ဆူဟာတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂၈ -
ဂျပန်တို့ အင်ဒိုနီးရှားနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး ဒတ်ချ်တို့လက်နက်ချရချိန်တွင် ဆူဟာတိုသည် ဒတ်ချ်စစ်တပ်မှထွက်ပြေးပြီး ဂျပန်တို့လက်အောက်တွင်ခိုလှုံခဲ့သည်။ ဂျပန်တို့ဖွဲ့စည်းပေးထားသည့် ပုလိပ်တပ်ဖွဲ့တွင် ဒုရဲအုပ်အဖြစ် စတင်အမှုထမ်းခဲ့သည်။ ရဲတပ်ဖွဲ့တွင် အမှုထမ်းစဉ် သမ္မတဘဝကို အထောက်အကူပြုမည့် စုံစမ်းထောက်လှမ်းရေး အတတ်များကို အတွေ့အကြုံရခဲ့သည်။ သူက "ရာဇဝတ်မှုကို နိုင်ငံရေးအမှုအဖြစ် အသွင်ပြောင်းလိုက်ရင် ပြဿနာအကြီးကြီးက သေးသေးလေးဖြစ်သွားတတ်တယ်" ဟုမကြာခဏပြောတတ်သည်။
 
ဆူဟာတိုသည် ပုလိပ်အဖွဲ့မှ ဂျပန်တို့ဖွဲ့စည်းထားသည့် စစ်တပ်သို့ပြောင်းရွှေ့အမှုထမ်းပြန်သည်။ အဖတိုင်းပြည်အတွက်ကာကွယ်သူများဟု အမည်ပေးထားသည့် အင်ဒိုနီးရှားအမျိုးသားတပ် (Peta) တွင် သူက အရာရှိအဖြစ် ဝင်ရောက်အမှုထမ်းသည်။ ဂျပန်တို့သင်တန်းခေါ်ပေးသည့် တပ်စုမှူးသင်တန်းတွင် သူသည်ဂျပန်တို့၏ ဘူရှီဒိုစိတ်ဓာတ်နှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လိုက်ရသည်။ ဂျပန်တို့၏ စစ်သူရဲကောင်းဝါဒကို ရိုက်သွင်းခြင်းခံလိုက်ရသည်ဖြစ်သောကြောင့် ဆူဟာတိုသည် ဒတ်ချ်ဆန့်ကျင်ရေးနှင့် အမျိုးသားရေးအတွေးအမြင်များ ဝင်လာခဲ့သည်။ ဂျပန်စစ်ဝါဒီတို့ကို လွန်စွာအထင်ကြီးလေးစားစိတ်များလည်းဖြစ်လာခဲ့သည်။ ဆူဟာတို၏ အတွေးအမြင်များကိုပြန်လည်သုံးသပ်ရလျှင် အမျိုးသားရေးဝါဒနှင့် စစ်ရေးအယူအဆများပေါင်းစပ်ကာ လွှမ်းမိုးခြင်းခံထားရသူဟူ၍ ရှုမြင်သုံးသပ်ရမည်ဖြစ်သည်။ ဂျပန်တို့သည် ဆူဟာတို အပါအဝင် အရာရှိများကို ဂျပန်စစ်ရေးအယူအဆနှင့် စစ်ပညာများသင်ပေးခဲ့သည်။ ထိုအထဲတွင် ဆာမူရိုင်းဓားသိုင်းလည်းတစ်ခုအပါအဝင် ဖြစ်သည်။ သို့ဖြစ်ရာ ဆူဟာတိုသည် ကြမ်းသော်လည်း ရက်စက်ယုတ်မာသည့်အလုပ်ကိုမလုပ်ဟူသည့် ဂျပန့်စိတ်ဓာတ်များ အပြည့်ဝင်နေသူ ဟူ၍လည်းဆိုကြသည်။
 
== အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးတွင်ဝင်ရောက်ဆင်နွှဲခြင်း ==
စာကြောင်း ၃၆ -
== ဂျပန်တို့ကိုတိုက်ထုတ်ခြင်း ==
 
