ငှက်ဖျားရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: ln:Malariyá
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[imageFile:Plasmodium.jpg|right|thumb|]]
 
ငှက်ဖျားရောဂါသည် [[ခြင်]]မှရသော ကူးစက်ရောဂါဖြစ်ပြီး ပလပ်စမိုးဒီးယမ်မျိုးစု ၏ ယူကရော့တစ် ၊ ပရိုတစ်ကြောင့် ရောဂါဖြစ်ရသည်။ အမေရိကတိုက်၏ နိုင်ငံအချို့ (22)နိုင်ငံ ၊ [[အာရှတိုက်]]နှင့် [[အာဖရိက]] တိုက်တို့ပါဝင်သည့် အပူပိုင်းနှင့် အနွေးပိုင်းဒေသများတွင် ငှက်ဖျားရောဂါပြန့်ပွားလျက်ရှိသည်။ နှစ်စဉ် နှစ်တိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှုသည် 350–500 သန်းနီးပါးမျှရှိပြီး ရောဂါကြောင့် သေဆုံးသူဦးရေမှာတစ်သန်းမှ သုံး သန်းကြားတွင်ရှိသည်။ သေဆုံးသူအများစုမှာ အာဖရိကတိုက် ဆာဟာရဒေသငယ် အတွင်းမှ ကလေးငယ်များဖြစ်သည်။ အာဖရိကတိုက် ဆာဟာရဒေသငယ်တွင် ငှက်ဖျားရောဂါကြောင့် သေဆုံးသူ ကိုးဆယ်ရာခိုင်နှုန်းရှိသည်။ ငှက်ဖျားရောဂါသည် သာမန်အားဖြင့် ဆင်းရဲခြင်းနှင့် ဆက်နွယ်လျက်ရှိပါသည်။ သို့သော်ဆင်းရဲခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အဟန့်အတား တို့ကြောင့်လည်း ရောဂါ ဖြစ်ပွားသည်။
 
== ဖြစ်ပွားစေနိုင်သောအကြောင်းအရင်းများ ==
ပလပ်စမိုးဒီးယမ်ကပ်ပါးပိုး မျိုးစိတ်ငါးခုကြောင့် လူတွင် ငှက်ဖျားရောဂါဖြစ်ရသည်။ အပြင်းထန်ဆုံး ငှက်ဖျားရောဂါသည် ပလပ်စမိုးဒီးယမ်ဖယ်စီပါရမ် ကြောင့်ဖြစ်ပွားသည်။
ပလပ်စမိုးဒီးယမ်ဗိုင်းဗက် ၊ ပလပ်စမိုးဒီး ယမ်အိုဗေး နှင့် ပလပ်စမိုးဒီးယမ်မလေးရီးယား တို့သည် လူ တွင် ငှက်ဖျားရောဂါအပျော့စား ဖြစ်စေနိုင်သော်လည်းလူကို သေစေလောက်သည်အထိ မဖြစ်နိုင်ပါ။ ငါးခုမြောက်မျိုးစိတ် ဖြစ်သည့် ပလပ်စမိုးဒီးယမ်နိုလက်ဆီသည် [[တိရစ္ဆာန်|တိရ စ္ဆာန်]]မှ လူသို့ကူးစက်သည့် မျိုးစိတ်ဖြစ်ရာ မျောက်များတွင် ငှက်ဖျားရောဂါဖြစ်စေပြီး လူသို့ပါရောဂါကူးစက်နိုင်သည်။
ငှက်ဖျားရောဂါသည် သဘာဝအားဖြင့် အနိုဖီလီးခြင်မ ကိုက်၍ ရောဂါရရှိခြင်းဖြစ်သည်။ ငှက်ဖျား ရောဂါရှိသူကို ခြင်ကိုက်သည့်အခါ ခြင်စုပ်ယူလိုက်သည့်သွေးပမာဏအနည်းငယ်တွင့် ငှက်ဖျားကပ်ပါးပိုးပါရှိသွားသည်။ ထိုရောဂါပိုးသည် ခြင်ထဲတွင် ဆက်လက်ကြီးထွားနေပြီး၊ နောက်တစ်ပတ်အကြာ သွေးဆာ၍ အခြားရောဂါမရှိ သူအားကိုက်လိုက်သည့်အခါ ခြင်၏တံတွေးမှတစ်ဆင့် ရောဂါပိုးဝင်ရောက်သွားသည်။ နှစ်ပတ်နှင့်လပေါင်း များစွာ (တစ်ခါတစ်ရံ နှစ်များစွာ) လူ၏[[အသည်း]]တွင် နေထိုင်ပြီးနောက် ငှက်ဖျားရောဂါကပ်ပါးပိုးသည် လူ ၏ သွေးနီဥများ အတွင်းတွင် စတင်၍ ကောင်ရေပွားများလာသည်။ ထိုသို့ပွားများလာခြင်းကြောင့် ဖျားနာခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်လာပါသည်။ ရောဂါပြင်းထန်သည့် အ ခါတွင် အခြေအနေဆိုးဝါးလာပြီး မေ့မြောခြင်းနှင့် သေဆုံးသည်အထိ ဖြစ်လာနိုင်သည်။
 
