တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ -
အထက်တန်းပညာနှင့် ဗဟုသုတများကို စံနစ်တကျပို့ချရာ
‌ကျောင်းကြီးများကို တက္ကသိုလ်ဟု‌ခေါ်သည်။ ‌ရှေးယခင်က
တက္ကသိုလ်များသည် စာ‌ပေပညာ၌ ဝါသနာပါသူတစ်စုက
အထက်တန်းပညာရပ်များကို သင်ကြား‌ပေးရန် ဖွဲ့စည်းထား‌သော
အဖွဲ့အစည်းများသာ ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌မူ
နိုင်ငံ‌တော်အစိုးရ သို့မဟုတ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး
သို့မဟုတ် ဘုရင်မင်းမြတ်တို့က ချာတာ‌ခေါ် အထူးအခွင့်အ‌ရေး
‌ပေး‌သောစာချုပ်ဖြင့် တည်‌ထောင်ခွင့်ပြု‌သော အထက်တန်းပညာ
ရပ်များကို သင်ကြားပို့ချ‌ပေးသည့် ‌ကျောင်းကြီးများကိုသာ
တက္ကသိုလ်ဟု‌ခေါ်သည်။ ယင်းတို့သည် သတ်မှတ်ထား‌သော
စည်းကမ်းနှင့် အဆင့်အတန်းပြည့်စုံသူများအား စာ‌မေးပွဲဖြင့်
စစ်‌ဆေးပြီး‌နောက် ဘွဲ့ထူးဂုဏ်ထူးများ ‌ပေးအပ်နိုင်‌လေသည်။
ဘွဲ့ထူးဂုဏ်ထူးမ‌ပေးမီ တက္ကသိုလ်၌ တက်‌ရောက်သင်ကြားရန်
နှစ်ပိုင်း၊ သင်တန်းတက်အချိန်‌ပေါင်း ‌ဖြေဆို ရမည့်စာ‌မေးပွဲများ
ကို သတ်မှတ်ထား‌လေသည်။
 
တက္ကသိုလ်ကို အဂင်္လိပ်ဘာသာဖြင့် ယူနီဗာစီတီဟု ‌ခေါ်
သည်။ ယင်းစကားသည် လက်တင်စကား ‘ယူနီဗာစီတပ်’မှ
လာ၍ အဖွဲ့အစည်းဟူ‌သော အဓိပ္ပါယ်ရသည်။ ပညာလိုလား
သူများနှင့် ဆရာများစု‌ပေါင်း၍ အဖွဲ့အစည်းကြီးများ တည်
‌ထောင်ရာမှအစ ဥ‌ရောပတိုက်တွင် ယူနီဗာစီတီ‌ခေါ် တက္ကသိုလ်
‌ကျောင်းကြီးများ ‌ပေါ်‌ပေါက်လာခြင်း‌ကြောင့်ဖြစ်သည်။ ယင်း
အဖွဲ့အစည်းသို့ နိုင်ငံ‌ပေါင်းစုံမှ ပညာလိုလား‌သော ‌ကျောင်းသား
တို့ လာ‌ရောက်ပညာသင်၍ ထိုသူတို့အား ဆရာတို့က ‌ထောက်
ခံချက်လက်မှတ်များ ထုတ်‌ပေးသည့်အ‌လေ့ ‌ပေါ်လာသည်။
 
‌နောင်‌သောအခါ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးက‌သော်၎င်း၊
ဘုရင်များက‌သော်၎င်း၊ အခွင့်အမိန့်မ‌ပေးဘဲ ပညာ‌ရေးအဖွဲ့ကြီး
များ မဖွဲ့၇၊ ဘွဲ့လက်မှတ်များ မ‌ပေးရဟူ‌သော ပညတ်ချက်များ
‌ပေါ်လာကာ အထူးအခွင့်အ‌ရေးစာချုပ်ဖြင့် တည်‌ထောင်‌သော
တက္ကသိုလ်များ ‌ပေါ်‌ပေါက်လာခြင်းဖြစ်သည်။
 
