သခင်မြ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၄ -
 
|-
| colspan="2" style="text-align:center;" | [[imageFile:Takhinmya.jpg|160px|သခင်မြ]]
 
|-valign="top"
စာကြောင်း ၁၆ -
|-valign="top"
| '''နို်င်ငံ'''
| [[ImageFile:Flag of Myanmar.svg|25px ]] မြန်မာ
 
|-valign="top"
စာကြောင်း ၄၀ -
သခင်မြသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော [[ဗိုလ်ချုပ်အောင်ဆန်း]]နှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
 
== ငယ်ဘဝ ==
သခင်မြ(၁၂၅၉-၁၃၀၉)ကို ၁၂၅၉ခုနှစ် သီတင်းကျွတ်လဆန်း ၁၂ရက် ကြာသပတေးနေ့တွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုရွာ သစ်ကုန်သည် ဦးဘိုးချွန်၊ ဒေါ်သက်လယ်တို့မှ ဖွားမြင်သည်။
 
== ပညာရေး ==
ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်းနှင့် သာယာဝတီမြို့ ကရင် အေဘီအမ်အထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ၁၉၁၆ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရန်ကုန်မြို့ စိန်ဂျွန်းကျောင်းမှ စကောလားရှစ်ဆုနှင့် အောင်မြင်ကာ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာသိပ္ပံတန်းကို အောင်မြင်သည်။ ၁၉၂၀ ရန်ကုန်ကောလိပ် သပိတ်ကြီးတွင် သပိတ်မှောက် ကျောင်းသားတဦး အဖြစ်ပါဝင်ခဲ့သည်။
 
ထိုဏ္ဍနောက် ကြည့်မြင်တိုင် အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင်ရွက် ခဲ့ပြီးလျင် တက္ကသိုလ်တွင် ပညာဆက်လက်သင်ပြန်ရန် ဘီအက်စ် ဂုဏ်ထူးတန်းကို ၁၉၂၄တွင် အောင်မြင်သည်။ ရန်ကုန်မြို့အထက်တန်းကျောင်းတွင် သိပ္ပံဆရာအဖြစ် ဆောင်ရွက်နေရင်း ၁၉၂ရခုနှစ်တွင် ဘီအယ်လ် (ဥပဒေဝိဇ္ဇာတန်း) ကို အောင်မြင်ပြန်သည်။
 
== ရှေ့နေဘဝ ==
၁၉၂၇ ခုနှစ်တွင် သာယာဝတီမြို့သို့ ပြန်လည်နေထိုင်ကာ ရှေ့နေအဖြစ် အသက်မွေးရင်း သာယာဝတီခရိုင် ကင်းထောက်မင်းကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။ သာယာဝတီ သူပုန်အရေးတွင် သူပုန်အမှုများ လိုက်ပါဆောင်ရွက်ပေးသဖြင့် နာမည် ကြီးခဲ့သည်။
 
== နိုင်ငံရေးလှုပ်ရှားမှု ==
၁၉၄၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်အမည်ခံကာ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၁၉၃၇ ခုနှစ်တွင် အရွေးခံရသည်။ လွှတ်တော်တွင် လစာမယူဘဲ ဆောင်ရွက်ခဲ့သည့်အပြင် (ထိုခေတ်က ၅၀၀၀ စားခေတ်) ၁၃ဝဝပြည့် အရေးတော်ပုံအတွင်း အစိုးရ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်သဖြင့် ဥပဒေပြုလွှတ်တော် အမတ်အဖြစ်မှ နှုတ်ထွက်၍ တဖန်အရွေးခံသောအခါ မဲဆန္ဒရှင်များသည် သူ့ကိုပင် အားထားနှစ်သက်ကြသဖြင့် ရွေးကောက်ခြင်းခံရပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကြီး၏ ဥက္ကဌဖြစ်လာပြီး ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးဥက္ကဌ ဖြစ်လာလေသည်။
 
စာကြောင်း ၆၀ -
သာယာဝတီခရိုင် အုတ်ဖိုမြို့ ဦိးဘကျော်၏ သမီး ဒေါ်ခင်ညွန့်နှင့် လက်ထပ် ထိမ်းမြားခဲ့ပြီး သားသမီးမထွန်းကားခဲ့ချေ။
 
== ဘဝနိဂုံး ==
ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်(၁၃၀၉ခုနှစ် ဝါခေါင်လဆန်း ၂ရက်)၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။
 
 
== ကိုးကား ==
<references/>
 
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:အာဇာနည်နေ့]]