ဂျပန်တို့လက်နက်ချချိန်တွင် ဆူဟာတိုသည် ဂျပန်ဖွဲ့စည်းပေးထားသည့်တပ်တွင် ရာထူးကြီးကြီးဖြင့်ကျန်ခဲ့သည်။ ထိုအချိန်တွင် အမျိုးသားရေးဝါဒီတို့သည် ဒတ်ချ်တို့နှင့်ပူးပေါင်းပြီး အင်ဒိုနီးရှားကျွန်းစုများ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေချိန်လည်းဖြစ်သည်။ ဆူဟာတိုသည် တော်လှန်ရေးအစိုးရ၏ ပြည်သူ့လုံခြုံရေးအဖွဲ့ (BKR) တွင် ဒုတိယတာဝန်ခံ ဖြစ်လာခဲ့သည်။
 
ဆူဟာတိုသည် Yogyakarta တစ်ဝိုက်တွင် ကြွင်းကျန်နေသည့် ဂျပန်တို့ကို ဦးဆောင်တိုက်ကာ အမြစ်ဖြုတ်ပေးမည်ဟု ကြွေးကြော်ခဲ့သည်။ သူသမ္မတဖြစ်ချိန်တွင် ထိုကာလများနှင့်ပတ်သက်ပြီး ချဲ့ကားပြောဆိုမှုများရှိခဲ့သည်ဆိုစေ အင်ဒိုနီးရှားနိုင်ငံလွတ်မြောက်ရေးအတွက် ပေါင်းစည်း ညီညွတ်စွာဖြင့် တိုက်ပွဲဝင်နိုင်ရန် ဦးဆောင်မှုပေးနိုင်ခဲ့သည်ကတော့ အမှန်ဖြစ်သည်။ လွတ်မြောက်ရေးစစ်ပွဲအစတွင် ဆူဟာတိုသည် ပြည်တွင်းရှိ လွတ်မြောက်ရေးတိုက်ပွဲဝင်နေသူများကို တပ်ရင်း ၁ လက်အောက်ခံ၊ အမှတ် ၁၀ တပ်ရင်းအဖြစ် စုစည်းလိုက်နိုင်သည်။ ဆူဟာတိုလည်း ချက်ချင်း အမှတ် ၁၀ တပ်ရင်း၏ ဗိုလ်မှူးရာထူးတိုးပေးခြင်းခံလိုက်ရသည်။
စာကြောင်း ၅၈ -
၁၉၆၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဆူကာနိုသည် လုံးဝအာဏာကိုစွန့်လွှတ်လိုက်သည်။ ဆူဟာတိုအာဏာရလာသည့်အချိန်မှစပြီး နိုင်ငံတော်၏အာဏာကို ချုပ်ကိုင်စီမံမှုများစတင်ပြုလုပ်ခဲ့သည်။ ထောက်လှမ်းရေးဌာနနှစ်ခုကို ထူထောင်ခဲ့သည်။ အစိုးရကို အကျပ်ကိုင် ခြိမ်းခြောက်မှုရန်မှကာကွယ်ရန်ဖြစ်သည်ဟုဆိုသည်။ နိုင်ငံတော်တွင်အရေးပါသည့် ဆန်စပါးလုပ်ငန်းများကိုလည်း အဖွဲ့ဖြင့်ထိန်းချုပ်ကန့်သတ် လိုက်သည်။ အစိုးရသစ်ကိုဖွဲ့စည်းလိုက်ပြီး ထိုအစိုးရသစ်သည် တပ်မတော်၏စီမံအုပ်ချုပ်မှုအောက်တွင်ရှိနေရမည်ဖြစ်သည်။ ဆူဟာတိုအနေဖြင့် စစ်တပ်နှင့် အရပ်ဘက် နှစ်မျိုးစလုံးအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ယောက်ဘဝကို ခံယူလိုက်လေသည်။
 
နိုင်ငံစီးပွားရေးတိုးတက်ရန် သမ္မတဆူဟာတိုသည် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားခဲ့သည့် စီးပွားရေးသမားများနှင့် ပူးပေါင်းလိုက်သည်။ ထိုစီးပွားရေးသမားများကို အမည်ပြောင်အနေဖြင့် "ဘာကလေမာဖီးယား" ဟုခေါ်ကြသည်။ ထိုအဖွဲ့ဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ဆူဟာတိုအာဏာရနေစဉ်ကာလတွင် အင်ဒိုနီးရှားနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဗဟိုနိုင်ငံဖြစ်လာစေရန် ကြံဆောင်ခဲ့သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုအနေဖြင့် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ်လွှဲပြောင်းပေးခြင်း၊ စက်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ခြင်းများလုပ်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်၊ အနောက်ဘဏ်များအပြင် မိတ်ဆွေနိုင်ငံများထံမှ အထောက်အကူယူပြီး နိုင်ငံငွေကြေးအင်အား တောင့်တင်းရန်ကြံဆောင်ခဲ့သည်။
 