== ငှက်ဖျားရောဂါအတွက်ဆေးဝါးများ ==
ငှက်ဖျားရောဂါကုသရန်အတွက် ဆေးဝါးမျိုးစုံ ရရှိနိုင်ပါသည်။ လွန်ခဲ့သည့် 5 နှစ်အတွင်းက ငှက်ဖျား ရောဂါဖြစ်ပွားနေသည့် နိုင်ငံများတွင် ပလပ်စမိုးဒီယမ် ဖယ်လ်ဆီပရမ်ကြောင့်ဖြစ်ပွားသော ငှက်ဖျားရောဂါ အတွက် ကုသပုံကုသနည်း ဟြေင်းလဲကာ ၊ အာတီမစ် ဆင်နင်ပါသည့် ဆေးအတွဲများသုံးစွဲခဲ့သည်။ ပြင်းထန်သည့် ငှက်ဖျေားရောဂါကို ကွီနိုင်ဆေးအား အကြောတွင်းသို့သွင်း ခြင်း ၊ အသားဆေးထိုးခြင်း သို့မဟုတ် အာတီဆူနိတ် အုပ်စုမှ ဆင်းသက်လာသည့် အာတီမစ် ဆင်နင် ဆေးအတွဲများသုံးစွဲခြင်း များပြားလာခဲ့သည်။
 
ငှက်ဖျား ရောဂါဖြစ်ပွားနေသည့်နိုင်ငံများသို့ခရီးသွားမည့် ခရီးသည်များအတွက်လည်း ငှက်ဖျားရောဂါကာကွယ်ရန် ဆေးမျိုးစုံပေါ်ပေါက်လာခဲ့သည်။
(ရောဂါ ကြိုတင်ကာကွယ်ခြင်း)ငှက်ဖျားရောဂါကုသဆေး ကို ခုခံကာကွယ်နိုင်စွမ်း သော လူသိများသော ကလိုရိုကွင်းကဲ့သို့ ဆေးဝါးများလည်းပေါ်ပေါက်လာခဲ့သည်။
ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ဈေးသက်သာသည့်နည်းလမ်းများဖြစ်သည့် ခြင်ထောင်များဝေပေးခြင်းနှင့် ခြင်မကိုက်ဆေးများလိမ်းခြင်း စသည့်ကာကွယ်မှုများ သို့မဟုတ် ခြင်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် အိမ်အတွင်း ခြင်ဆေးဖြန်း ခြင်းနှင့် ခြင်များ ဥမချနိုင်ရန်အတွက် ရေမြောင်းများဖောက်ချပေးခြင်းတို့ဖြင့် ရောဂါပြန့်ပွားမှုကို လျော့ချ နိုင်သည်။
အများစုသည် ကြိုးစားဆောင်ရွက်နေဆဲဖြစ်သဖြင့် လုံလောက်သည့်ကာလအတွက် အမြင့်ဆုံး အတိုင်းအတာအထိ အကာအကွယ် ပေးနိုင်သော ငှက်ဖျားရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးသည် စိန်ခေါ်ချက်တစ်ခုအဖြစ် ရှိနေဦးမည်ဖြစ် သည်။
 
== ရောဂါသွင်ပြင်နှင့်လက္ခဏာများ ==
[[File:Symptoms of Malaria.svg|280px|right]]
 
