မိုးကုတ်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[ImageFile:mogoke.jpg|frame|မိုးကုတ်မြို့]]
မြန်မာနိုင်ငံ၏ မိုးကုတ်မြို့ကို မြန်မာများသာမက ကမ္ဘာသိ အောင်ထိပင်ကျော်ကြားသည့် အရပ်ဒေသဖြစ်သည်။ ကမ္ဘာ့ပထမတန်းစား ကျောက်မျက်များထွက်ရှိရာဒေသ၊ ကမ္ဘာပေါ်တွင် အကောင်းဆုံးသော [[ပတ္တမြား]]များထွက်ရှိရာ ပတ္တမြားမြေ ဟုအထင်ကရကျော်စောပါသည်။ မိုးကုတ်ဒေသမှထွက်သည့် ပတ္တမြား၊ [[နီလာ]]အစပြုကာ ယခုနောက်ဆုံး ပိန်းနိုက် (Painite) အထိ ကျောက်မျက်[[ရတနာ]]ကုန်သည်များ အကြားအလွန် ရေပန်းစားပါသည်။
 
= သမိုင်း =
== ဖြစ်ပေါ်လာပုံ ==
“ကိတ်၊ နဂါး၊ ကြွက် သုံးစဖော်ယှက်၊ ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်” ဟူသော ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၄င်းကိုပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးကုတ်သမိုင်းများစွာ၏ အဆိုအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွွားကြီး သိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုမိုးကုတ်မြို့ဖြစ်လာမည့်နေရာသို့ ရှမ်းမုဆိုးသုံးယောက်သည် တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားကာ ရောက်ရှိလာပါသည်။ မိုးလည်းချုပ်သွားပြီဖြစ်သဖြင့် လမ်းစရှာမရတော့ဘဲ တောတောင်ခြေရင်းတစ်ခုရှိ သဖန်းပင်ကြီးတစ်ပင်အောက်တွင် အိပ်လိုက်ရပါသည်။ နံနက်မိုးသောက်ချိန်ရောက်သော် အနီးရှိပြိုကျနေသောတောင်စောင်းတစ်ခုပေါ်တွင် ကောင်းကင်ယံမှ ကျီးများ၊ စွန်များ ပျံဝဲဟစ်အော်နေကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ထူးခြားသည်ဆိုပြီးသွားရောက်ကြည့်ရှုရာ အသားတစ်ပမာနီမြန်းနေသည့် ပတ္တမြားကျောက်အနီများကိ်ု တွေရှိရသဖြင့် ယူဆောင်ခဲ့ပြီး မိမိတို့ အရှင်သခင်စော်ဘွွားကြီးကို ဆက်သခဲ့ကြပါသည်။ စော်ဘွားကြီးကလည်း ဆက်သလာသော ပတ္တမြားကျောက်နီများကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသိသောကြောင့် ထိုနေရာအားလိုက်လံပြသခိ်ုင်းပြီး ထိုနေရာကို စောင့်ရှောက်စေခဲ့ပါသည်။ ထိုပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ကျသူများက သဖန်းပင်ကြီးအနီးတွင် ရွာတည်ပြီးနေသည်မှစကာ သဖန်းပင်ရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်အချို့မိုးကုတ်သမိုင်းစာအုပ်များတွင် မိုးကုတ်အစ သဖန်းပင်ကဟု လည်းရေးသားဖော်ပြခဲဲ့ပါသည်။ သဖန်းပင်ရွာတွင် ပတ္တမြားတွင်းများကို စောင့်ရှောက်တာဝန်ယူရသော ရှမ်းလူမျိုးများ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းတွင် တိုးချဲ့နေထိုင်လာခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိ်ုင်ခြင်းမှနေပြီး နောင်တွင် မိုးကုတ်မြို့ဟု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) မှ မှီးပါသည်။
စာကြောင်း ၃၁ -
(မိုးကုတ်ဖော်တော်ဦးမြတ်စွာဘုရား သမိုင်းကျောက်စာမှ ကူးယူဖော်ပြပါသည်။)
 
