သခင်ကိုယ်တော်မှိုင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၄၈ -
၁၉၀၀ ပြည့်နှစ် အသက် ၂၄ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်ဝင်လုပ်သည်။ မကြာမီပင် ထိုပုံနှိပ်တိုက်တွင် စာပြင်ဆရာ ဖြစ်လာသည်။
၁၉၀၃ ခုနှစ်တွင် [[ရန်ကုန်မြို့]] ကြည့်မြင်တိုင် ငါးကျော်ဖိုရပ်နေ ဆန်စပါး ပွဲစား ဦးနု၊ ဒေါ်နှင်းတို့ ၏ သမီး ဒေါ်ရှင်နှင့် အကြောင်းပါခဲ့သည်။ ထိုနှစ်မှာပင် ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်မှ ရန်ကုန် တိုင်း သတင်းစာတိုက်သို့ ပြောင်းရွှေ့ လုပ်ကိုင်သည်။
[[File:Saya Gyi Thakhin Kodaw Hmine.jpg|right|thumb|250px|ဆရာကြီးသခင်ကိုယ်တော်မှိုင်း]]
စာကြောင်း ၅၆ -
ဇာတ်စာအုပ်များလည်း အများအပြား ရေးသားခဲ့သည်။ ပြဇာတ်ပေါင်း ၈၀ ခန့် ရေးသားပြုစုခဲ့သည်။
ထို့နောက် [[မော်လမြိုင်မြို့]] မြန်မာတိုင်းမ် သတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ပဏ္ဍိလေး၊ မောင်သမာဓိ အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရွှေတောင် မောင်လွမ်း ကလောင်အမည်ဖြင့် မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရေးသားထုတ်ဝေခဲ့ သည်။
ထိုနောက် ကဝိသာရ မြဉ္ဇူကျမ်း၊ ပရမတ္တ သံခိပ်အခြေကျမ်း (ဒုတိယတွဲ)တို့ကို ဆရာလွမ်း အမည်ဖြင့် ရေးသားခဲ့ပြန်သည်။ ၁၉၀၇ ခုနှစ်တွင် မြန်မာတိုင်းမ် သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းသွားသောအခါ ဟင်္သာတမြို့ အမရဝတီ စာပုံနှိပ်တိုက်တွင် စာပြုအဖြင့်နှင့် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်ရောက်လုပ်ကိုင်သည်။
စာကြောင်း ၆၄ -
== ချဉ်ပေါင်ရွက်သည်မောင်မှိုင်း ==
၁၉၁၂ ခုနှစ် တဝိုက်တွင် ခေတ်ပညာတတ်
ထိုအချိန်က ဝန်စာရေး ဦးကြီး ရေးသားသည့် “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း” ဝတ္ထုထွက်နေ သည်။ ထိုဝတ္ထုထဲမှ ဇာတ်လိုက် မောင်မှိုင်းသည် လူရှုပ်လူပွေ၊ ကြသမား မြာပွေသူဖြစ်၍ စာဖတ်သူတို့က အော့နှလုံးနာကြသည်။ ဆရာကြီးသည် ထို မောင်မှိုင်း အမည်ကို ယူကာ ရှေ့က မစ္စတာတပ်ပြီး မစ္စတာ မောင်မှိုင်း ကလောင်အမည်ယူ၍ သူရိယ သတင်းစာတွင် ကြာ ဋီကာ ဆောင်းပါးများ ရေးသားသည်။ ထိုနောက် သူရိယ သတင်းစာတွင်ပင် မစ္စတာ မောင်မှိုင်း အမည်ဖြင့် “ဗိုလ်ဋီကာ” ဆောင်းပါးများ ဆက်လက် ရေးသားခဲ့သည်။ ထိုစဉ်က ဘိလပ်ပြန်ခေါ် နိုင်ငံခြားပြန်များ ယူကေနိုင်ငံမှ ပြန်လာသူများ အကြားတွင် ထိုဆောင်းပါးများကြောင့် အတော်ဂယက်ရိုက် ပွက်လောထသွားသည်။ သတင်းစာတိုက်သို့ မေးကြ မြန်းကြ၊ ဆူပူကြ အပြန်အလှန် ဆောင်းပါးများ ရေးသားကြသည်။ ထိုနောက်ပိုင်းတွင် မြန်မာအမည်များရှေ့က မစ္စတာများ ပြုတ်သွားသည်။
စာကြောင်း ၇၄ -
ဆရာကြီး အသက် ၄၀ အရွယ် ၁၉၁၄-၁၅ခန့်တွင် ဇနီးသည် ဒေါ်ရှင် ကွယ်လွန်သည်။ သားသမီးလေးဦးကျန်ခဲ့ကာ အငယ်ဆုံးသမီးလေးမှာ ၁၁ လအရွယ်သာရှိသေးသည်။ ဆရာကြီး အလွန် ကသီလင်တ ဖြစ်ရသည်။ ထိုမျှ ဒုက္ခရောက်သည့် နှစ်ပိုင်းများတွင် ဆရာကြီးသည် အရေးကြီးသည့် ဗိုလ်ဋီကာဆောင်းပါးများကို ရေးသားခဲ့သည်။ စာအုပ် အဖြစ် လည်း ရိုက်နှိပ်ထုတ်ဝေ နိုင်ခဲ့သည်။
