လားဟူလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: bo:ལ་ཧུའུ་མི།
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၇ -
 
== ကောက်သစ်စားပွဲ ==
ကောက်သစ်စားပွဲသည် လားဟူအမျိုးသားတို့အတွက် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ လားဟူလူမျိုးမှာ အရေးကြီးသော ပွဲလမ်းနှစ်ခုရှိသည်။
# နှစ်သစ်ကူး ပွဲ (ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ကျင်းပသည်။)
# ကောက်သစ်စားပွဲ (စက်တင်ဘာအကုန် အောက်တိုဘာအချိန်တွင် ကျင်းပလေ့ရှိသည်။)
 
ကောက်နှံများ ရင့်မှည့်လာသောအချိန်မှာ ရပ်ရွာလူကြီးများက ကောက်သစ်စားပွဲ ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြရ၏။ လားဟူလူမျိုးတို့၏ ပြက္ခဒိန်ရက် သတ်မှတ်မှုသည် တရုတ်လူမျိုးများနှင့် ဆင်တူသည်။ တစ်ပတ်တွင် နေ့ရက် ၁၂ ရက်ရှိပြီး ရက်များကို ခွေး၊ နွား၊ မြွေ စသည့် တိရစ္ဆာန်အမည်များဖြင့် သတ်မှတ်ထားပါသည်။ ထိုရက်များထဲမှ ယုန်ရက်၊ ကျားရက်နှင့် နဂါးရက်များမှာ နေ့ထူးနေ့မြတ်များ ဖြစ်သောကြောင့် ရွေးချယ်ကြခြင်း ဖြစ်သည်။ ထိုသို့ ရက်သတ်မှတ်ပြီးလျှင် ရပ်ရွာရှိ လမ်းများကို သေချာပြင်ဆင်ပြီး တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြရသည်။ ရွာသူရွာသားများက ကောက်သစ်စားပွဲအတွက် စပါးကို သေချာရိတ်သိမ်းပြီး ဆန်အဖြစ် ထောင်းကြရသည်။ ကောက်သစ်နှင့်အတူ တောင်ယာတွင် စိုက်ထားသော ပြောင်းဖူး၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်များနှင့် ဟင်းခပ် အမွေးအကြိုင်များကိုပါ ဆွတ်ခူး ယူလာကြရပါသည်။ ကောက်သစ်စားပွဲနေ့ မနက်တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူက တောင်ယာထွက် ကောက်သစ်နှင့် သီးနှံများနှင့် ဘုရားသခင်ကို ဆက်ကပ်ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး ဝတ်ပြု ဆုတောင်းကြပါသည်။
စာကြောင်း ၂၆ -
 
== အယူအဆ ==
* (လားဟူ အမျိုးသားများ) ရွာထိပ်သစ်ပင်များကို မခုတ်ရ။ ရွာထိပ်နတ်စင်နှင့် ရွာအနီးအနားရှိ သစ်တောကို မီးရှို့ခြင်း၊ ထင်းခုတ်ခြင်း မပြုရ။ ခုတ်လျှင် သေတတ်သည်၊ ကျားကိုက်တတ်သည်ဟု အယူရှိကြသည်။
 
* (လားဟူ အမျိုးသားများ) ရွာတွင် သူတပါးသားမယားအား ပြစ်မှား ကျူးလွန်သူရှိပါက ကျွဲကို ကျားဆွဲတတ်သည်။
 
{{မြန်မာပြည် လူမျိုးများ}}