= တည်နေရာ =
 
မိုးကုတ်မြို့သည် မြောက်လတ္တီကျု့ ၂၂-ဒီဂရီ ၅၀-မိနစ်နှင့် ၂၃-ဒီဂရီ ၃၀-မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆-ဒီဂရီ ၁၁-မိနစ်နှင့် ၉၆-ဒီဂရီ ၄၅-မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ အရှေ့နှင့်အနောက် မိုင်(၃၀)၊ တောင်နှင့်မြောက် (၁၅.၁၂)မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိပါသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက် ဖက်စွန်းတွင် တည်ရှိပြီး ယခုအခါ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းတွင် ပါဝင်သည်။ မိုးကုတ်မြို့၏ အရှေ့ဖက်နှင့် မြောက်ဖက် တွင် မိုးမိတ်မြို့နယ်၊ တောင်ဖက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဖက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။
 
= ရာသီဥတု =
 
အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတုကို ခံစားရပါသည်။ မိုးကုတ်မြို့မှာ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိပါသည်။ ပုံမှန်မြိုု့းရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မြိုု့းရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်ပါသည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိပါသည်။
 
= မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း =
 
ဘူမိဗေဒပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ မိုးကုတ်ဒေသ အောက်ခံကျောက်ဖျာထုသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မိုးကုတ်ဒေသသည် တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး မြေပြန့်လွင်ပြင်များ နည်းပါးသည်။ ရေနီချောင်းသည် ကျေးနီတောင်မှ စိမ့်ရေ၊ စမ်းရေများကို အခြေပြု၍ မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းလာပြီး တပ်သားတောင်မှ စိမ့်ရေ၊ စမ်းရေတို့ကို အခြေပြု၍ စီးဆင်းလာသော ရေပူချောင်းနှင့် တောင်ကချင်ရပ်ကွက်အနီးတွင် ပေါင်းဆုံကာ နမ့်ပယ်ချောင်းအတွင်းသို့ စီးဝင်သည်။
စာကြောင်း ၅၁ -
ဒေါ်နန်းကြည့်တောင် - ၅၂၇၇ ပေ
 
= လူဦးရေ =
 
မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အုပ်စု (၅)အုပ်စု၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၂)ရွာရှိ၍ လူဦးရေမှာ ၂၀၀၅-ခုနှစ် စာရင်းအရ (၁၈၀၄၀၈)ဦး ရှိပါသည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်တွင် (၃၉၈)ဦး ရှိပါသည်။ မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးမှာ(၁း၁.၈၁)ဖြစ်ပါသည်။ ကျား-မ လူဦးရေ အချိုးမှာ (၁း၀.၉၁)ဖြစ်ပါသည်။ အများဆုံး နေထိုင်ကြသော လူမျိုးမှာ ဗမာ၊ ရှမ်း၊ လီဆူ၊ ပလောင်၊ [[ဂေါ်ရခါးလူမျိုး|ဂေါ်ရခါး]]နှင့် တရုတ်တို့ ဖြစ်ကြသည်။
 
= သစ်တော =
 
တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။
 
= လမ်းပန်းဆက်သွယ်ရေး =
 
အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့တောင်ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈)မိုင်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး ဒုတိယကမ္ဘာစစ် မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။
 
= စီးပွားရေး =
 
မိုးကုတ်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ကျောက်မျက်တူးဖော်ခြင်း ဖြစ်ပါသည်။ ရှေးက ကျောက်များပေါများလှသဖြင့် ကျောက်မျက်အရောင်းအဝယ်များ ရှိသည်။ မိုးကုတ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ လယ်ယာမြေကွက်များ ပြောပလောက်အောင် မရှိခြင်းကြောင့် ဆန်စပါးများ မထွက်လှပေ။ မြို့နေလူထုစားသုံးရန်အတွက် မိုးမိတ်နယ်နှင့် အောက်အရပ်ဒေသမှ ဆန်များကို မှီခိုအားထားရသည်။ လက်ဖက်စိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ အနည်းငယ်ရှိသည်။
 