အင်ဒိုနီးရှားနိုင်ငံသည် New Order အုပ်ချုပ်မှုအောက်တွင် ပြန်လှန်ဝံ့သူမရှိသလောက်ဖြစ်နေသည်။ စစ်တပ်နှင့် ဂိုလ်ခါပါတီမှ စီးပွားရေး၊ နိုင်ငံရေးတို့တွင်ကြီးစိုးထားရုံမျှမက နိုင်ငံအစိုးရကိုပါ ချုပ်ကိုင်ထားနိုင်သည့်အနေအထားတွင်ဖြစ်နေသည်။ သို့ဖြင့် လာဘ်ပေးလာဘ်ယူမှုများ၊ တရားမဝင်လုပ်ငန်းများ၊ အာဏာအလွဲသုံးစားလုပ်မှုများထွန်းကားလာသည်။ နိုင်ငံခြားမှထောက်ပံ့ငွေများ၊ လုပ်ငန်းရှင်များထံမှငွေများသည် ဆူဟာတိုမိသားစုတည်ထောင်ထားသည့် ယာယာဆန်ဖောင်ဒေးရှင်းသို့ အလုံးအရင်းနှင့်လှိမ့်ဝင်သွားသည်။
စာကြောင်း ၈၂ -
ဖောင်ဒေးရှင်းများသည် အလှူငွေအများအပြားရသော်လည်း အမည်သာခံပြီး ဆူဟာတိုအတွက် ငွေရှာပေးရသည့် ဌာနများသဖွယ် ဖြစ်လာသည်။ ကုမ္ပဏီအများစုသည် လုပ်ငန်းခွင်အတွက် ဆူဟာတိုနှင့်အပေါင်းအသင်းများကို ကပ်ထားကြရသည်။ ဆူဟာတို သို့မဟုတ် သူ့သားသမီးတစ်ဦးဦးနှင့်သိလျှင် ကြိုးနီစနစ်မရှိ၊ ဗြူရိုကရေစီမရှိပေ။ ဆူဟာတိုအပေါင်းအသင်းများကလည်း ကြားခံပွဲစားတွေဖြစ်လာပြီး ပွဲခပေးလျှင် ဆက်သွယ်ပေးသည့်စနစ်ကို ပြောင်ပြောင်တင်းတင်းကျင့်သုံးလာကြသည်။ ဂျာကာတာမြို့ရေပေးဝေရေးစနစ်အတွက် ၁၉၉၀ ပြည့်နှစ်တွင် ပုဂ္ဂလိကလက်သို့လွှဲပြောင်းပေးလိုက်သည်။ ထိုလုပ်ငန်းရရန် လေလံပွဲတွင် ဆူဟာတို၏သား ဆီဂစ်ကို ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပေးသည့်ကုမ္ပဏီက လုပ်ငန်းရရှိသွားသည်။ ကန်ထရိုက်စာချုပ်အတွက် လက်မှတ်ရေးထိုးပွဲတွင် ဆီဂစ်ကိုယ်တိုင်ပါဝင်ပြီး လက်မှတ်ရေး ထိုးပေးခဲ့သည်။
 
