ဝံသ၊ မောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး မောင်ဝံသ မှ​ ဝံသ၊ မောင် သို့​
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
== '''မောင်ဝံသ (၁၉၄၅-)''' ==
 
[[imageFile:Wontah.jpg|thumb]]
စာရေး ဆရာ မောင်ဝံသ၏ အမည်ရင်းမှာ ဦးစိုးသိမ်း ဖြစ်သည်။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ လယ်ယာနှင့် ဆန်စက် လုပ်ငန်းပိုင်ရှင် အဖ ဦမောင်ခင်၊ အမိ ဒေါ်မြစိန် တို့က ၁၉၄၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၈ ယောက် အနက် အငယ်ဆုံး ဖြစ်သည်။
 
 
== ကျောင်းသားဘဝနှင့် လှုပ်ရှားမှု ==
 
ဆရာသည် မြစ်ကျိုးကျေးရွာ အစိုးရ မူလတန်း ကျောင်းမှ မူလတန်း အောင်မြင် ခဲ့ပြီး၊ ပဲခူးမြို့ အမျိုးသား တန်းမြင့် ကျောင်းသို့ ဆက်လက် တက်ရောက်၍ တက္ကသိုလ် ဝင်တန်း အောင်မြင်ကာ ရန်ကုန် တက္ကသိုလ်သို့ ဆက်လက် တက်ရောက် ခဲ့ပြီး၊ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
စာကြောင်း ၁၃ -
 
 
== စာပေနယ်သို့ စတင် ဝင်ရောက်ခြင်း ==
 
၁၉၅၈ ခုနှစ်တွင် ကဗျာနှင့် ဝတ္ထုတိုများ စတင် ရေးသား ခဲ့ပြီး၊ ‘မောင်ဝံသ’ ကလောင် အမည်ကို ၁၉၆၁ ခုနှစ်တွင် စတင် အသုံးပြု ခဲ့သည်။ ၁၉၆၅ ခုနှစ်မှ စ၍ ပညာရေးနှင့် လူငယ် ဆိုင်ရာ ဆောင်းပါးများ အများဆုံး ရေးသား ခဲ့သည်။ ၁၉၇၅ - ၇၇ ခုနှစ်များတွင် အရှေ့တောင်နှင့် အရှေ့မြောက် နယ်ခြားများသို့ ခရီး ထွက်ခဲ့ပြီး၊ နယ်ခြားရေးရာ များနှင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ အကြောင်း၊ သတင်းစာ များတွင် အခန်းဆက် ဆောင်းပါးများ ရေးသား ခဲ့ပြီး စုစုပေါင်း ဆောင်းပါး ပုဒ်ရေ ၄ဝဝ ကျော် ရေးသား ခဲ့သည်။
စာကြောင်း ၂၇ -
 
 
== နိုင်ငံရေးလှုပ်ရှားမှု ==
 
၁၃၅ဝ ပြည့်နှစ် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် သတင်းစာ တိုက်ပေါင်းစုံ ကော်မတီဝင် အဖြစ် ပါဝင် လှုပ်ရှား ခဲ့သဖြင့် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာ လဆန်းမှ စ၍ ဗိုလ်တထောင် သတင်းစာ အယ်ဒီတာ အဖြစ်မှ တာဝန် ရပ်စဲခြင်း ခံခဲ့ရသည်။ ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ထူထောင်သော အခါ တတ်သိ ပညာရှင်များ အဖွဲ့တွင် ပါဝင်ခဲ့ကာ ပဲခူးတိုင်း စည်းရုံးရေး ကော်မတီဝင် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရပြီး၊ ပဲခူးတိုင်း ၂၈ မြို့နယ် အတွင်း စည်းရုံးရေး လုပ်ငန်းများကို လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ဗဟို ဦးစီး အဖွဲ့ဝင် အဖြစ် ပူးတွဲ တာဝန် ယူခဲ့သည်။
စာကြောင်း ၅၂ -
<ref>''ရေနံချောင်း အမှတ် (၂) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ကျော်ဟန် စုစည်း ပြုစုသော(၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့) “ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း” စာအုပ်</ref>
 
== ကိုးကား ==
<references/>
{{DEFAULTSORT:ဝ}}
 
[[Category: အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ စာရေးဆရာများ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:ဂျာနယ်လစ်]]
{{DEFAULTSORT:ဝ}}