ဦးခန္တီ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃ -
ဗုဒ္ဓဘာသာ သာသနာရေးနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အအုံ များကို မြန်မာပြည် အနှံ့ အများအပြား ပြုပြင် မွမ်းမံ တည်ဆောက် ခဲ့သော ရသေ့ကြီး ဦးခန္တီကား မြန်မာ သက္ကရာဇ် ၁၂၂၉ ခု၊ ဝါခေါင် လပြည့်ကျော် ၅ ရက်၊ တနင်္လာနေ့တွင် ရမည်းသင်း အနောက်တောင် ရွာသာရွာဂုံး၌ ဖွားမြင်၏။ အဘကား ဦးရွှေလှ၊ အမိကား ဒေါ်ခိုဥတို့ ဖြစ်၏။ (အချို့ကား အမိ၏ အမည်ကို ဒေါ်ကန်ဟု အမှတ်အသား ပြု၏။)
 
== ငယ်ဘဝ ==
ဦးခန္တီ၏ ငယ်နာမည်မှာ မောင်းဖိုးမောင် ဖြစ်သည်။ ၁၂၄၉ ခုနှစ်တွင် ရဟန်း အဖြစ်သို့ ရောက်သည်။ ရဟန်း ဘွဲ့တော်မှာ ဦးခန္တီဖြစ်၏။ ရဟန်းဝါ ၁၂ ဝါတိုင်တိုင် စာပေ ကျမ်းဂန် များကို သင်ကြား တတ်မြောက် ခဲ့ပြီးနောက်၊ ၁၂၆၁ ခုနှစ်တွင် ရသေ့ အသွင်သို့ ကူးပြောင်း သွားသည်။ ရသေ့ အသွင်ဖြင့် ငါးပါး၊ ရှစ်ပါး၊ ကိုပါး၊ ဆယ်ပါး၊ စသော ဥပုသ် သီလများကို စောင့်ထိန်းရင်း မန္တလေးမြို့ သာခိုတောင်၊ ရွှေမြင်တင် တောင်များ၌ ကမ္မဋ္ဌာန်း အားထုတ် နေသည်။
 
== သာသနာပြု လုပ်ငန်းများ ==
ရသေ့ ဦးခန္တီအား တောင်ခွင် သာသနာပိုင် ဆရာတော်ကြီးက 'သာသနာ့ ဟိတ ဓဇ နာယက' ဟူသော ဘွဲ့တံဆိပ်ဖြင့် ချီးမြှင့်ခဲ့သည်။ ယင်းသို့ ချီးမြှင့်သည်နှင့် လျော်စွာ ဦးခန္တီသည် ရွှေမြင်တင်တောင် အဝန်း၌ စေတီ ၄၉ ဆူ၊ ကျောင်းပေါင်း ၃၄ ကျောင်း၊ တန်ဆောင်ပေါင်း ၁၆၊ ရုပ်ပွားတော်ကြီး ၁၅ ဆူ တို့နှင့် အခြား အဆောက်အအုံ များကို ၈ နှစ် ကာလ အတွင်း တည်ဆောက် ခဲ့သည်။ တောင်ပခြုပ် ၌လည်း ချမ်းသာရ စေတီ၊ ဆုတောင်းပြည့် စေတီ၊ ကျိုက်ထီးရိုး စေတီ၊ ကျောက်ဆင် စေတီ တို့ကို တည်ထား ပြုစုခဲ့သည်။ ၁၂၆၂ ခုနှစ်၌ ပျဉ်းမနား ဆင်ပြုတောင်သို့ ကြွရောက်၍ လည်းကောင်း၊ ထိုမှ လယ်ဝေးသို့ ကြွရောက်၍ လည်းကောင်း၊ ဘုရား ပုထိုး အဆောက်အအုံ စသည် များစွာ တို့ကို တည်ဆောက် ခဲ့သည်။
 
စာကြောင်း ၂၆ -
ဦးခန္တီသည် အရပ်အမောင်း ၆ ပေကျော် ရှိသည်။ သေးသွယ်သော မျက်နှာ၊ ဖြောင့်စင်းသော နှာတံ၊ ကျယ်ပြန့်သော နဖူး၊ ရှည်၍ ကားသော နားရွက်၊ ချွန်သော ဦးခေါင်းနှင့် သွယ်ပျောင်းသော လက်တံ ခြေတံများ ရှိသည်။ တည်ငြိမ်သော အသွင်၊ အေးမြသော အမှုအရာများ ရှိသည်။ စကား ပြောရာတွင် ဖြည်းဖြည်းနှင့် အေးဆေးစွာ တလုံးချင်း ပြောလေ့ ရှိသည်။
 
== ဘဝနိဂုံး ==
ဒုတိယ ကမ္ဘာစစ်ကြီး အပြီး၌ ရသေ့ကြီး ဦးခန္တီသည် စစ်ဒဏ်ကြောင့် မိမိ ကောင်းမှုများ ပျက်စီး သည်ကို အသစ် ပြန်လည် ပြင်ဆင် မွမ်းမံ ခဲ့သည်။ ဤသို့ ပြင်ဆင် မွမ်းမံရင်းပင် အဆောက်အအုံ အသစ်များ ကိုလည်း ထပ်မံ တည်ဆောက်ရန် စီမံ စိုင်းပြင်းခဲ့သည်။ ယင်းသို့ စီမံ ဆဲ၌ပင် ၁၃၀၇ ခုနှစ် လောက်က စွဲကပ်သော လေငန်း ရောဂါ ဝေဒနာကြောင့် ကိုယ်တခြမ်း အနည်းငယ် သေနေရာမှ ၁၃၁ဝ ပြည့်နှစ် ပြာသို လပြည့်ကျော် ၁၄ ရက် ည အသက် ၈၁ နှစ် အရွယ်တွင် ဥတုဇရုပ် ကလာပ် ချုပ်ငြိမ်းခြင်းသို့ ရောက်သည်။ ရသေ့ကြီး၏ ရုပ်ကလာပ်ကို ၂ နှစ်တိုင်တိုင် ပူဇော် ကန်တော့ ကြ၍ နိုင်ငံတော် အစိုးရက ထောက်ပံ့ အလှူတော်ငွေ ၅၀၀ဝ ကျပ် အရပ်ရပ် ဈာပန အလှူတော် ရန်ပုံငွေများ စုပေါင်းလျက် ၁၃၁၂ ခုနှစ်၊ တပို့တွဲ လဆန်း ၈ ရက်နေ့မှ တပို့တွဲ လပြည့်နေ့ အထိ ခမ်းနား သိုက်မြိုက်စွာ သင်္ဂြိုဟ်ခြင်း ပြုခဲ့ကြ၏။ <ref>၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချီရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩ ပြုစုတဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ'</ref>--[[User:Mayor mt|Mayor mt]] 06:08, 22 မတ် 2010 (UTC)
 
 
== ကိုးကား ==
<references/>
 
[[Category:အတ္ထုပ္ပတ္တိ]]