= လူမှုရေး =
 
မိုးကုတ်မြို့တွင် သာရေး-နာရေး လူမှုကိစ္စများအတွက် ရပ်ကွက်တိုင်းတွင် ဧည့်ခံအဖွဲ့၊ ထမင်းကျွေးအဖွဲ့၊ လူပျို၊ အပျို စသဖြင့်အဖွဲ့များ ဖွဲ့ကာ တက်ညီလက်ညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါသည်။ တစ်ဦးနှင့်တစ်ဦး တွေ့သည့်အခါ စားပြီးပြီလား ဟု နှုတ်ဆက်လေ့ရှိကြသည်။ တစ်ဦးက ထွက်ခွာသွားသည့်အခါတွင် ကျန် တစ်ဦးက ဖြေးဖြေးနော် ဟု နှုတ်ဆက်လေ့ရှိကြသည်။
 
= ဘာသာရေး =
 
မိုးကုတ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ရှမ်းနှင့် ပလောင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိုးကုတ်မြို့နယ်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀)ခန့် ရှိရာ လူဦးရေနှင့် နှိုင်းယှဉ်လျှင် လူ(၈၀၀)တွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှုန်း ရှိသည်။ မိုးကုတ်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုမှာ လီဆူဘုရားရှိခိုးကျောင်းများ ဖြစ်ကြသည်။ [[ဂေါ်ရခါးလူမျိုး|ဂေါ်ရခါး]]လူမျိုးများမှာ ဗုဒ္ဓဘာသာနှင့်ဟိန္ဒူဘာသာ များကို ကိုးကွယ်ကြပါသည်။ မိုးကုတ်မြို့တွင် မွတ်စလင်ဗလီ သုံးခု ရှိပါသည်။ တရုတ်ဘုရားကျောင်းများလည်း သီးသန့်ရှိသည်။တရုတ်ဘုရားကျောင်းများမှာ လယ်ဦး ရပ်ရှိ ငါးပါးသီလ ဘုံကျောင်းနှင့် အောင်ချမ်းသာ ရပ် ရှိ ဘုရားတစ်ထောင် ဘုံကျောင်းတို့ ဖြစ်ပါသည်။
 
= အမည်အခေါ်အဝေါ်ဆင်းသက်လာပုံ =
မိုးကုတ်ဟူသည့်အမည်နာမ ၏နောက်ကြောင်းကိုလေ့လာသော် ဖြစ်နိုင်ဖွယ်နောက်ခံအချက်အနေဖြင့် ၄ မျိုးလေ့လာတွေ့ရှိရပါသည်။၄င်းတို့မှာ
 
== မိန်းကု ==
ရှမ်းဘာသာစကားဖြစ်သည်။မိန်း မှာ မြို့၊ ကု မှာခမောက် ဖြစ်သည်။အဓိပ္ပာယ်မှာ ခမောက်နှင့်တူသောမြို့ ဟူ၍ ဖြစ်သည်။မိုးကုတ်မြို့မှာ တောင်များကာရံထားသည့် ချိုင့်ဝှမ်းကြီးအတွင်းတွင်ရှိပြီး ခမောက်တစ်ခုကို ပက်လက်လှန်ထားသည့် ပုံနှင့်တူသောကြောင့် ယခုကဲ့သို့ဗခါ်ခြင်းဖြစ်သည်ဟုသိရပါသည်။
 
== မိန်းကွတ် ==
ရှမ်းဘာသာစကားပင်ဖြစ်သည်။မိန်း မှာ မြို့၊ ကွတ် မှာကောက်ကွေ့ခြင်း ဟုအဓိပ္ပာယ်ရသည်။ ကောက်ကွေ့သောမြို့ဟုဆိုလိုပါသည်။မိုးကုတ်သို့သွားရာလမ်းမှာ ကောက်ကွေ့သည့် တောင်ပတ်လမ်းများဖြစ်သည်ကတစ်ကြောင်း၊ မြို့၏တည်နေပုံကလည်း ကောက်ကွေ့သည့်အနေအထားတွင်ရှိသည်ကြောင့်တစ်ကြောင်း ဤကဲ့သို့ ခေါ်ခြင်းဖြစ်သည်။
 
