ညိုမြ (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး I want to links Oway Mangazine
 
စာကြောင်း ၄၅ -
 
[[File:O_Way_Nyo_Mya.jpg|thumbnail|128px|အိုးဝေညိုမြ]]
၁၉၃၅ - ၃၈ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလုပ်သည်။ အမေရိကန်ပြည်ထောင်စု ယေးလ်တက္ကသိုလ် အရှေ့ပိုင်းဌာန မြန်မာစာနည်းပြဆရာ၊ စစ်သတင်း မြန်မာလို ထုတ်လွှင့်သူ။ မြန်မာ သတင်းစဉ် ထုတ်ဝေသူ (၁၉၄၂ - ၄၃)၊ ဝါရှင်တန်ဒီစီ မြန်မာ့ရေးရာ အကြံရေးပုဂ္ဂိုလ် (၁၉၄၃ - ၄၄)၊ အိန္ဒိယပြည် အာသံပြည်နယ် လီဒိုမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ စိတ်ဓာတ်စစ်ဆင်ရေးဌာန အကြီးအကဲ (၁၉၄၄ - ၄၅) အဖြစ် အမှုထမ်းခဲ့ပြီး အမှုထမ်းလောကမှ အပြီးအပိုင် နုတ်ထွက်ခဲ့သည်။ မြန်မာပြည် ပြန်ရောက်ပြီးနောက် ၁၉၄၆ ခုနှစ်တွင် [[အိုးဝေမဂ္ဂဇင်း|အိုးဝေသတင်းစာ]] ထူထောင် ခဲ့သည်။ ၁ ဖေဖော်ဝါရီ ၁၉၄၇ ခုနှစ်တွင် ဒေါ်ခင်သန်းနွယ်နှင့် လက်ထပ်သည်။ ၁၉၅၃ ခုနှစ်တွင် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ယူဂိုစလားဗီးယား၊ ဆွစ်ဇာလန်၊ ဂရိ၊ ၁၉၅၄ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် စင်ကာပူ၊ ၁၉၅၅ ခုနှစ်တွင် မာလာယု၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ယိုးဒယား၊ ၁၉၆၁ ခုနှစ်တွင် မြောက်ကိုးရီးယား နိုင်ငံများသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ (၁၉၅၇ - ၅၈)၊ [[မုံရွာမြို့နယ်]] ပါလီမန်လွှတ်တော်အမတ် (၁၉၆ဝ) အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၈ - ၇၄ ခုနှစ် များတွင် အိုးဝေ ဂျာနယ်ကို ထုတ်ဝေ ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြှင့် ခံရသည်။
 
၁၉၃၃ ခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ရောက်သည့်အချိန်မှ စ၍ "ညိုမြ" ကလောင်အမည် ခံယူကာ တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း၊[[အိုးဝေမဂ္ဂဇင်း|အိုးဝေမဂ္ဂဇင်]]း၊ ဂန္ဓလောကမဂ္ဂဇင်း တို့တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေးများ ရေးခဲ့သည်။ ၁၉၃၅ - ၃၆ ခုနှစ် ဇန်နဝါရီလ အိုးဝေမဂ္ဂဇင်းတွင် ပါရှိသည့် "'''ငရဲခွေးကြီး လွတ်လာပြီ'''" ဟု အနက်ရသော '''Hell Hound at Large''' အင်္ဂလိပ်လို ရေးသည့် ဆောင်းပါးသည် ညိုမြသည် '''ယမမင်း'''ဟူသော ကလောင်အမည်ဖြင့် အပြောင်မြောက်ဆုံး သမိုင်းဝင် သရော်စာတပုဒ်အဖြစ် ရေးသားခဲ့ခြင်းဖြင့် ပိုမိုထင်ရှားသည်။ ၁၉၄၆ ခုနှစ်တွင် အိုးဝေ သတင်းစာ ထူထောင်သော အခါ "ဘုန်းကြီးကျောင်းသား မောင်သုမန" ကလောင် အမည်ခံ၍ သတင်းဆောင်းပါး မြောက်မြားစွာ ရေးသားခဲ့သည်။ ထင်ရှားသည့် စာပေလက်ရာ အချို့မှာ
* နန်းကြာညို (၁၉၃၈)၊
* ညိုမြစာစု (၁၉၃၉)၊