တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၀၉ -
== စစ်အောင်ခန်း- ခံတပ် တိုက်ပွဲ ==
 
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါဂတ် ခေါင်းဆောင်သော တပ်သား ၉၄၆၇ ဦးခန့် ရှိသည့် ဗြိတိသျှ ရေတပ်-ကြည်းတပ်များသည် အထက်မြန်မာနိုင်ငံ၏ နယ်စပ်ဖြစ်သော နယ်ခြားကျောက်တိုင် ကို ဖြတ်ကျော် ချီတက်လာသည်။ ၎င်းနောက် စစ်အောင်ခန်း ခံကတုတ်ကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ မြန်မာ့တပ်မတော်မှ မင်းထင်ရာဇာတပ်များနှင့် မြေထဲမြို့ဝန် မဟာမင်းလှမင်းခေါင်တပ်များက စိန်ပြောင်းတို့ဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သည်။[[File:The baw.jpg|thumb|150px300px|left|alt=မြန်မာ့ရေတပ်မှ သင်္ဘောတစ်စင်း|သီပေါမင်း၏ မီးသင်္ဘော]]
အီတလီလူမျိုး ကွန်မွန်တို ဦးစီးသော မြန်မာတပ်ဖွဲ့က အင်္ဂလိပ်သင်္ဘောများအား မချီတက်နိုင်ရန်၊ ရေတိမ်ရာ နေရာများတွင် ငြောင့်များ ထောင်ထားကြသည်။ ကွန်မွန်တို ဦးစီသော တုလွတ်ယာဉ်ကျော် သင်္ဘောသည် အင်္ဂလိပ်တို့ အဖမ်းခံရသည်။ ကွန်မွန်တိုနှင့် မြန်မာ့ တပ်မတော်သားများကား လွတ်မြောက်သွားသည်။
 
== ထူးပေါက်-ခံတပ် တိုက်ပွဲ ==
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဧရာဝတီမြစ်ဝဲယာရှိ ဆင်ပေါင်ဝဲနှင့် ညောင်ပင်မှော်ခံတပ်များကို ဖြတ်ကျော်ချီတက်သည်။ ထိုသို့တိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ထူးပေါက်ကတုတ်၊ မင်းလှခံတပ်နှင့် ဂွေးချောင်းခံတပ်တိုကို သိမ်းယူရန်ဖြစ်သည်။ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဇောင်ခြမ်းရွာရောက်ပြီး အင်္ဂလိပ်တပ်များသည် သင်္ဘောပေါ်မှ ကမ်းသို့ တက်သည်။ ၁၁ နာရီ ၁၅ မိနစ်တွင် ထူးပေါက်ခံကတုတ်သို့ ရောက်သည်။ တိုက်ပွဲဖြစ်ပွားကြသည်။ မြန်မာတို့က ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်ကြပြန်သည်။ ၃ နာရီခန့် ခုခံပြီးနောက် အင်အားခြင်းမမျှသဖြင့် ပန်းတော်ပြင် ကတုတ်သို့ ဆုတ်ကာ မင်းရဲညွန့်တပ်နှင့် ပေါင်းရသည်။ အင်္ဂလိပ်တို့က ထူးပေါက်ခံကတုတ်ကို သိမ်းယူကာ မီးရှို့ဖျက်ဆီး ပစ်ရုံသာမက၊ မြန်မာတို့၏ ကြေးနန်းရုံကိုပါ သိမ်းပိုက်လိုက်သည်။