လှိုင်မြို့နယ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ |
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ |
||
စာကြောင်း ၁၃၃ -
လှိုင်မြို့နယ်သည် ရန်ကုန်တိုင်း အတွင်းရှိသည်။
==သမိုင်း==
လှိုင်မြစ်၏ မြစ်ဖျားပိုင်း အရှေ့ဘက် ကမ်းဘေးတွင် လှိုင်မြစ်ကိုအစွဲပြု၍ ခေါ်သော လှိုင်မြို့လေးတည် ရှိပါသည်။ယင်းမြို့လေးကား ရှေးခေတ်အခါက မြို့ရိုး၊ ကျုံးနှင့်တကွ အခိုင်အမာ တည်ရှိခဲ့ဖူးသည်။ ဟံသာ၀တီမြို့ကောင်းစားစဉ် အခါက ဟံသာ၀တီ (၃၂) မြို့အဝင် ခံတပ်မြို့ တစ် မြိုံ့ လဲ ဖြစ်ဖူးသည်။ အင်း၀ ၊ ဟံသာ၀တီ နှစ် (၄၀) စစ်ပွဲအတွင်းက မြန်မာဘုရင်နှင့် မွန်ဘုရင်တို့၏ လက်အောက်ခံမြို့ အဖြစ်တည်ရှိဖူး၏။ ကုန်းဘောင်ခေတ်ဦးကာလသို့ ရာက်သောအခါ လှိုင်မြို့က မြန်မာဘုရင်လက်အောက်ခံဖြစ်လာသည်။<br>
အလောင်းမင်းတရား သည် ဟံသာ၀တီ
သာယာ၀တီမင်း (၁၈၃၇-၄၆) လက်ထက်တွင် အနောက်နန်းမတော် မိဖုရား မမြလေးမှ ဖွားမြင်သော သမီးမဘွားကို လှိုင်မြို့စား အရာ ပေးအပ်ချီးမြင့်လိုက်သော အခါလှိုင်မြို့က သမိုင်းတွင်ထင်ရှားအရေးပါလာပြန်သည်။ နောင်တွင်ဘုရင့်သမီးတော် မဘွားသည်လည်း လှိုင်ထိပ်ခေါင်တင် မင်းသမီးအဖြစ် ထင်ရှားလာခဲ့သည်။ သို့သော်လည်း လှိုင်မြို့နယ် ကျော်ကြား မှုက ကြာရှည်သည် မဟုတ် ပါ။ အနောက်နန်းမတော် မမြလေး ရာဇဝတ် သင့်ချိန်တွင် သမီးတော် လှိုင်ထိပ် ခေါင် တင် ရရှိခဲ့သည့် လှိုင်မြို့ ကို ပြန်လည်ရုတ် သိမ်းခံရသည်။ ပုဂံမင်းလက် ထက် တွင် သာယာ၀တီ မင်း၏သားတော်တစ်ပါး ဖြစ် သော မင်းသား မောင်ထောင်း အား လှိုင်မြို့ကို ပေးအပ်ပြန်၏။ မောင်ထောင်း သည် လည်းသက်ဆိုးရှည် သူ မဟုတ်ဘြ ပုဂံမင်း ကို နန်းချသည့်တိုက်ပွဲတွင် ကျဆုံသွားပါသည်။<br>
အဂၤလိပ်-မြန်မာ ဒုတိယ စစ်ပွဲအပြီး ၁၈၃၅ ခုနှစ်မှစ၍ လှိုင်မြို့ အဂၤလိပ် လက်အောက် သို့ကျရောက်သွားခဲ့သည်။ ခရစ်နှစ် ၁၈၆၁ ခုနှစ်တွင်ခုနှစ်တွင် လှိုင်မြို့က ကျေးရွာ အဆင့်သို့ ရောက် ရှိနေပြီ ဖြစ်သည်။ ခုထက်တိုင် ရန်ကုန်တိုင်းတိုက် ကြီး မြို့နယ် အတွင်းမှ ရွာလေးတစ်ရွာအဖြစ်တွေ့နေရဆဲဖြစ်သည်။ သို့သော် ယခင်က စည်ပင်ခဲ့သော လှိုင်မြို့ကို အခြေပြုလျက် ပေါ်ပေါက်လာ သော ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ မူ တစ်နေ့တစ်ခြား တိုးတက် ထွန်းကားလျက်ရှိပေပြီ။<br>
|