တက္ကသိုလ်များသည် အများအားဖြင့် စာ‌ပေပို့ချရာဌာနများ
ဖြစ်သဖြင့် သက်ဆိုင်ရာဘာသာရပ်တစ်ခုစီအတွက် ပါ‌မောက္ခ
များ၊ ကထိကများနှင့် နည်းပြဆရာများရှိသည်။ ထိုသူများက
စာ‌ပေပို့ချခြင်း၊ ညွှန်ကြား‌ပေးခြင်းများပြုသည်။ ဘာသာရပ်
တစ်ခုစီကို ဌာနတစ်ခုစီခွဲ၍ ပါ‌မောက္ခတစ်ဦးစီက အုပ်ချုပ်
သည်။ ယင်းဌာနများကိုပင် အသွင်တူရာဌာနချင်း‌ပေါင်း၍
မဟာဌာနဟု‌ခေါ်သည်။ ဝိဇ္ဇာမဟာဌာန၊ သိပ္ပံမဟာဌာန၊ ‌ဆေး
မဟာဌာန၊ အင်ဂျင်နီယာမဟာဌာန၊ ပညာ‌ရေးမဟာဌာန
စသည်ဖြင့်ရှိသည်။ မဟာဌာနများ အားလုံးကို စုစည်း၍
ပါ‌မောက္ခချုပ်တစ်ဦးက အုပ်ချုပ်သည်။ အချို့တက္ကသိုလ်များ၌
ထိုပုဂ္ဂိုလ်ကို ဥက္ကဌဟူ၍၎င်း၊ သဘာပတိဟူ၍၎င်း၊ အုပ်ချုပ်‌ရေး
မှူးဟူ၍၎င်း‌ခေါ်သည်။ ပါ‌မောက္ခချုပ်သည် တက္ကသိုလ်တစ်ခု
လုံး၏ အုပ်ချုပ်‌ရေးဆိုင်ရာ အမှု‌ဆောင်အရာရှိကြီးဖြစ်သည်။
 
တက္ကသိုလ်နှင့်သက်ဆိုင်သည့် ကိစ္စဟူသမျှကို ပါ‌မောက္ခချုပ်က
အုပ်ချုပ်‌ရေး‌ကောင်စီသို့ဖြစ်‌စေ၊ ပညာ‌ရေးဆိုင်ရာ ဆီးနိတ်
အဖွဲ့သို့ဖြစ်‌စေ အစီရင်ခံရသည်။ ယင်းတို့မှ သ‌ဘောတူ ချမှတ်
‌ပေး‌သောလုပ်ငန်းမှန်သမျှကို ပါ‌မောက္ခချုပ်ကတာဝန်ယူ ‌ဆောင်
ရွက်ရသည်။ မြန်မာနိုင်ငံတက္ကသိုလ်၌ ‌ကောင်စီ၏ ဥက္ကဌအဖြစ်
ဒုတိယအဓိပတိတစ်ဦး ခန့်ထားရသည်။ နိုင်ငံ‌တော်ဝန်ကြီးချုပ်
သည် ရာထူးအရ တက္ကသိုလ်အဓိပတိဖြစ်သည်။ အခြားနိုင်ငံ
တက္ကသိုလ်များ၌မူ အုပ်ချုပ်ပုံစံနစ်သည် တူသည့်‌နေရာတူ၍
ကွဲသည့်‌နေရာ ကွဲသည်။
 
‌ကျောင်းသားတို့အဖို့ တက္ကသိုလ်သို့ တက်‌ရောက်သင်ကြား
ခွင့်၇ရန် လိုအပ်‌သော အရည်အချင်းများမှာလည်း တက္ကသိုလ်
တစ်ခုနှင့်တစ်ခု အနည်းငယ်စီ ကွာခြားမှုရှိတတ်သည်။ ‌ယေဘု
ယျအားဖြင့် တူညီသည့် အချက်လည်းရှိသည်။ တက္ကသိုလ်သို့
တက်‌ရောက်သင်ကြားနိုင်ရန် စာ‌မေးပွဲဝင်‌ရောက် ‌ဖြေဆိုရသည်။
ယင်းစာ‌မေးပွဲကို တက္ကသိုလ်ဝင်စာ‌မေးပွဲဟု‌ခေါ်၍ စာ‌မေးပွဲ
‌အောင်သူများသာ တက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်သည်။ တက္ကသိုလ်
ဝင်စာ‌မေးပွဲဝင်သည်မှစ၍ ဘွဲ့မ၇‌သေးမီအတွင်း ဘွဲ့မ၇‌သေးသူဟု
‌ခေါ်၍ ဘွဲ့‌ပေးအပ်ခံရသည့်အခါမှ ဘွဲ့ရသူဟု‌ခေါ်ကြသည်။
 