ဆရာကြီးသည် ၁၉၂၀ ပြည့်နှစ်ခန့်အထိ သူရိယ သတင်းစာတိုက်တွင် မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သူရိယတွင် အယ်ဒီတာလုပ်သည်မှာ တိုင်းပြည်အကျိုး အတွက် ဖြစ်သော်လည်း သပိတ်မှောက် ကျောင်းသားများ ကိစ္စမှာ အလွန် အရေးကြီးသော အမျိုးသားရေး ကိစ္စဟု မြင်ကာ စားဝတ်နေရေး အခက်အခဲရှိသည့်ကြားမှ ကျောင်းသားများနှင့် အမ်အေ ဦးမောင်ကြီးတို့၏ တောင်းပန်ချက်အရ သူရိယ သတင်းစာမှ အလုပ်ထွက်ပြီး ဗဟန်း အမျိုးသားကောလိပ်တွင်
စာကြောင်း ၈၂ -
၁၉၂၁ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား ဂုဏ်ပြုရတုရေးရန် ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ် (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ချီးမြှင့်ပါမည်ဟု ဦးမေအောင်က ပန်ကြားရာ ဆရာကြီးက ငြင်းပယ်ခဲ့သည်။
၁၉၂၂ ခုနှစ်တွင် မျောက်ဋီကာ၊ ၁၉၂၃ နိုင်ငံရေး အကွဲအပြဲ ခေတ်တွင် မြောက်ကဏ္ဍိ တို့ကိုရေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မူလဂျီစီဘီအေ ဝံသာနုများနှင့် ၂၁ ဦးဂိုဏ်းသားများ စင်ပြိုင်ဖြစ်လာသည်ကို ပြန်လည် ညီညွတ်ကြစေရန် ဗန္ဓုလ ဂျာနယ်မှနေ၍ ခွေးဋီကာ ဆောင်းပါးများ ရေးသား သတိပေးခဲ့သည်။
စာကြောင်း ၉၃ -
၁၉၃၄ ခုနှစ်တွင် ရေနံချောင်းမြို့တွင် ကျင်းပသော ပထမအကြိမ် သခင်များ ညီလာခံသို့ တက်ရောက်ပြီး တို့ဗမာ အစည်းအရုံး၏ နာယကအဖြစ် တင်မြှောက်သည်ကို လက်ခံခဲ့သည်။ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်း အမည်သို့ ပြောင်းလဲခဲ့သည်။ ထိုနှစ်မှစ၍ တစ်နိုင်ငံလုံး အနှံ့အပြားသို့ သခင်လူငယ်များနှင့်အတူ တရားဟောထွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင်များ ပါဝင်ယှဉ်ပြိုင်ကြရာ လူငယ်များနှင့် အတူ ဆရာကြီး လိုက်လံ တရားဟောသည်။
၁၉၃၈ ခုနှစ်တွင် သခင်ဋီကာကို ရေးသားသည်။ ရေနံမြေ အလုပ်သမား အရေးတော်ပုံတွင် လည်း တက်ကြွစွာ အားပေးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် မော်လမြိုင်ညီလာခံကို တက်ရောက် သည်။ ထိုခရိုင်အတွင်း အနှံ့ တရားဟောထွက်ခဲ့သည်။ ၁၉၄၀ သာယာဝတီ ညီလာခံ၊ ၁၉၄၁ ခုနှစ် [[မန္တလေး]] ညီလာခံနှင့် ပဲခူး လယ်သမား ညီလာခံများကို တက်ရောက်ခဲ့သည်။ တို့ဗမာ အစည်းအရုံး နာယကအဖြစ် နိုင်ငံတစ်ဝှမ်း နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တရားများ ဟောခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့ တော်လှန်ရေးအတွက် ဆရာကြီး မြေအောက် လျှိုး ခဲ့ရသည်။ ဗြိတိသျှ၏ နံပါတ် တစ် ရန်သူတော်အဖြစ် ကြေညာကာ ဖမ်းဝရမ်း အထုတ်ခံခဲ့ရ သည်။ ဟင်္သာတ ခရိုင် ဒေါင့်ကြီးရွာ၊ ထိုမှတဆင့် ဇလွန် တစ်ဘက်ကမ်း၊ ထိုနောက် သာယာဝတီ၊ အနောက်စံရွေး၊ ဘိုခေါင်၊ ထိုမှ ပဲခူး စသဖြင့် အမျိုးမျိုး ဒုက္ခခံကာ လှည့်လည် တိမ်းရှောင်နေခဲ့ရသည်။
စာကြောင်း ၁၀၂ -
== ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ ==
၁၉၅၃ ခုနှစ်တွင်
|