ဆူဟာတိုနှင့်သူ့အပေါင်းအဖော်များသည် ကုမ္ပဏီကြီးများထံမှ လုပ်ငန်းအကြောင်းပြပြီး ယဉ်ယဉ်လေးငွေထုတ်စားနေကြသည်။ ဥပမာတစ်ခုမှာ နိုင်ငံတော်ပိုင်ရေနံကုမ္ပဏီတစ်ခုဖြစ်သည့် ပါတာမီနာ (Partamina) ကိစ္စကို ၁၉၉၉ ခုနှစ်တွင် TimeAsia သတင်းစာကြီးမှ ဖော်ထုတ်လိုက်သည့် အတွက် ပြဿနာအတော်လေးတက်ခဲ့ရသည်။ ပါတာမီနာသည် နိုင်ငံခြားသို့ရေနံများပို့သည့်လုပ်ငန်းကို ဆူဟာတိုမိသားစုပိုင်ကုမ္ပဏီနှစ်ခုမှတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်ပေးရသည်။ ထို့ကြောင့် နိုင်ငံခြားသို့ရေနံတစ်စည်ရောင်းတိုင်း ၃၅ ဆင့်ကို ဆူဟာတိုမိသားစုပိုင် ကုမ္ပဏီများသို့ ပေးသွင်းရသည် ဆိုသောပြဿနာကို သတင်းစာများတွင်ဖော်ပြမှ ပြည်သူတို့သိခဲ့ကြရသည်။ ထို့ပြင် စားသောက်ဆိုင်လုပ်ငန်း၊ အာမခံလုပ်ငန်းများတွင်လည်း ဆူဟာတိုပိုင်ကုမ္ပဏီများက အမျိုးမျိုးလက်ဝါးကြီးအုပ်ကာ ထိန်းချုပ်ထားခဲ့ကြသည်။ ပါတာမီနာကို ၁၉၉၉ ခုနှစ်၊ ဇူလိုင်လတွင် စာရင်းစစ်ဝင် သည့်အခါ ၆.၁ ဘီလီယံမှာ ပျောက်ဆုံးနေကြောင်းတွေ့လိုက်ရသည်။
ဆူဟာတိုနှင့်ဆက်နွှယ်နေသည့်ကုမ္ပဏီများသည် လုပ်ငန်းအကြောင်းပြပြီး အင်ဒိုနီးရှားဘဏ်များမှ ငွေချေးထားကြသည်။ ထိုကုမ္ပဏီများသည် တစ်ပြားတစ်ချပ်မှ ကြွေးပြန်မဆပ်ခဲ့ကြပေ။ ဆူဟာတိုမပြုတ်မီကာလ ၁၉၉၈ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတကာစာရင်းအင်း "စံ" ၊ ဘဏ်လုပ်ငန်း "စံ" များသည်ကွယ်ပျောက်ကုန်သည်ဟုဆိုရမည်ဖြစ်သည်။
 
စာကြောင်း ၉၅ -
ပြဿနာသည်တစ်လခန့် လိပ်ခဲတည်းလည်းဖြစ်နေခဲ့သည်။ စစ်တပ်နှင့်ရဲတို့အပြင် ဆူရာဒီကိုထောက်ခံသူများသည် စိတ်မရှည်နိုင်သဖြင့် နောက်ဆုံး PDI ဌာနချုပ်ကိုဝင်စီးပြီး မီဂါဝတီကိုထောက်ခံသူများအားရိုက်နှက်ကာ လူပေါင်း ၂၀၀ ခန့်ကိုဖမ်းဆီးသွားလေသည်။ အဖျက်သမား များဆန့်ကျင်ရေးနှင့် အမုန်းတရားများမပြန့်ပွားရေးကို ကာကွယ်သည့်ဥပဒေဖြင့် ထိုသို့ဖမ်းဆီးအရေးယူရသည်ဟုဆိုသည်။ ထိုနေ့သည် "အနက်ရောင်စနေနေ့" ဟုလူသိများသည်။ New Order အစိုးရကို ဒီမိုကရေစီထောက်ခံသူများက ဆန့်ကျင်ပွဲတွင် ဖြိုခွင်းမှုကို စတင်လိုက်ခြင်း လည်းဖြစ်သည်။
 
၁၉၉၇ ခုနှစ်တွင်ဖြစ်ပွားသည့် အာရှငွေကြေးဆိုင်ရာအကျပ်အတည်းသည် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကိုသာမက ဆူဟာတို၏ အစိုးရကိုပါ ရိုက်ခတ်စေခဲ့သည်။ အင်ဒိုနီးရှားငွေကြေး ရူပီရားတန်ဖိုးသည်လည်း ဇောက်ထိုးကျသွားခဲ့ရသည်။ ဆူဟာတိုကိုလည်း နိုင်ငံတကာ ငွေချေးထားသည့်အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ IMF နှင့် အမေရိကန်နိုင်ငံတို့သည် နှစ်ရှည်ချေးငွေများနှင့် ပြည်တွင်းစီးပွားရေး ခိုင်မာစေရန် ထောက်ပံ့ထားသည့်ငွေကြေးများကို စစ်ဆေးလာတော့သည်။ IMF မှချေးငွေများကို ဆူဟာတိုအစိုးရအနေဖြင့် ပြန်ပေးရန် တောင်းဆိုလာသောကြောင့် ပြည်တွင်းလူမှုဝန်ထမ်းထောက်ပံ့ငွေများ၊ အမတော်ကြေးထောက်ပံ့ငွေများကို ဖြတ်တောက်လျော့ချမှုများပြုလာခဲ့ရ သည်။
 