တက္ကသိုလ်ဝင်စာ‌မေးပွဲ မ‌ဖြေဆိုမီ အထက်တန်း‌ကျောင်း၌
‌ယေဘုယျအားဖြင့် အနည်းဆုံး အဆင့် ၃ ဆင့်‌အောင်ရသည်။
တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌အောင်မြင်ပြီး‌နောက် ဘွဲ့၇ရန် အနည်း
ဆုံး ‌လေးဆင့်‌ဖြေရသည်။ သို့ရာတွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ မဟာ
ဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဆရာဖြစ်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ‌ဆေး
ပညာဘွဲ့စသည်ဖြင့် ဘွဲ့အမျိုးမျိုးရှိရာ သင်ကြားရသည့် နှစ်
အပိုင်းအခြားခြင်း မတူ‌ချေ။ အချို့ဘွဲ့ကို ‌လေးဆင့်‌ဖြေ၇‌သော်
လည်း အချို့ဘွဲ့ကို ခုနစ်ဆင့်‌ဖြေရသည်။
 
မျက်‌မှောက်‌ခေတ်တက္ကသိုလ်များသည် ‌ရှေးနှစ်ရာ‌ပေါင်းများ
စွာမှ စတင်‌ပေါ်‌ပေါက်ခဲ့‌လေသည်။ ‌ခေတ်အဆက်ဆက်၌ လူတို့
သည် ပညာအရပ်ရပ်ကို နည်းအမျိုးမျိုးဖြင့် ရှာမှီးခဲ့ကြရ၏။
ဗုဒ္ဓရှင်‌တော်မြတ် မပွင့်မီကာလကပင် ယခု‌ခေတ် တက္ကသိုလ်
များ၏ ‌ရှေ့‌ပြေးပညာ‌ပေးဗဟိုဌာနကြီးများဖြစ်‌သော တက္ကသိုလ်
ပြည် ဒိသာပါ‌မောက္ခဆရာကြီးများထံတွင် ပညာများကို ဆည်း
ပူးသည့်အ‌လေ့ရှိခဲ့သည်။ ထို့‌ကြောင့် ပညာဆည်းပူး ရာ‌ကျောင်း
ကြီးကို တက္ကသိုလ်ပြည်အားအစွဲပြု၍ တက္ကသိုလ်ဟု မှည့်‌ခေါ်
ထားကြသည်။ ဘုရားပွင့်‌တော် မူပြီး‌နောက် ခရစ်နှစ် ၄၅၀ ခန့်
တွင် ‌ပေါ်‌ပေါက်၍ထင်ရှား‌သော မဂဓတိုင်းမှ နလန္ဒ၊ ဝိက္ကမသီ
လဩဒန္တပူရ ‌ကျောင်းကြီးများသည်၎င်း၊ အိန္ဒိယ‌တောင်ပိုင်း
သီရိဓညကနုက ‌ကျောင်းတိုက်သည်၎င်း၊ ဗဂင်္လားနယ်မှ
ဇဂဒ္ဒလ‌ကျောင်းတိုက်သည်၎င်း ‌ကျော်ကြား‌သော ဗုဒ္ဓတက္ကသိုလ်
ကြီးများပင်ဖြစ်သည်။ ‌ရှေး‌ခေတ်ကမူ ယခု ‌ခေတ်ကဲ့သို့
တက္ကသိုလ်မ‌ပေါသဖြင့် ပညာလိုလားသူတို့သည် တက္ကသိုလ်
ရှိရာသို့ အသက်ဆံဖျား သွား‌ရောက်ဆည်းပူးကြရသည်။ ခရစ်
မ‌ပေါ်မီဖြစ်‌သော လွန်ခဲ့သည့် အနှစ် ၂၀၀၀ ခန့်က အီဂျစ်နိုင်ငံ
အလက်ဇန္ဒဒြီးယားမြို့ကြီး၌ သိပ္ပံပညာတက္ကသိုလ်ကြီး ‌ပေါ်
‌ပေါက်ခဲ့သည်။ သချင်္ာဆရာကြီး ယူကလစ်၊ ကမ္ဘာ၏အရွယ်
အစားကို ပထမဆုံးတိုင်းတာ‌သော ပညာရှင်ကြီး အီရာ‌တော့
သနီး၊ ပထမဆုံး ကြယ်နက္ခတ်‌မြေပုံကို ပြုပြင်စီရင်
‌သော နက္ခတ်ဆရာကြီး ဟိပါကတ်၊ သိပ္ပံပညာရှင်ကြီး အာခီမီ
ဒီ စ‌သောပါ‌မောက္ခကြီးတို့သည် အလက်ဇန္ဒဒြီးယား တက္ကသိုလ်
ကြီး၌ စာ‌ပေပို့ချခဲ့သူများ ဖြစ်ကြသည်။ ယင်းတက္ကသိုလ်ကြီးကို
ထိုအချိန်က တက္ကသိုလ်ဟုမ‌ခေါ်ဘဲ အလက်ဇန္ဒဒြီးယားပြတိုက်
နှင့် ပိဋကတ်တိုက်ကြီးဟု ‌ခေါ်‌လေသည်။
 
