' စသည်တို့ ဖြစ်ကြသည်။
 
ကြိယာ ဝိသေသနသည်၊ တစ်ခါတစ်ရံ နာမဝိသေသနကို အထူးပြုသည်ကို တွေ့ရသည်။
::* ဥပမာ။ ။ 'အလွန်ကောင်းသော စာအုပ်' ဤဝါကျ၌ 'စာအုပ်'ဟူသောနာမ်ကို 'ကောင်းသော'ဟူသော နာမဝိသေသနက အထူးပြုထားသည်။
တစ်ဖန် 'ကောင်းသော' ဟူသော နာမဝိသေသနကိုပင် 'အလွန်'ဟူသော ကြိယာဝိသေသနက အထူးပြုလေသည်။
 
ကြိယာဝိသေသနများကို အချိန်၊ နေရာ၊ ပြုမူပုံ၊ အရေအတွက်တို့ကို ဖော်ပြသည့် စကားရပ်များ အဖြစ်ဖြင့်လည်း အသုံးပြုတတ်ကြသည်။
 
::* ဥပမာ။ ။ 'ဈေးသို့ မနေ့က ရောက်ခဲ့ပြီ'ဟူသော ဝါကျ၌ 'ရောက်ခဲ့ပြီ'ဟူသော ကြိယာပုဒ်ကို ပိုမိုထင်ရှားအောင်၊ အချိန်ပြသည့် 'မနေ့က'ဟူသော ကြိယာဝိသေသနကို ပေါင်းထည့်လိုက်၏။ ဤနည်းနှင်နှင် နေရာကိုပြလိုသောအခါ 'အနီးတွင် ရပ်နေသည်'၊ 'အောက်၌ တည်ရှိသည်'၊ 'အတွင်းသို့ ဝင်သွားပါ' ဟူသော ဝါကျများတွင် ပါရှိသည့်၊ 'အနီးတွင်'၊ 'အောက်၌'၊ 'အတွင်းသို့'ကဲ့သို့သော စကားများကို အသုံးပြု
နိုင်သည်။
:::(က) 'ကျယ်လောင်စွာ မြည်ဟည်းသောအသံ'
:::(ခ) 'တစ်ယောက်စီ တစ်ယောက်စီ စမ်းသပ်သည်' <br />
ဟူသော ဝါကျ ၂ ခု၌ 'ကျယ်လောင်စွာ'နှင့် 'တစ်ယောက်စီ တစ်ယောက်စီ'ဟူသောစကားတို့သည် ပြုမူပုံကို ထင်ရှားစေသော ကြိယာဝိသေသနများ ဖြစ်ကြသည်။
 
စာကြောင်း ၂၈ -
နာမဝိသေသနမှာကဲ့သို့ပင် ကြိယာဝိသေသနမှာလည်း
နှိုင်းယှဉ်ချက်များ ရှိကြ၏။
::* ဥပမာ။ 'သာ၍ ကြည်လင်စွာ မြည်တွန်သည်'၊ 'အမြန်ဆုံးပြေးနိုင်သည်'၊ 'အစောဆုံးအိပ်ရာမှထသည်'၊ 'သာ၍နက်အောင်တူးသည်' စသည်တို့ ဖြစ်၏။
 
ဤအလတ်စား၊ အမြတ်စား နှိုင်းယှဉ်ချက်များကို ဝါကျတွင် ကြိယာဝိသေသနအဖြစ် သုံးနိုင်သည်။
<ref>မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)</ref>
== ကိုးကား ==
<references/>
 
[[Category:သဒ္ဒါ]]