လက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီးNo edit summary
စာကြောင်း ၂၄ -
ငါးချောင်းတို့တွင်လည်း အရင်းဆစ်ရိုးငါးခု၊ အလယ်ဆစ်ရိုး လေးခုနှင့် အဖျားဆစ်ရိုး ငါးခုဟူ၍ အဆစ်ရိုးကလေးပေါင်း ၁၄ ခု ရှိသည်။ လက်မတွင် အလယ်ဆစ်ရိုးမရှိချေ။ ထိုအဆစ်ကလေးများသည် ပျော့ပျောင်းသော အရွတ်များဖြင့် ဆိုင်းလျက်ရှိ၏။ လက်မောင်းရိုး၊ လက်ဖျံရိုး၊ လက်ကောက်ဝတ်ရိုး၊ လက်ဖဝါးရိုးနှင့် လက်ဆစ်ရိုးစသည်တို့မှာ ပြွန်ကဲ့သို့ ခေါင်းပွဖြစ်၍ အတွင်း၌ ခြင်ဆီနှင့် ပြည့်နေလေသည်။ လက်ကို လှုပ်ရှားစေနိုင်သော ကြွက်သားစိုင်တို့သည် များသောအားဖြင့် လက်ရုံးတွင်ရှိကြ၏။ ထိုကြွက်သားစိုင်တို့ကို ခိုင်မာသော ကြွက်သားကြောများက လက်ရိုးများဖြင့် ဆက်၍ပေးထားရာ ကျွန်ုပ်တို့၏ လက်ချောင်းများကိုချိုးကြည့်လျှင် ထိုကြွက်သားကြောများအား မျက်စိဖြင့်လည်း မြင်နိုင်၍ လက်ဖြင့်လည်း စမ်းသပ်တွေ့ရှိနိုင်သည်။ လက်များကို အထက်
အောက်သို့လည်းကောင်း၊ ဝဲယာသို့လည်းကောင်း လှုပ်ရှားပေးသောအခါ လက်ပြင်ရိုးနှင့် လက်မောင်းရိုးတို့သည် ချွတ်ချော်တိမ်းပါးသွားခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရိုးနှစ်ခုမှာ ဆုံလည်ဆက် သဘောမျိုးဖြင့် ဆက်နေခြင်းကြောင့်တစ်ကြောင်း၊ ကြွက်သားကြောတို့ဖြင့် ဆိုင်းလျက်ရှိခြင်း
ကြောင့်တစ်ကြောင်းဖြစ်သည်။ အရိုးတစ်ခုနှင့်တစ်ခု ပွတ်တိုက်ရာတွင် မပွန်းမပဲ့စေခြင်းငှါ အရိုးများတွင် အရိုးနုတစ်ထပ် ခံလျက်ရှိလေသည်။ အရိုးအဆစ်တိုင်း၌လည်း အမြှေးတစ်ထပ် အုပ်လျက်ရှိသည်။ ယင်းအမြှေးတွင် အဆီဖြင့် ပြွမ်းလျက်ရှိ၏။ ထိုအဆီသည် အမြဲစွတ်စိုစေးချွဲနေသော ကြောင့်လည်း လက်ကိုအမျိုးမျိုးလှုပ်ရှားရာတွင် ပိုမိုပြေပြစ်စေသည်။ လက်တွင် [[လက်မ (ခန္ဓာဗေဒ)|လက်မ]]အသုံးဝင်ပုံမှာ အတော်ပင် ဆန်းကြယ်၏။ လက်မသည် ကိုင်တွယ်ကောက်ယူရာ၌ မည်သည့်လက်ချောင်းဖြင့် ကောက်သည်ဖြစ်စေ သူကဖေးမပေးရသည်။ သူမရှိက ကိုင်တွယ်၍မဖြစ်နိုင်ချေ။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကား ==
"https://my.wikipedia.org/wiki/လက်" မှ ရယူရန်