ဥ‌ရောပတိုက်၏ ‌ရှေးအကျဆုံးတက္ကသိုလ်မှာ အီတလီနိုင်ငံ
ဆလာနိုမြို့တွင် ခရစ်နှစ် ၈၀၀ ‌ကျော် ၉၀၀ တွင်း ‌ပေါ်‌ပေါက်
လာ‌သောတက္ကသိုလ်ဖြစ်သည်။ ယင်းတက္ကသိုလ်သည် ‌ဆေးပညာ
သင်ကြားမှုအတွက် အထူး‌ကျော်ကြားသည်။ ဖွင့်လှစ်စက
‌ကျောင်းသ‌ဘောဖြစ်၍ ၁၂၃၁ ခုနှစ်တွင်မှ ထုံးတမ်းစဉ်လာအရ
တက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံရသည်။ ၁၂ ရာစုနှစ် ကုန်ခါ
နီး‌လောက်တွင် ဗိုလိုညားတက္ကသိုလ် ‌ပေါ်‌ပေါက်လာသည်။
 
ယင်းတက္ကသိုလ်၌မူ ဆလာနိုတက္ကသိုလ်၌ကဲ့သို့ ‌ဆေးပညာ
တစ်ခုတည်းကိုသာမဟုတ် ပညာရပ်မျိုးစုံ သင်ကြား‌ပေး‌သော
တက္ကသိုလ်ဖြစ်သည်။ ဥပ‌ဒေပညာအတွက် အထူး‌ကျော်ကြား
‌သော တက္ကသိုလ်ဖြစ်သည်။ ၁၂ ရာစုနှစ် ‌နောက်ပိုင်းမှ စံနစ်
တကျ တည်‌ထောင်လိုက်‌သော ပဲရစ်တက္ကသိုလ်သည် အလယ်
‌ခေတ် အထက်တန်းပညာ‌ပေးဌာနတို့တွင် အထင်ရှားဆုံးဖြစ်
သည်။ ယင်းတက္ကသိုလ်သည် ဘုရားရှိခိုး ‌ကျောင်းရန်ပုံ‌ငွေဖြင့်
ဖွင့်လှစ်‌သော‌ကျောင်းမှ ‌ပေါက်ဖွားလာခြင်းဖြစ်သည်။ ဥ‌ရောပ၏
စံပြတက္ကသိုလ်အဖြစ် ‌ကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး
ကိုယ်တိုင် အား‌ပေးချီး‌မြှောက်ပြုခဲ့ရာ ကျန်းဂန်စာ‌ပေ ပို့ချရာ၌
အထူး‌ကျော်ကြားသည်။ ၁၂၅ရ ခုနှစ်တွင် ပဲရစ်တက္ကသိုလ်၌
ကမ္ဘာ‌ကျော် ‌ဆော်ဗန်း‌ကောလိပ်‌ကျောင်းကို တည်‌ထောင်သည်။
 
