ဗိသုကာပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +cleanup
စာကြောင်း ၂၂ -
 
== မြန်မာဗိသုကာပညာ ==
မြန်မာနိုင်ငံ ဗိသုကာပညာသည် [[အိန္ဒိယနိုင်ငံ]] မဇ္ဈိမဒေသမှ [[ဗုဒ္ဓ]]အယူဝါဒနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြသည် ။ ဗိသုကာပညာသည် ရှေးဦးစွာ ပျူလူမျိုးတို့၏ ဒေသဖြစ်သော သရေခေတ္တရာ၌ ၎င်း ၊ ရှေးမွန်လူမျိုးတို့၏ ဒေသဖြစ်သော သုဝဏ္ဏဘုမ္မိ သထုံ၌၎င်း ထွန်းကားခဲ့သည် ။ [[သရေခေတ္တရာခေတ်]] တွင် ထင်ရှားသည့် လက်ရာမှာ ပေါပေါကြီး ( ဘောဘောကြီး ) ၊ ဘုရားကြီး ၊ ဘုရားမာတို့ ဖြစ်သည် ။ ပေါပေါကြီးဘောဘောကြီး ဘုရားသည် အထက်အောက် တပြေးတည်း ကဲ့သို့ လုံးပတ် ညီညာသော စေတီ ဖြစ်၍ ဘုရားကြီးနှင့် ဘုရားမာတို့သည် အထက်ပိုင်းချွန်သော စေတီလုံးများ ဖြစ်သည် ။ ခေါင်းလောင်းပုံ ၊ သပိတ်မှောက်၊ ဖောင်းရစ် ၊ ကြာမှောက်ကြာလှန်များ မပါဝင်ချေ ။
[[ပုဂံခေတ်]] ကျန်စစ်သားမင်းလက်ထက်တွင် မြန်မာတို့၏ ဗိသုကာပညာသည် အထွတ်အထိပ်သို့ရောက်နေပြီဟု ဆိုနိုင်သည် ။ [[ပုဂံခေတ်]]ဂူဘုရားများတွင် အပြင်နံရံမှ အတွင်းမဏ္ဍိုင်သို့ မိုးလျှောပေါင်းကူးပြုလုပ်ခြင်း ၊ သစ်သားထုတ်လျောက်မပါဘဲ ခိုင်ခံ့စွာစီမံထားနိုင်ခြင်းသည် ချီးကျူးလောက်သော မြန်မာ့ဗိသုကာပညာရပ်ပင်ဖြစ်သည် ။ <sup> [၁]</sup> ပုဂံခေတ်နောက်ပိုင်းတွင် ဗိသုကာလက်ရာ သိသိသာသာ ထွန်းကားခြင်းမရှိဘဲ ၁၈၅၇ ရောက်မှ [[အနုပညာ]]များ အားသစ်တက်လာသည် ။ မန္တလေး ဗိသုကာ အဆောက်အအုံများသည် ပုဂံခေတ်၏ အစဉ်အလာများကို လိုက်နာကျင့်သုံးထားသော်လည်း အနောက်နိုင်ငံ ဗိသုကာ အငွေ့အသက်များ သိသိသာသာ သက်ရောက်ထင်ဟပ်လျက်ရှိသည် ။