သော်တာဆွေ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၀ -
ယင်းနောက် ဆရာကြီး ရွှေဥဒေါင်းနှင့်တွေ့ကာ စာများ စရေးဖြစ်ခဲ့ပြီး စုံထောက် ဝတ္ထုများရေး ဖြစ်လာသည်။ ရှုမဝမှ အပါယ်ရတနာ (၁၉၄၇)၊ ရန်အောင် ရတနာ (၁၉၄၈) စသော စာအုပ်များ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် အခြား စာစောင် မဂ္ဂဇင်းများတွင် ကူးပြောင်း ရေးသားခဲ့သည်။
၁၉၅၅ ခုနှစ်တွင် ဒေါ်ခင်မေရီ (အန်တီမေ) နှင့် အိမ်ထောင်ပြုခဲ့ပြန်သည်။ ရှုမဝ စာအုပ်တိုက်မှ ဆရာသော်တာဆွေ၏ စာအုပ်များ ဆက်ထွက်လာသည်။ ၁၉၅၉ ခုနှစ်တွင် “အဟိ” လစဉ် ဟာသမဂ္ဂဇင်း ကို ကိုယ်တိုင်စတင် တည်းဖြတ်ထုတ်ဝေသည်။ သော်တာစာပေ အမည်ဖြစ် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
 
[[File:TTS book 01.jpg|right|thumb|250px|ဆရာသော်တာဆွေ ရေးသားကျော်ကြားခဲ့သော စာအုပ်များ အနက်မှ “ကျွန်တော့်ဘဝဇာတ်ကြောင်း” အမည်ရှိ အခန်းဆက် ဝတ္ထုရှည်]]
 
== စာပေခရီး ==
၁၉၆၁ ခုနှစ်တွင် “ဘဝထိုထို” စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဂျာမနီ နိုင်ငံများသို့ စာပေ လေ့လာရေး ခရီးသွားခွင့် ရခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “သတ္တဝါတို့၏ သံသရာ” စာအုပ်ဖြင့် အနုပညာစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အဟိ မဂ္ဂဇင်း ရပ်ဆိုင်း သွားသည်။ လုံးချင်းစာအုပ်များ ဆက်လက်ရေးသား ထွက်ရှိခဲ့သည်။
 
[[File:TTS book 01.jpg|right|thumb|250px|ဆရာသော်တာဆွေ ရေးသားကျော်ကြားခဲ့သော စာအုပ်များ အနက်မှ “ကျွန်တော့်ဘဝဇာတ်ကြောင်း” အမည်ရှိ အခန်းဆက် ဝတ္ထုရှည်]]
== ဘဝနိဂုံး ==
၁၉၉၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် ၂ တပ်မတော်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ဒုတိယ အိမ်ထောင်မှ သားတစ်ဦး သမီး သုံးဦး ကျန်ရစ်သည်။
 
== ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များ ==
ဆရာသော်တာဆွေ ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များမှာ ကျွန်တော့်ဘဝဇာတ်ကြောင်း<ref>http://www.myanmarbookshop.com/Authors/Biography.aspx?intAuthorID=228</ref> အတွဲများ၊ ကြက်ဋီကာ (၁၉၇၉)၊ ဘွန္တော ကြက်သူခိုး (၁၉၇၂)၊ ပုဂံ သူရဲကောင်းများ (ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လိုရေးသားသည်ကို မြန်မာပြန်၊ ၁၉၇၃)၊ ဟာသ ဝတ္ထုတိုများ (အတွဲ ၁၊ ၂၊ ၁၉၇၇ နှင့် ၁၉၇၈)၊ ဘဝထိုထို (၁၉၆၁)၊ သတ္တဝါတို့ သံသရာ (၁၉၆၄)၊ ဤလောက မြေမဟီဝယ် (၁၉၇၀)၊ ရသ ဝတ္ထုတိုပေါင်းချုပ်သစ် (၂၀၀၀ ပြည့်နှစ်) နှင့် လောကလူ့ပြည် (၁၉၇၂) တို့ ဖြစ်ကြသည်။
 
== ရည်ညွှန်းကိုးကား ==