ပဲရစ်တက္ကသိုလ်ကြီးသို့ ခရစ်ယန်သာသနာဝင် နိုင်ငံများစွာမှ
သွား‌ရောက်ဆည်းပူးကြသည်။ ၁၁၆ရ ခုနှစ်တွင် အဂင်္လန်နှင့်
ပြင်သစ်တို့ မသင့်မတင့်ဖြစ်‌သောအခါမှ အဂင်္လိပ်တို့သည်
ကိုယ်ပိုင်တက္ကသိုလ် တည်‌ထောင်ရန် စိုင်းပြင်းကြသည်။ ခရစ်
နှစ် ၁၂၀၀ ‌ကျော်တွင် ‌အောက်စဖို့မြို့၌ ‌ကောလိပ်‌ကျောင်းတိုက်
‌ပေါင်းများစွာ တည်‌ထောင်၍ ၁၂၅ရ ခုနှစ်တွင် ယင်း‌ကောလိပ်
‌ကျောင်းများကို စု‌ပေါင်းကာ ‌အောက်စဖို့တက္ကသိုလ်ဟူ၍ ဖွင့်
လှစ်သည်။ ပဲရစ်တက္ကသိုလ်‌နောက် အ‌ကျော်ကြားဆုံး‌သော
တက္ကသိုလ်ဖြစ်သည်။ အလားတူထင်ရှား‌သော အခြားအဂင်္လိပ်
တက္ကသိုလ်တစ်ခုကား ကိမ်းဗရစ်တက္ကသိုလ်ဖြစ်သည်။ ယင်း
တက္ကသိုလ် ၂ ခုစလုံးပင် ခရစ်ယန်ကျမ်း စာသင်တိုက်ကြီးများ
အဖြစ်မှ တိုးတက်လာခြင်းဖြစ်သည်။ ယခုအခါ ‌အောက်စဖို့
တက္ကသိုလ်တွင် ‌ကောလိပ်‌ကျောင်းတိုက်‌ပေါင်း ၂၆ တိုက်ရှိ၍
ကိမ်းဗရစ်တက္ကသိုလ်တွင် ‌ကျောင်းတိုက်‌ပေါင်း ၂၀ ရှိသည်။
ယင်းအဂင်္လိပ်တက္ကသိုလ်ကြီး ၂ ခုမှစ၍ ‌ကောလိပ်‌ကျောင်းစံနစ်
‌ပေါ်‌ပေါက်ခဲ့‌လေသည်။
 
တက္ကသိုလ်နှင့် ‌ကောလိပ်‌ကျောင်းတို့တွင် ခြားနားချက်ရှိ
သည်။ ‌ကောလိပ်‌ကျောင်းဆိုသည်မှာ ပညာတစ်ရပ်ကိုသာ အာရုံ
စိုက်၍သင်‌သော အထက်တန်းပညာ‌ပေး‌ကျောင်းကြီးဖြစ်သည်။
အထက်တန်း ‌ဆေးပညာတစ်ခုကိုသာ သတ်မှတ်သင်‌ပေး‌သော
‌ဆေး‌ကောလိပ်၊ အထက်တန်းအင်ဂျင်နီယာပညာတစ်ခု
ကိုသာ သတ်မှတ်သင်‌ပေး‌သော အင်ဂျင်နီယာ ‌ကောလိပ်တို့
ကဲ့သို့ပင်ဖြစ်သည်။ တက္ကသိုလ်၌မူ ပညာရပ်တစ်ခုကိုသာမ
ဟုတ် ပညာရပ်မျိုးစုံ သင်ကြား‌ပေးသည်။ ‌ကောလိပ်‌ကျောင်း
များသည် ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌နေထိုင်မှုနှင့် ပညာ
ရပ်သင်ကြားမှု‌လောက်သာ ‌ပေးစွမ်းနိုင်၍ တက္ကသိုလ်များကမူ
ယင်းကိစ္စတို့အပြင် စာ‌မေးပွဲစစ်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူး‌ပေးအပ်
ခြင်းတို့ကိုပါ ‌ဆောင်ရွက်သည်။ ‌ကောလိပ်‌ကျောင်း ‌ပေါင်းများ
စွာ စု‌ပေါင်းဖွဲ့စည်းထားခြင်းကို တက္ကသိုလ်ဟု‌ခေါ်သည်။
 
