သော်တာဆွေ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၄ -
၁၉၆၁ ခုနှစ်တွင် “ဘဝထိုထို” စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဂျာမနီ နိုင်ငံများသို့ စာပေ လေ့လာရေး ခရီးသွားခွင့် ရခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “သတ္တဝါတို့၏ သံသရာ” စာအုပ်ဖြင့် အနုပညာစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အဟိ မဂ္ဂဇင်း ရပ်ဆိုင်း သွားသည်။ လုံးချင်းစာအုပ်များ ဆက်လက်ရေးသား ထွက်ရှိခဲ့သည်။
 
[[File:TTS book 01.jpg|right|thumb|250px|ဆရာသော်တာဆွေ ရေးသားကျော်ကြားခဲ့သော စာအုပ်များ အနက်မှ “ကျွန်တော့်ဘဝဇာတ်ကြောင်း” အမည်ရှိ အခန်းဆက် ဝတ္ထုရှည်]]
== ဘဝနိဂုံး ==
၁၉၉၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် ၂ တပ်မတော်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ဒုတိယ အိမ်ထောင်မှ သားတစ်ဦး သမီး သုံးဦး ကျန်ရစ်သည်။