စာကြောင်း ၂၅ -
ပလပ်စမိုဒီယမ်းဖယ်ဆီပေရမ် ကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါသည် 36–48 နာရီကြာတိုင်း ပြန်ဖြစ်သည်။ သို့သော် သိသာခြင်းမရှိဘဲ အမြဲတမ်းဆက်ပြီး ဖျားနေတတ်သည်။ ငှက်ဖျား ရောဂါရသည့်ကလေးသေည် မကြာခဏဆိုသလို ပုံမှန်မဟုတ်သည့် ကိုယ်နေကိုယ်ဟန်ထား ဖြစ်နေသည်မှာ ဦးနှောက်တွင် အပြင်းအထန်ထိခိုက်ခြင်း လက္ခဏာတစ်ခုဖြစ်ပြီးယင်းသည် ဦးနှောက်အာရုံကြောတွင်းတွင် ဖိအားပြင်းပြင်းခံထားရခြင်းနှင့် ဆက်ဆိုင်နေကြောင်းကိုမူ ကောင်းစွာမသိကြပါ။အထူးသဖြင့် ကလေးသူငယ်များတွင် ငှက်ဖျားရောဂါသည် အသိဉာဏ်ထိခိုက်မှုများ ဖြစ်စေသည်ကို တွေ့ရှိရသည်။ ၄င်းသည် ဦးနှောက်လျင်မြန်စွာ ဖွံ့ဖြိုးလာချိန်တွင်သွေးအားနည်းခြင်း ပြန့်နှံ့လာပြီး ဦးနှာက်အား တိုက်ရိုက် ထိခိုက်စေပါသည်။ ဦးနှောက်သို့ ငှက်ဖျားရောဂါပိုး ဝင်ရောက်သည့်အတွက် ဖြစ်ပေါ်လာသည့် အာရုံ ကြောပျက်စီးမှုသည် က လေးသူငယ်များတွင် ပို၍ စိုးရိမ်ရပါသည်။ ဦးနှောက်ငှက်ဖျားရောဂါသည် မျက်ကြည်လွှာဖြူဖွေးနေခြင်း နှင့်ဆက်နွယ်နေပြီး ယင်းသည် အခြားသော ဖျားနာခြင်းများနှင့်ထင်ရှားစွာ ခွဲခြားနိုင်သည်။
 
== ရောဂါလက္ခဏာများ ==
ပြင်းထန်သည့်ငှက်ဖျားရောဂါသည် ပလပ်စမိုဒီယမ်းီဖယ်ဆီပေရမ်ရောဂါပိုးကြောင့် ဖြစ်ရပြီး၊ ပုံမှန်အားဖြင့် ရောဂါ ပိုးဝင်ရောက်ပြီး 6–14 ရက်ကြာမှ ရောဂါလက္ခဏာဖြစ်ပေါ်လာသည်။ အကယ်၍ ဆေးမကုသဘဲထားခဲ့လျှင် ဆိုးဝါးပြင်းထန်သော ငှက်ဖျားရောဂါ နောက် ဆက်တွဲအနေဖြင့် မေ့မျောခြင်းနှင့် သေဆုံးသည်အထိဖြစ်လာနိုင်သည်။ အထူးသဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ပိုမိုစိုးရိမ်ရပါ်သည်။ ငှက်ဖျားရောဂါကြောင့် သရက်ရွက်ကြီး ခြင်း ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း ၊ ဦးနှောက်သို့ သွေးမရောက်ခြင်း ၊ အသည်းကြီးခြင်း ၊ သွေး တွင်းအချို ဓာတ်နည်းခြင်းနှင့် ကျောက်ကပ်ပျက်စီးပြီး ဟေမိုဂလိုဘင်များဆီးနှင့်အတူ စွန့်ပစ်ခြင်းတို့ဖြစ် လာသည်။ ကျောက်ကပ်ပျက်စီးသည့်အခါ ဆီးအမည်းရောင်သွားသော ဖျားနာခြင်းဖြစ်လာပြီး သွေးနီဥများ ပြိုကွဲ၍ ထွက် ပေါ်လာသည် ဟေမိုဂလိုဘင်များသည် ဆီးအတွင်းသို့ ယိုစိမ့်ဝင်သွားသည်။ အပြင်းစား ငှက်ဖျားရောဂါ သည် လျင်မြန်စွာ ဖြစ်လာပြီး နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း သေဆုံးသည် အထိ ဖြစ်သည်။အလွန့်အလွန် ဆိုးဝါးပြင်းထန်သည့်အခါတွင် ကြပ်ကြပ်မတ်မတ် စောင့်ရှောက် ကုသနေသော်လည်း သေပျောက်မှုနှုန်းသည် ၂၀%ထက် ကျော်လွန်လာသည်ကို တွေ့ရသည်။ရောဂါ ကူးဆက်ဖြစ်ပွားနေ သည့်နေရာများတွင် ကုသရေးသည် ရံဖန်ရံခါ စိတ်ကျေနပ်ဖွယ်ရာဖြစ်မလာဘဲ ငှက်ဖျားရောဂါအမျိုးမျိုးတို့ ကြောင့် အားလုံးစုံသေပျောက်မှုနှုန်းသည် ဆယ်ယောက်တွင် တစ်ယောက်နှုန်းအထိ မြင့်တက်လာသည်။ရေရှည်ကြာမြင့်လာသည့်အခါ အပြင်းစားငှက်ဖျားရောဂါခံစားရသည့် ကလေး သူငယ်များတွင် ဖွံ့ဖြိုး တိုးတက်မှု အဟန့်အတားများဖြစ်ပေါ် လာသည်ကို တွေ့ရှိရသည်။
 
