ဝေဠုဝတီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ဝေဠုဝတီမိဖုရားသည် ပုဂံခေတ်၌ [[နရသိင်္ခ]]မင်းလက်ထက်၌ ပေါ်ပေါက်လာသော မိဖုရားတစ်ပါး ဖြစ်သည်။
 
== အမည်ခေါ်တွင်ရပုံ ==
မြင်စိုင်း ဝက်ဝံအရပ်ရှိ လူတို့သည် ဝါးတောထဲမှ ကြီးစွာသောဝါး၏ အထဲ၌ သံသေဒဇ ပဋိသန္ဓေအဖြစ် မွေးဖွားလာသော မိန်းမငယ်တစ်ဦးကို တွေ့ရှိခဲ့လေသည်။ ထိုမိန်းမငယ်ကို သူကြီးအိမ်သို့ ပို့လိုက်ကြ၍ သူကြီးမိသားစုက ထိုမိန်းမငယ်ကို ပြုစုစောင့်ရှောက် ကျွေးမွေးထားလေသည်။ ဝါးတောထဲမှ ရသောကြောင့် ဝေဠုဝတီဟု အမည်ပေးခဲ့လေသည်။ မိန်းမငယ်သည် အရွယ်ရောက်လာသောအခါ လှပတင့်တယ်သည် ဆို၏။
 
== ဘုရင်အကြိုက် ==
လှပသောသမီးပျိုကို တောနှင့်မတန်၊ ရှင်ဘုရင်နှင့်သာ ထိုက်မည်ဟု သူကြီးက စဉ်းစားကား နရသိင်္ခမင်းထံ ဆက်သလိုက်သည်။ နရသိင်္ခမင်းက သေချာစွာကြည့်၍ အကဲခတ်လေသည်။ သို့သော်ရှင်ဘုရင်က နှစ်သက်ဟန်မတူဘဲ မယ်တော်မိဖုရားကြီးအား ဘုန်းမဆုံသည် ဖြစ်၍ `နားကျယ်နှင့် ဝမ်းပျက်လိလိ´ဟု တိုးညင်းစွာ မိန့်တော်မူ၏။ (နားကျယ်နှင့် ဝမ်းပျက်လိလိ ဆိုသည်မှာ နားရွက်တစ်ဖက်က အဆမတန်ကြီးမားနေသည်။ ထို့ကြောင့် အမြင်မလှ ဖြစ်နေသည်ဟု ဆိုခြင်းဖြစ်သည်။) ညီတော် အိမ်ရှေ့မင်းနှင့် စုံဖက်ပါစေဟု ဆိုသည်။
 
စာကြောင်း ၁၁ -
နရသိင်္ခမင်းက ဝေဠုဝတီမင်းသမီးကို မြင်သောအခါ အလွန်သဘောကျလျှက် ရယူလိုကာ စဉ်းစားတော်မူသည်။ ညီတော်အိမ်ရှေ့မင်းကို ခေါ်တော်မူပြီး ငဆောင်ချမ်းအရပ်၌ မငြိမ်မသက်ဖြစ်နေ၍ စစ်ချီရန် လွှတ်လေသည်။ နရပတိစည်သူ မင်းသားလည်း စစ်သည်အင်အားအပြည့်နှင့် ငဆောင်ချမ်းသို့ စစ်ချီတော်မူသည်။ ညီတော်မရှိခိုက်တွင် ခယ်မတော် ဝေဠုဝတီမင်းသမီးကို မိဖုရားအဖြစ် နန်းတင်တော်မူလေသည်။
 
== ကံဆိုးသူ မြင်းခံငပြည့် ==
အိမ်ရှေ့မင်း နရပတိစည်သူ မင်းသားသည် စစ်မထွက်ခင်ကတည်းက နောင်တော်၏ အကြံကို ရိပ်မိတော်မူ၍ မြင်းခံငပြည့်ကို မြင်းနှင့် တကွ `ငါ့အိမ်တော်တွင် အခင်းထွက်လျှင် လျင်လှစေ´ဟု မှာတော်မူခဲ့လေသည်။ နရသိင်္ခမင်း ဝေဠုဝတီမင်းသမီးကို နန်းတင်တော်မူသောအခါ
မြင်းခံငပြည့်သည် အလျှင်အမြန် အိမ်ရှေ့မင်းစစ်ချီရာသို့ လိုက်လေသည်။ ငါးပယ်ချောင်းအရပ်သို့ ရောက်သော် နေဝင်လေပြီ။ ငပြည့်သည် ချောင်းကိုမကူးတော့ဘဲ ချောင်းကမ်းစပ်တွင် အိပ်လေသည်။ နောက်တစ်နေ့ အရုဏ်တက်၌ မြင်းကိုစီး၍ ခရီးဆက်သည်။ မကြာမှီ အိမ်ရှေ့မင်း၏ တပ်နှင့် ပက်ပင်းတိုး၍ လျှောက်တင်သောအခါ နရပတိစည်သူက အချိန်မီ ရောက်မလာခဲ့၍ မြင်းခံငပြည့်ကို သတ်စေအမိန့် ပေးလိုက်လေသည်။
 
== မျှော်လင့်ထားသော အောင်စွာငယ် ==
 
<ref>တက္ကသိုလ်စိန်တင်၏ ပုဂံရှာပုံတော်(၂)</ref>
 
== အကိုးအကား ==
<references/>
 
{{ပုဂံခေတ်}}
{{DEFAULTSORT:က}}
 
[[Category:သမိုင်း]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:ပုဂံမင်းဆက်]]
{{DEFAULTSORT:က}}