== မိန်းကတ် ==
ရှမ်းဘာသာစကားပင်ဖြစ်သည်။မိန်းမှာ မြို့၊ကတ်မှာ ချမ်းအေးသည်ဟုအဓိပ္ပာယ်ရသည်။ အလွန်ချမ်းအေးသည့်မြို့ဟုဆိုလိုပါသည်။အမှန်လဲရေခဲသည်အထိအေးဖူးသည့် နှစ်များရှိသည်။
 
== မိုးချုပ် ==
မြန်မာစကားဖြစ်သည်။မိုးစောစောချုပ်သည့်အတွက် မိုးချုပ်ဟုခေါ်ကြရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟုဆိုကြပြန်သည်။
 
= မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ =
[[ImageFile:moegootsayartaw .jpg|thumb|]]
{{main| မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ}}
မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ ့တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တောရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။
စာကြောင်း ၁၁၇ -
မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအသင်း သည်လည်း ယခုအခါ မြန်မာပြည်အနှံ့တွင် အဖွဲ့ခွဲပေါင်း (၂၆၉)ဖွဲ့နှင့် အဖွဲ့စိတ်ပေါင်း သုံးထောင်ကျော်ခန့် ရှိပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး မရှိတော့သော်လည်း ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါး တရားတော်များမှာကား ယနေ့တိုင် ရှင်သန်နေဆဲပင် ဖြစ်ပါတော့သည်။
 
= စေတီပုထိုးများ =
 
= စိတ်ဝင်စားဖွယ်နေရာများ =
မိုးကုတ်ကျောက် ရောင်းဝယ်ရေးလုပ်ငန်းများကို ထာပွဲဟု ခေါ်သောနေရာတွင် စုပေါင်းလုပ်ကိုင်ကြပါသည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်များဖွင့်ပြီး လုပ်ကိုင်ကြသော်လည်း နည်းပါးသေးသည်။
== ထာပွဲ ==
ရှေးက ကျောက်များပေါများလှသဖြင့် ကျောက်ပြရာတွင် " ထာ " ခေါ် ကြေးလင်ဗန်းကြီးများတွင် ထည့်ပြီး ပြသရသည်။ ထို ထာ ခေါ် ကြေးလင်ဗန်းကို အစွဲပြုပြီး ထာပွဲဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ (ထာပွဲ = ကျောက်မျက်ရတနာ အရောင်းအဝယ်ပြုလုပ်ရာနေရာ)
မိုးကုတ်ကျောက်ရောင်းဝယ်ရေးလုပ်ငန်းများကို ခြုံကြည့်လိုက်မည်ဆိုလျှင် အကြမ်းဖျဉ်းအားဖြင့် လူတန်းစား (၄) ရပ်ခွဲခြားတွေမြင်နိုင်ပါသည်။
စာကြောင်း ၁၃၄ -
 
 
== ပွင့်ကောက်သမား ==
ပွင့်ကောက်သမားများကို တစ်နည်းအားဖြင့် ကုန်သည်ကြီးပိုင်းလို့ သတ်မှတ်လို့ရပြီး တန်ဖိုးမြင့်သောကျောက်များကိုသာ တစ်ပွင့်ချင်း စိတ်ကြိုက်ဝယ်ယူကြသူများ ဖြစ်သည်။
 
