တာဘီယမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၆ -
| အက်တမ်အလေးချိန် = 158.92534 g.mol -1
| အီလက်ထရိုနက်ဂတစ်ဗတီး = 1.2
| သိပ်သည်းဆ = 8.3 g.cm-3 at 20 °C
| အရည်ပျော်မှတ် = 1360  °C
| အရည်ဆူမှတ် = 3041  °C
| ဗင်န်ဒါဝေါလ်အချင်းဝက် = unknown
| အိုင်ယွန်နစ်အချင်းဝက် = unknown
စာကြောင်း ၂၁ -
 
 
== အသုံးပြုခြင်း ==
 
တာဗီယမ်သည် ရှားပါးပြီး ဈေကြီးသောကြောင့် စီးပွားရေးအရ အသုံးပြုမှု နည်းပါသည်။ ရှားပါးသော ဓာတ်မြေများကို ထုတ်ယူရာတွင် ပထမ ဦးစွာ၌ ထိုဓာတ်မြေများတစ်စုလုံးကို တွင်းထွက်ပစ္စည်းတွင် ပါသည့်အခြားသော ဒြဗ်စင်များမှ ခွဲထုတ်ယူရသည်။ ထိုသို့ ထုတ်ယူပြီးသော အခါမှ ရှားပါးသော ဓာတ်မြေများကို တစ်ခုစီ တစ်ပင်တစ်ပန်းထုတ်ယူရသည်။ ဒြဗ်စင်တို့သည် တစ်ခုနှင့် တစ်ခု အလွန်တူသဖြင့် ပျော်ဝင်သောနေရာတွင် အနည်းငယ်စီ ခြားနားချက်ကို အသုံးချပြီးလျှင် ခွဲထုတ်ယူရသည်။ ဒြဗ်စင် တစ်ခုစီ၏ ဒြဗ်ပေါင်းကိုရရှိအောင် အကြိမ်ပေါင်း ထောင်ချီ၍ သလင်းပွင့်ခံယူရသည်။ ရှားပါးသော ဓာတ်မြေများကို ခွဲထုတ် ယူရန် သတ္တုကျောက်ရိုင်း အမြောက်အမြားကို အသုံးပြုမှသာ အလိုရှိသော ဓာတ်မြေအနည်းငယ်ခန့်ကို ရနိုင်သည်။ ရှားပါး သော ဓာတ်မြေများကို ရှေးဦးစွာ ဆီးရီးယမ်ဓာတ်မြေ၊ တာဗီ ယမ်ဓာတ်မြေ၊ အစ်တာဗီယမ်ဓာတ်မြေဟု အစုကြီးသုံးစုခွဲယူပြီး မှသာ ဆိုင်ရာဒြဗ်စင်အသီးသီးကို ထုတ်ယူသည်။ ရှားပါးသော ဒြဗ်မြေများတွင် အဖြူရောင်သို့မဟုတ် အဝါရောင်ရှိ၍၊ သတ္တု ရောင်တောက်နေသည်။ ဂုဏ်သတ္တိများမှာ ကယ်လဆီယမ်နှင့် ဆင်တူသည်။ လေသလပ်ခံထားသောအခါ အရောင်မှိန်သွား သည်။ ရေနှင့် ဖြည်းညှင်းစွာ ဓာတ်ပြောင်းလဲမှုဖြစ်ပြီးလျှင် ဟိုက်ဒရိုဂျင်ကို စွန့်ထုတ်ပေးသည်။ များစွာသော ဒြဗ်စင်တို့ တွင် အိုင်းယန်းနှင့်ကိုဗော့ကဲ့သို့ သံလိုက်ဂုဏ်များရှိကြသည့် အပြင်၊ အရောင်ရှိသော ဒြဗ်ပေါင်းများကို ဖြစ်စေသည်။ အတွေ့ရများဆုံးဖြစ်သော ဆီးရီးယမ်ကို မီးစာများပြုလုပ် ကြ၍၊ ထိုဒြဗ်စင်၏ ဒြဗ်ပေါင်းများကို ဆေးထိုးရာတွင် အသုံး ပြုသည်။ ထိုဓာတ်မြေများကို သံနှင့်ရောပေးသောအခါ၊ မစ်ရှသတ္တုခေါ် သတ္တုစပ်တစ်မျိုးကို ရသည်။ ထိုသတ္တုစပ်ဖြင့် ဓာတ်မီးခြစ်များတွင် အသုံးပြုရန် မီးခြစ်ကျောက်ပြုလုပ်ယူသည်။
စာကြောင်း ၂၈ -
တာဗီယမ် အောက်ဆလိတ် သို့မဟုတ် ဆာလဖိတ်ကို မီးရှို့လျှင် ပါရောက်ဆိုက်အမည်ဖြစ်လာသည်။ ထို ပါရောက် ဆိုက်ကို တွင်းထွက်အက်ဆစ်များနှင့်ရော၍၊ အပူတိုက်ပေးလျှင် အရောင်မရှိသလောက်ဖြစ်သော ပျော်ဝင်ရည်များဖြစ်လာသည်။ ထိုပျော်ဝင်ရည်များသည် စပက်ထရမ်(ရောင်စဉ်)တွင် အပြာ ရောင်နေရာ၌ အနည်းငယ်အရောင်မှိန်ခြင်းကြောင့်ထူးခြားသည်။
 
== ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ ==
 
အက်တမ် နံပတ် ၅၇ မှ ၇၁ အထိရှိ သော ဒြဗ်စင် ၁၅ မျိုးမှာ ရှားပါးသော ဓာတ်မြေပင်ဖြစ်သည်၊ အခြားသော ဒြဗ်စင်အစုများထက် ယင်းတို့သည်တစ်ခုနှင့်တစ်ခု အလွန်တူသောကြောင့် ဇယားကွက်တွင် နေရာလွတ်တစ်ခုတည်း ၌ ထည့်သွင်းထား ခြင်းဖြစ်သည်။
စာကြောင်း ၃၅ -
Tb သည် ငွေထက် နှစ်ဆ များသော်လည်း ရှားပါးဒြပ်စင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်း သည် များစွာသော သတ္တု အရင်းအမြစ်များတွင် ပါဝင်နေသော်လည်း သဘာဝတွင် လွတ်လပ်စွာမတွေ့ရှိနိုင်ပါ။ အဓိက သတ္တုရိုင်းများမှာ Monatize, Bastnasite and Cerite တို့ဖြစ်သည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဩစတြေးလျ တို့ဖြစ်သည်။ ထုတ်လုပ်ပြီး Tb ပမာဏမှာ တန်ပေါင်း ၃၀၀ ၀၀၀ ဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှု နှုန်းမှာ တစ်နှစ်လျှင် ၁၀ တန်ဖြစ်ပါသည်။
 
== ကျန်းမာရေးသက်ရောက်မှုများ ==
 
 
စာကြောင်း ၄၁ -
တာဗီယမ်သည် ဇီဝဗေဒ အခန်းကဏ္ဍ တွင် ပါဝင်မှု မရှိပါ။ ၎င်းကို ကိုယ်ခန္ဓာအတွင် ရောက်ရှိပါက အနည်းငယ် အဆိပ်အတောက်ဖြစ်စေနိုင်သည်။ Tb အမှုန့် နှင် ဓာတ်ပေါင်းတို့သည် အရေပြား နှင့် မျက်လုံးတို့ကို ထိတွေ့မိပါက အလွန် နာကျင် ကျိန်းစပ်စေနိုင်သည်။ ၎င်း၏ အဆိပ်အတောက် ပမာဏကို အသေးစိတ် လေ့လာဆဲ ဖြစ်သည်။
 
== ပတ်ဝန်းကျင်သို့သက်ရောက်မှုများ ==
 
Tb သည် အပင်များနှင် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref><ref>[[ဒြပ်စင်အလှည့်ကျဇယား]]ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ဘာဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။</ref>
 
 
== ကိုးကား ==
<references/>
{{ဒြပ်စင်အလှည့်ကျဇယား}}
 
[[Category:ဓာတုဗေဒ]]