တစ်ခါတစ်ရံ ‌ကောလိပ်‌ကျောင်းများသည် တက္ကသိုလ်သို့ တက်
‌ရောက်မသင်ကြားမီ အဆင်းအတန်းမှီ‌အောင် အသင့်ပြင်ရာ
ပညာ‌ပေးဌာနများဖြစ်သည်။ ဗက်ပတစ်‌ကောလိပ်‌ကျောင်း၊
စိန်ဂျွန်း‌ကောလိပ်‌ကျောင်း စသည်တို့ကဲ့သို့ဖြစ်သည်။
ခရစ်နှစ် ၁၃၀၀ ‌ကျော်‌သောအခါ ဥ‌ရောပတိုက်ရှိ အခြား
နိုင်ငံများ၌လည်း တက္ကသိုလ်များ စတင်ဖွင့်လှစ်ကြသည်။
ဂျာမနီနိုင်ငံမှ ပရပ်တက္ကသိုလ်၊ ဟိုက်ဒဲဗတ်တက္ကသိုလ်၊
ဘာလင်တက္ကသိုလ်၊ ပိုလန်နိုင်ငံမှ ကရာကိုတက္ကသိုလ်၊
ဗယ်လဂျီယံနိုင်ငံမှ လိုဗိန်းတက္ကသိုလ်၊ အိုင်ယာလန်နိုင်ငံမှ
ဒဗ္ဗလင်တက္ကသိုလ်၊ ဩစတြီးယားနိုင်ငံမှ ဗီယင်းနားတက္ကသိုလ်၊
စ‌ကော့တလန်ပြည်မှ အီဒင်ဗရာတက္ကသိုလ်တို့သည် အလယ်
‌ခေတ်က‌ပေါ်‌ပေါက်၍ ယခုတိုင်ရှိ‌နေ‌သေး‌သော တက္ကသိုလ်ကြီး
များဖြစ်သည်။
 
ကမ္ဘာသစ်ဘက်၌မူ ပထမဆုံး တည်‌ထောင်‌သော တက္ကသိုလ်
မှာ ၁၅၈၃ ခုနှစ်တွင် ဒိုမီနီကန်သမ္မတနိုင်ငံ၌ ဖွင့်လှစ်‌သော
တက္ကသိုလ်ဖြစ်သည်။ ၁၅၅၁ ခုနှစ်တွင် ပီရူးနိုင်ငံ လိုင်နာမြို့
တွင် ဆန်မာ‌ကော့တက္ကသိုလ် တည်‌ထောင်သည်။ အ‌မေရိကန်
ပြည်‌ထောင်စု၏ ပထမဆုံး‌သော တက္ကသိုလ်ကား ဗာဂျီးနီးယား
ပြည်နယ်၌ ၁၆၁၉ ခုနှစ်တွင် တည်‌ထောင်‌သော ဟင်နရီကို
‌ပေါလစ်တက္ကသိုလ်ဖြစ်သည်။ သို့ရာတွင် ၁၆၂၂ ခုနှစ် ရက်အင်
ဒီးယန်းအ‌ရေး‌တော်ပုံ‌ကြောင့် ယင်းတက္ကသိုလ်ကို ပိတ်လိုက်ရ
သဖြင့် ယခု‌ခေတ်တွင် အလွန်ရှား‌သော ဟားဗတ်တက္ကသိုလ်
သည် အ‌မေရိကန်ပြည်‌ထောင်စု၏ ‌ရှေးအကျဆုံး တက္ကသိုလ်
ဖြစ်လာသည်။ ဟားဗတ်တက္ကသိုလ်ကို ၁၆၃၆ ခုနှစ်တွင် နယူး
‌တောင်း‌ကောလိပ်‌ကျောင်းအဖြစ် စတင်တည်‌ထောင် ခဲ့ခြင်းဖြစ်
သည်။ ‌နောက်မှ ဂျွန်ဟားဗတ်ဆိုသူ ရဟန်း‌တော်တစ်ပါးက
ရန်ပုံ‌ငွေလှူဒါန်းသဖြင့် ဟားဗတ်တက္ကသိုလ်ဟုတွင်သည်။
 