== အစပ်ကျောက်သမား ==
အစပ်ကျောက်သမား ဆိုသည်မှာ မိုးကုတ်တွင်းထွက်ကျောက်များစွာ ရှိသည့်အနက် မိမိကျွမ်းကျင်သည့်ကျောက် တစ်မျိုးထဲကိုသာ ဦးစားပေးဝယ်ကြသူများ ဖြစ်ပါသည်။ အစင်အားသန်သူက အစင်၊ ဂေါ်ကြိုးအားသန်သူက ဂေါ်ကြိုး၊ အညံ့အားသန်သူက အညံ့ စသည်ဖြင့် သီးခြားဝယ်ယူကြသူများဖြစ်သည်။ အစပ်ကျောက်သမားလိုင်းတွင် အရိုင်းစပ်သမား နှင့် အယဉ်စပ်သမား ဆိုပြီး နှစ်မျိုးခွဲခြားတွေ့မြင်နိုင်ပါသေးသည်။ အရိုင်းစပ်သမားဆိုသည်မှာ တွင်းမှထွက်လာသောကျောက်များကို နဲနဲစီဝယ်ပြီး များလာလျှင် အရိုင်းအတိုင်း အထုပ်လိုက်ပြန်ရောင်းသူများဖြစ်သည်။ အယဉ်စပ်သမားဆိုသည်မှာ အဓိကဝယ်ထားသော ကျောက်များကို အရိုင်း (မသွေးရသေးသောကျောက်)ြဖြစ်စေ၊ အယဉ် (သွေးပြီးသားကျောက်) ဖြစ်စေ တစ်ပွင့်ချင်း၊ နှစ်ပွင့်ချင်းဝယ်ယူကြသည်။ အရိုင်းများကိုမူ သွေးယူပြီး အယဉ်ပြုလုပ်ကာ ကိုယ်မှန်ထားသော ကျောက်ချိန်အတိုင်း (ကလပ် ၅၀၊ ကလပ် ၁၀၀) စသဖြင့်ရမှ ကလပ်ချိန်ဈေးဖြင့် ပြန်ရောင်းကြသူများ ဖြစ်သည်။
 
== ဝယ်/ ရောင်းသမား ==
ဝယ်/ ရောင်းသမား ဆိုသည်မှာ ကျောက်တွင်းတူးလုပ်ငန်းများသို့ သွားရောက်ပြီးဖြစ်စေ၊ ထာပွဲဖြစ်ရာ နေရာများသို့ဖြစ်စေ သွားရောက်ပြီး မြတ်နိုင်မည်ထင်သောကျောက်များကို ဝယ်ယူပြီး ပြန်ရောင်းကြသူများဖြစ်သည်။ ဝယ်ရောင်းသမားများ အရည်အချင်းမှာ အဓိက ကျောက်မျိုးစုံ အကြောင်းနားလည်ရန်ပင် ဖြစ်သည်။
 
== ပွဲစား ==
အရောင်းအဝယ်လောကတိုင်းတွင် ပွဲစားရှိသကဲ့သို့ မိုးကုတ်ကျောက်လောကတွင်လည်း ကျောက်ပွဲစားများ များစွာတွေ့ရပါသည်။ မိုးကုတ်ကျောက်ပွဲစားများ အရည်အချင်းမှာ ဆက်ဆံရေးနှင့် နာမည်ကောင်းရဖို့ပင် ဖြစ်ပါသည်။ မိုးကုတ်မြို့မှာ ကျဉ်းလှသဖြင့် ဆက်ဆံရေးကောင်းလျှင် ကောင်းသလိုမိတ်ဆွေပေါများပြီး နာမည်ပျက်မရှိသရွေ့ ကျောက်ထည့်ပေးသော ကုန်သည်များက မည်မျှတန်ဖိုးကြီးမားသော ကျောက်ပင်ဖြစ်စေ ပွဲစားအား ယုံယုံကြည်ကြည်ထည့်ပြီး ရောင်းခိုင်းကြပါသည်။ မိုးကုတ်ကျောက်ပွဲစားတို့ အကျိုးခံစားခွင့်မှာ ၁၀၀ ကျပ် တည့်လျှင် ၅ ကျပ်နှုန်းဖြစ်သည်။ <ref>မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ)</ref>
 
= ကျမ်းကိုး =
<references/>
* မြန်မာပြည်ဖွား ဂေၚရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်
{{DEFAULTSORT:မ|မိုးကုတ်မြို့}}
 
[[Category:မြို့]]
[[Category:မန္တလေးတိုင်း]]
[[Category:မြန်မာပြည်]]
{{DEFAULTSORT:မ|မိုးကုတ်မြို့}}