၁၉၉၈ ခုနှစ်အစပိုင်းတွင် ခြိုးခြံခြွေတာမှုများ မည်မျှလုပ်နေသည်ဆိုစေ အခြေအနေကိုမထိန်းနိုင်ပဲဖြစ်လာသည်။ လောင်စာဆီဈေး၊ ဆန်ဈေးတို့တစ်ရိတ်ရိတ်တက်လာသည်။ ပညာရေးအတွက်ထောက်ပံရန် ငွေကြေးများဖြတ်တောက်မှုကြောင့်လည်း အခြေအနေက ပိုပြီး တင်းမာလာသည်။ အစိုးရဌာနတိုင်းတွင် လာဘ်ပေးလာဘ်ယူမှုများကလည်း ကြောက်စရာကောင်းလောက်အောင် ဆိုးရွားလာသည်။
 
ဆူဟာတိုသည် ၁၉၉၈ ခုနှစ်တွင် သတ္တမအကြိမ်မြောက် သမ္မတအဖြစ် ပြန်လည်အရွေးခံရန် ရှေ့တန်းပြန်ထွက်လာသည်။ နိုင်ငံအတွင်း ပြဿနာပေါင်းသောင်းခြောက်ထောင်ကြောင့် ခေါင်းဆောင်တစ်ယောက်ထွက်ပေါ်ရန် လိုအပ်နေချိန်ဖြစ်သည်။ ဆူဟာတိုကို ကုန်လွန်ခဲ့သည့်နှစ်များက ဆန့်ကျင်မှုမရှိ အကြိမ်ကြိမ်အဖန်ဖန်ပြန်ရွေးချယ်ခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် သူ့ပါတီဖြစ်သည့် ဂိုခါလ်ပါတီနှင့်သာမက တပ်မတော်နှင့်ပါ သဘောထားကွဲလွဲမှုများဖြစ်လာခဲ့သည်။ ၁၉၉၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အစိုးရအဖွဲ့မှနုတ်ထွက် ပေးလိုက်ရပြီး သူ့နေရာတွင် ယူဆွတ်ဟာဘီဘီကို အစားထိုးခဲ့သည်။
စာကြောင်း ၁၀၃ -
== သမ္မတဘဝမှအကျကာလ ==
 
သမ္မတရာထူးမှကျပြီးသည့်နောက်တွင် ဆူဟာတိုအကြောင်းသည် မီဒီယာတွင် စိတ်ဝင်စားစရာဖြစ်လာသည်။ ရာထူးကျပြီး ဂျာကာတာမြို့ လယ်ရှိ မိသားစုပိုင်အိမ်ကြီးတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မိတ်ဆွေအပေါင်းအသင်း အချွေအရံတို့လည်း နည်းပါးသွားခဲ့သည်။ ငွေကြေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဘက်ပေါင်းစုံမှတရားစွဲမှုများနှင့် ရင်ဆိုင်လာခဲ့ရသည်။ သို့သော်ကျန်းမာရေးအကြောင်းပြပြီး ရှောင်လွှဲ နေခဲ့သည်ချည်းဖြစ်သည်။
 
၁၉၉၉ ခုနှစ် မေလတွင် TimeAsia မှခန့်မှန်းချက်အရ ဆူဟာတိုမိသားစုပိုင်ဆိုင်မှုသည် ရှယ်ယာများ၊ ဖက်စပ်လုပ်ငန်းများ၊ အိမ်ခြံမြေများ၊ လက်ဝတ်ရတနာများအပါအဝင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်ရှိမည်ဟုဆိုသည်။ ထိုငွေများအနက် ဩစတီးယန်းဘဏ်တွင် အတိုးရရန် အပ်ငွေသည် ဒေါ်လာ ၉ ဘီလီယံဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် မိသားစုပိုင်ခြံမြေသည် ၃၆၀၀၀ ကီလိုမီတာဖြစ်သည်။ အခြားပိုင်ဆိုင်မှုအနေဖြင့် မီတာတစ်သိန်းပတ်လည်ရုံးအဆောက်အအုံမှာ ဂျာကာတာတွင်ရှိပြီး၊ အရှေ့တီမော၏မြေ ၄၀ ရာခိုင်နှုန်းတို့ကိုပါ ပိုင်ဆိုင်ကြောင်းသိရသည်။ ဆူဟာတိုအုပ်စိုးသည့် ၃၂ နှစ်တာကာလတွင် မိသားစုလက်အတွင်းသို့ရောက်ရှိသွားသည့် ငွေကြေးပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းကြသည်။