မြစ်ငယ်မြစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂၁ -
 
မြစ်ငယ်မြစ် (ခေါ်) ဒုဌဝတီမြစ် သည် ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည်။ ပါဋိဘာသာအားဖြင့် ဒုဌဝတီ ဆိုသည်မှာ မြန်မာအဓိပ္ပါယ် အားဖြင့် မြစ်ငယ် ဟုပင်ဖြစ်သည်။ မြစ်ငယ်မြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ မြစ်ဖျားခံ စီးဆင်းလာကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ စီးဝင်လာကာ အင်းဝမြို့အနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။
[[imageFile: myitnge river.jpg |right | thumb | frame | မြစ်ငယ်မြစ် ]]
 
== မြစ်လက်တက်များ ==
# ဇော်ဂျီမြစ်သည် ကျောက်ဆည်မြို့အနီးတွင် မြစ်ငယ်မြစ်အတွင်းသို့စီးဝင်သည်။
# ပန်းလောင်မြစ်သည် အင်းဝအနီးတွင် မြစ်ငယ်မြစ်နှင့် ပေါင်းဆုံသည်။
 
== မြစ်ကြောင်းတစ်လျှောက် အရေးပါသည့်မြို့များ ==
* နမ္မတူ
* သိန္နီ
* သီပေါ
 
== သမိုင်းထဲကမြစ်ငယ်မြစ် ==
ပုဂံခေတ် အနော်ရထာမင်း၏ ရှမ်းမိဖုရားစောမွန်လှသည် ပုဂံနန်းတော်မှ အထင်လွှဲနှင်ထုတ်ခံရပြီးနောက် ဘခင်ဖြစ်သူ သီပေါစော်ဘွား(အုန်းဘောင်စော်ဘွား) ထံသို့အပြန်တွင် မြစ်ငယ်မြစ်ကမ်းပေါ်၌ စေတီတစ်ဆူကို အဓိဌာန်ပြုတည်ထားခဲ့ရာ ယနေ့အခါတွင် ထိုစေတီကို ရွှေစာရံစေတီ(သို့) ရွှေစာရံဘုရားဟုခေါ်ကြသည်။ ထိုစေတီတွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည့် ရွှေစာရံဘုရားပွဲမှာ အထူးပင်စည်ကားလှပေသည်။
 
** (မင်းသမီးစောမွန်လှအား ဖခင်စော်ဘွားကြီး စောင့်ကြိုနေသောနေရာတွင် တည်ထားသည့်စေတီ(ဘုရား)မှာ ယနေ့တွင် ဘော်ကြိုဘုရားဟု အထူးထင်ရှားသည့် စေတီ(ဘုရား)ပင်ဖြစ်သည်။ )
 
== ဆည်မြောင်းတာတမံများ ==
မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် နာမည်ကျော် ရဲရွာစီမံကိန်းမှာ မန္တလေးမြို့အရှေ့တောင်ဖက် ၃၁မိုင်အကွာတွင်တည်ရှိပါသည်။ ယခုစီမံကိန်းအပြင် အထက်ရဲရွာစီမံကိန်းကိုပါ ဆက်လက်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။
 
== မြစ်ငယ်မြစ်ကူးတံတား ==
မူလကရှိခဲ့သည့် မြစ်ငယ်မြစ်ကူး ရထားလမ်းတံတားမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်လေတပ်၏ ဗုံးကျဲဖျက်ဆီးမှုကြောင့် ပျက်ဆီးခဲ့ရပြီး စစ်အပြီးတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ယခုနောက်ဆုံး ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိတံတားသစ်ကြီးမှာ အရှည် ၇၀ဝပေ၊အကျယ် ၂၇ပေ ရှိကာ၊လူသွားလမ်းအကျယ် တစ်ဖက်၆ပေစီရှိပြီး ၁၉၉၉ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
 
== ရည်ညွှန်းကိုးကား ==
en.wikipedia.org
{{DEFAULTSORT:မ|မြစ်ငယ်မြစ်}}
 
[[Category:မြစ်]]
[[Category:မြန်မာနိုင်ငံ]]
{{DEFAULTSORT:မ|မြစ်ငယ်မြစ်}}