ဘဖေ၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃ -
== ဘကြီးဘဖေ ခေါ် ဦးဘဖေ ==
 
[[imageFile:bape.gif|thumb|ဘကြီးဘဖေ ခေါ် ဦးဘဖေ]]မြန်မာ အမျိုးသားများနှင့် တကွ အာရှ၊ ဥရောပသားများကပါ လူသိများလှသော ဘကြီး ဘဖေသည် ကြို ့ပင်ကောက်မြို ့မြေပိုင်ရှင် အဖ ဦးအို၊ အမိ ဒေါ်မှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၅ ခု၊ ကဆုန်လဆန်း ၁ဝ ရက် (ခရစ်သက္ကရာဇ် ၁၈၈၃ ခု၊ ဧပြီလ ၁၆ ရက်) တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။
 
မောင်ဘဖေသည် အသက် ၁၇ နှစ်သား အရွယ်တွင် အင်ထရင့် စာမေးပွဲကို စကောလားရှစ်ဆုဖြင့် အောင်မြင်ခဲ့သည်။ ၁၉ဝ၆ ခု၊ အသက် ၂၃ နှစ်တွင် ဘီအေ စာမေးပွဲကို အောင်မြင်ခဲ့သည်။ ဘီအေ အောင်ပြီး အသက်၂၃ နှစ် အရွယ်မှာပင် ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) စတင် တည်ထောင်ရာတွင် အဓိက အရေးကြီးသော ပုဂ္ဂိုလ်တွင် တဦး အပါအဝင် ဖြစ်သည်။ ကိုဘဖေသည် ဘီအေ အောင်ပြီးနောက် နယ်ချဲ့ အင်္ဂလိပ် အစိုးရက မြို့အုပ်ရာထူး လာပေးသည်ကို မယူဘဲ စိန်ပေါကျောင်း၌ ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။