== ရောဂါပျိုးချိန် ==
နာတာရှည်ငှက်ဖျားရောဂါကို ပလပ်စမိုဒီယမ်းဗိုင်းဗက်နှင့် ပလပ်စမိုဒီယမ်းအိုဗေး နှစ်မျိုးစလုံးတွင် တွေ့ရှိရပြီး ပလပ်စမိုဒီယမ်းဖယ်ဆီ ပေရမ် တွင် မတွေ့ရပါ။ ဤနေရာတွင် အသည်းထဲ၌ ပုန်းအောင်း နေသည့် ရောဂါပိုးကြောင့် ရောဂါပိုးနှင့် ထိတွေ့ပြီး လပေါင်း နှစ်ပေါင်း များစွာကြာမှ ငှက်ဖျားရောဂါ ပြန်ထလာနိုင်သည်ကို တွေ့ရသည်။ သွေးထဲတွင် ငှက်ဖျား ရောဂါပိုးကိုမတွေ့ရဘဲ ငှက်ဖျားဟုဖော်ပြပြီး ကုသခြင်းသည် လှည့်စားခြင်း တစ်မျိုးဖြစ်နိုင် သည်။ ပလပ်စမိုဒီယမ်းဖယ်ဆီပေရမ် ပိုးသည် ငှက်ဖျားဖြစ်စေရန်ရောဂါပျိုးချိန် နှစ်ပေါင်း 30 ကြာ တတ်သည်ကို တွေ့ရှိ တင်ပြထားသည်။ ခန့်မှန်းခြေအားဖြင့် သမပိုင်းဒေသတွင် ပလပ်စမိုဒီယမ်းဗိုင်းဗက်ကြောင့် ဖြစ်သော ငှက်ဖျားရောဂါ ၏ ငါးပုံတစ်ပုံသည် ဆောင်းရာသီ ကျော်လွန်ပြီး မှသာဖြစ် ပေါ်တတ်သည်။ (ယင်းသည်- ခြင်ကိုက်ပြီး တစ်နှစ် ကြာမှ ရောဂါထလာသည်)။
 
 
<ref>http://en.wikipedia.org/wiki/Malaria</ref>
== ကိုးကား ==
<references/>
 
စာကြောင်း ၃၉ -
* [http://www.who.int/malaria/en/ WHO site on malaria]
* [http://www.rollbackmalaria.org/gmap/ Global Malaria action Plan]
[[rue:Маларія]]

[[Category:ကျန်းမာရေး]]
[[Category:ဆေးပညာ]]
 
Line ၁၁၂ ⟶ ၁၁၄:
[[ro:Malarie]]
[[ru:Малярия]]
[[rue:Маларія]]
[[scn:Malaria]]
[[sh:Malarija]]