အ‌မေရိကန်ပြည်‌ထောင်စု၏ အခြားထင်ရှား‌သော တက္ကသိုလ်
များမှာ ‌ယေးတက္ကသိုလ်(၁ရဝ၁ ခုနှစ်)၊ ပရင့်စတန်တက္ကသိုလ်
(၁ရ၄၆ ခုနှစ်)၊ ဝါရှင်တန်၌လည်း တက္ကသိုလ်(၁ရ၄၉)၊ ပင်း
ဆယ်လ‌ဗေးနီးယား တက္ကသိုလ်(၁ရ၅၁)၊ ကိုလံဗီးယား
တက္ကသိုလ် (၁ရ၅၄)၊ ဗ‌ရောင်းတက္ကသိုလ် (၁ရ၆၄)တို့ ဖြစ်ကြ
သည်။
 
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ဥ‌ရောပနိုင်ငံစုံမှ ပညာအ‌မွေကို
ယူ၍ ၁၈၅၅ ခုနှစ်တွင်၊ ပြည်‌ထောင်စု စက်မှုလက်မှုသိပ္ပံ
‌ကျောင်း‌တော်ကြီး‌ခေါ် တက္ကသိုလ်ကြီးတစ်ခု တည်‌ထောင်‌လေ
သည်။ သိပ္ပံပညာ‌ကျော် အဲလဗတ်အိုင်းစတိုင်းသည်
ယင်းတက္ကသိုလ်၌ ပညာရှာဘူး၍ အိပ်စ‌ရေး‌ရောင်ခြည်ကို
စူးစမ်း‌တွေ့ရှိသူ ပညာရှင်ကြီး ရိုဝင်ဂျင်စသည့် သိပ္ပံပညာ‌ကျော်
အချို့နှင့် နိုဗယ်ဆုရ ပုဂ္ဂိုလ်ကြီးရှစ်ဦးတို့သည် ဤတက္ကသိုလ်
ထွက်များဖြစ်ကြသည်။
 
ရုရှနိုင်ငံ၌မူ ဆိုဗီယက်သမ္မတနိုင်ငံအဖြစ် တည်‌ထောင်ပြီး
သည့်အချိန်မှစ၍ တက္ကသိုလ်‌ကျောင်းများ ‌ပေါများလာသည်။
၁၉၁၄ ခုနှစ် ဇာဘုရင်လက်ထက်က တက္ကသိုလ်ဟူ၍ ၁၀
‌ကျောင်းသာ ရှိ‌သော်လည်း ယခုအခါ၌မူ တက္ကသိုလ် ၃၂
‌ကျောင်း‌ကျော်ရှိ‌နေ‌လေပြီ၊ ‌မော်စကိုတက္ကသိုလ်ကို ၁၈ ရာစုနှစ်
က စတင်တည်‌ထောင်‌သော်လည်း ၁၉၅၃ ခုနှစ်ကမှ အသစ်
တစ်ဖန်ပြုပြင်၍ ယင်းတက္ကသိုလ်သစ်ကို ဖွင့်လှစ်သည်။ ပညာ
ရပ် ၁၂ မျိုးပို့ချ၍ သိပ္ပံပညာသု‌တေသနလုပ်ငန်းတွင် အလွန်
အထက်တန်းကျ‌သော တက္ကသိုလ်ဖြစ်သည်။ အခြားထင်ရှား
‌သောရုရှတက္ကသိုလ်များမှာ လီနင်ဂရက်တက္ကသိုလ်၊ ‌ရော့စ‌တော့
တက္ကသိုလ်၊ ခါး‌ကော့တက္ကသိုလ် စသည်တို့ဖြစ်သည်။
 
ပြည်‌ထောင်စုမြန်မာနိုင်ငံ၌မူ ယခုအခါ တက္ကသိုလ်ကြီး နှစ်
‌ကျောင်းသာရှိ‌သေးသည်။ ရန်ကုန်တက္ကသိုလ်နှင့် မန္တ‌လေး
တက္ကသိုလ်တို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏အစသည် ၁၈၈၀
ပြည့်နှစ်က ရန်ကုန်မြို့၌ ဗြိတိသျှအစိုးရတို့ ဖွင့်လှစ်‌သော
ရန်ကုန်‌ကောလိပ်မှ ‌ပေါက်ပွားလာခြင်းဖြစ်သည်။ ရန်ကုန်
‌ကောလိပ်ဘဝက ကလကတ္တားတက္ကသိုလ် လက်‌အောက်ခံမျှသာ
ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင်မှ ရန်ကုန်‌ကောလိပ်အစား
တက္ကသိုလ်အက်ဥပ‌ဒေပြဌာန်း၍ ရန်ကုန်တက္ကသိုလ်ဟူ‌သော
သီးခြားတက္ကသိုလ်တစ်ခု တည်‌ထောင်သည်။ ရန်ကုန်တက္ကသိုလ်
တည်‌ထောင်ပြီး‌သောအခါ လက်‌အောက်ခံ‌ကောလိပ်များ‌ပေါ်ထွက်
လာသည်။ ၁၉၂၅ ခုနှစ်တွင် မန္တ‌လေးဥပစာ‌ကောလိပ်‌ကျောင်း
ဖွင့်လှစ်သည်။ ယုဒသန်‌ကောလိပ်၊ ‌ဆေး‌ကောလိပ်၊ အင်ဂျင်နီ
ယာ‌ကောလိပ်၊ ဆရာအတတ်သင်‌ကောလိပ်၊ မန္တ‌လေး စိုက်ပျိုး
‌ရေးသိပ္ပံ၊ ‌မော်လမြိုင်‌ကောလိပ်၊ ‌ကျောက်ဖြူ‌ကောလိပ်၊ ပုသိမ်
‌ကောလိပ်၊ မ‌ကွေး‌ကောလိပ်စသည်ဖြင့် လက်‌အောက်ခံ‌ကောလိပ်
‌ပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ သည်။ ၁၉၅၉ ခုနှစ်တွင် မန္တ‌လေး
‌ကောလိပ်ကို မန္တ‌လေးတက္ကသိုလ်အဖြစ် တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သည်။
 
ကမ္ဘာစစ်ကြီး‌ကြောင့် နိုင်ငံအရပ်ရပ်တွင် တက္ကသိုလ်များ
ပျက်စီးခဲ့‌သော်လည်း ကမ္ဘာစစ် ၂ ခုမှ၇ရှိ‌သော အ‌တွေ့အကြုံ
များအရ တက္ကသိုလ်ပညာသည် အလွန်အ‌ထောက်အပံ့ဖြစ်‌စေ
သဖြင့် အစိုးရတို့သည် တက္ကသိုလ်များကို တိုး၍ဖွင့်လှစ်‌ပေး‌နေ
ကြသည်။
 
* [[ရန်ကုန်တက္ကသိုလ်]]
* [[ဆေးတက္ကသိုလ်(၁) ရန်ကုန်]]
Line ၉ ⟶ ၂၄၄:
* [[မိတ္ထီလာစီးပွားရေးတက္ကသိုလ်]]
* [[ဆေးတက္ကသိုလ် (မကွေး)]]
 
ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
 
{{stub}}