အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: kbd:Япэрей дунейпсо зауэ
စာကြောင်း ၁၂၃ -
ဗြိတိသျှ ကရူဇာစစ်သင်္ဘော သုံးစင်းမှာ မြောက်ပင်လယ်တွင် ဂျာမန်[[ရေငုပ်သင်္ဘော]]များက တိုက်ခိုက်သဖြင့် နစ်မြှုပ်သွားရလေသည်။ ၁၉၁၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့တွင် ချီလီ ကမ်းခြေ ကိုရိုနဲအငူအနီး၌ ဂျာမန်ကရူဇာစစ်သင်္ဘောငါးစင်းပါဝင်သော ရေတပ်စုသည် ဗြိတိသျှရေတပ်စုကို တိုက်ခိုက်နှိမ်နှင်းလိုက်လေသည်။ သို့သော် ယင်းဂျာမန် ရေတပ်စုမှာ ဒီဇင်ဘာလ ၈ရက်နေ့တွင် ဖော့ကလန်းကျွန်းစုအနီး၌ အခြားဗြိတိသျှ စစ်သင်္ဘောတပ်စု၏ တိုက်ခိုက်ခြင်းခံရသဖြင့် ဒရက်ဇဒန်အမည်ရှိစစ်သင်္ဘောမှတပါး အခြားသင်္ဘောများနှစ်မြှုပ်ခြင်းခံရသည်။ ဒရက်ဇဒန်မှာမူ လွတ်မြောက်သွားခဲ့လေသည်။[[File:Hochseeflotte 2.jpg|thumb|150px|ဗြိတိသျှ ရေတပ်ကြီး]]
အင်ဒမင်အမည်ရှိ ဂျာမန်ကရူဇာစစ်သင်္ဘောတစ်စင်းသည်လည်း သမုဒ္ဒရာ ပင်လယ်ပြင်တစ်လျောက် လှည့်လည်သွားလာကာ ဒေါ်လာ တစ်ကုဋေခန့် တန်ဖိုးရှိသော သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီးခဲ့၏။ သို့သော် နောက်ဆုံး၌ အိန္ဒိယ သမုဒ္ဒရာရှိ ကိုကိုကျွန်းတွင် ဩစတြီးလီးယားစစ်သင်္ဘောတစ်စင်း၏ တိုက်ခိုက်ဖြတ်ဆီးခြင်းကို ခံရလေသည်။
၁၉၁၅ ခုနှစ်နှင့် ၁၉၁၆ ခုနှစ်များတွင်လည်း ဒရက်ဇဒန်၊ ဖရီးဒရက်၊ ကွန်းနစ္စဗတ် စသော ဂျာမန်သင်္ဘောများသည် ပင်လယ်ပြင် အရပ်ရပ်တွင် မဟာမိတ်တို့၏ သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီး၍ ကူးသန်းသွားလာရေးကို အနှေင့်အယှက်ပေးခဲ့လေသည်။ ပထမကမ္ဘာစစ်အတွင်းပထမကкој кур е бе со ова???? မ္ဘာစစ်အတွင်း အကြီးကျယ်ဆုံးသော ရေကြောင်းတိုက်ပွဲမှာ ၁၉၁၆ ခု မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားသော ဂျတ်တလန် တိုက်ပွဲဖြစ်ပေသည်။ ထိုတိုက်ပွဲတွင် ဂျာမန်ရေတပ်ရေကြောင်းဗိုလ်ချုပ်ရှေးက ကွပ်ကဲ၍ အင်္ဂလိပ်ရေတပ် တိုက်သင်္ဘောများကို ရေကြောင်းဗိုလ်ချုပ် ဗီးတီးက ဦးစီးအုပ်ချုပ်ခဲ့လေသည်။ နှစ်ဖက်စလုံးမှ သင်္ဘောများသည် [[ဒိန်းမတ်နိုင်ငံ]]ကမ်းခြေတွင် တစ်နေ့လုံး တိုက်ခိုက်ကြရာ ညနေဘက်တွင် ရေကြောင်းဗိုလ်ချုပ်မှူးဂျယ်လီကို ဦးစီးသော အင်္ဂလိပ်ရေတပ်စုတစ်စုသည် အကူရောက်လာသဖြင့် ဂျာမန်ရေတပ်သည် ယင်း၏ စခန်းများသို့ နောက်ပြန်ဆုတ်သွားလေတော့သည်။ ထိုတိုက်ပွဲတွင် ဂျာမန်တို့က အနိုင်ရသည်ဟု ကျေညာခဲ့သည်။ အင်္ဂလိပ်တို့ဘက်မှ အပျက်အစီး အဆုံးအရှုံးမှာ ဂျာမန်တို့နှင့် နှိုင်းယှဉ်သော် အလွန်ပင် များပြားသောကြောင့် တစ်နည်းအားဖြင့် ထိုကျေညာချက်မှာ မှန်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုနောက်တွင် ကိုင်ဇာဘုရင်သည် ငွေကိုရေလိုသုံးကာ တည်ဆောက်ခဲ့သည့်ပြင် သူတို့ ဂုဏ်ယူခဲ့သော ဂျာမန်ရေတပ်ကြီးမှာ ကီးတူးမြောင်း စခန်းများတွင် ပိတ်မိတော့သည်။ ထို့အပြင် ဂျာမန်တို့ထက် အဆုံးအရှုံးများသော်လည်း အင်္ဂလိပ်ရေတပ်သည် ပင်လယ်ပြင်တွင် ကြီးစိုးမြဲကြီးစိုးနေခဲ့လေသည်။ ဂျာမန်တို့သည် ရေတပ်ကြီးကို အသုံးမပြုနိုင်သောကြောင့် ရေငုပ်သင်္ဘောများကိုရေငုပ်ебати јазикотသင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကာ အင်္ဂလိပ်ရေတပ်ကို ကြီးစွာ နှောင့်ယှက်နိုင်ခဲ့သည်။ စစ်ကြီးဖြစ်စ ပထမသုံးနှစ်အတွင်းဂျာမန်ရေငုပ်သင်္ဘောများ၏ ရန်ကို ထိရောက်စွာ ကာကွယ်ရန် မကြံစည်နိုင်ခဲ့သဖြင့် ဂျာမန်တို့[[ရေငုပ်သင်္ဘော]]ဖြင့် တိုက်ခိုက်ခြင်းသည် စစ်အရှုံးအနိုင်ကို ဆုံးဖြတ်တော့မည်လောဟုတွေးတောကြလေသည်။[[File:HMS Dreadnought 1906 H61017.jpg|thumb|150px|ဗြိတိသျှရေတပ် သင်္ဘောတစ်စင်း]]
 
ထို့အပြင် ဂျာမန်တို့၏ အကြံမှာ မဟာမိတ်တို့၏ ကူးသန်းရောင်းဝယ်ရေးကို ဖျက်ဆီးပေးခြင်ဖြင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်အောင် ပြုလုပ်ရန်လည်း ဖြစ်လေသည်။ ထို့ကြောင့် ပြင်သစ်နှင့် အင်္ဂလန်ပြည်ကမ်းရိုးတန်းများကို ရေကြောင်းမှ ပိတ်ဆို့ထားကြောင်း ကျေညာပြီးလျှင် သင်္ဘောများကို ကြားနေနိုင်ငံပိုင်းများ ဖြစ်စေကာမူ၊ သတ်မှတ်ထားသော စစ်နယ်နမိတ်အတွင်း၌ တွေ့ရှိလျှင် နှစ်မြှုပ်ပစ်မည်ဟု သတိပေးခဲ့၏။ သုံးလအတွင်း ကြားနေနိုင်ငံမှ သင်္ဘောအမျိုးအစား များများ အပါအဝင် သင်္ဘောတစ်ရာခန့် နှစ်မြှုပ်ခြင်း ခံရလေသသည်။ ၁၉၁၆ ခုနှစ် အကုန်လောက်တွင်ကား ဗြိတိသျှတို့၏ ကုန်သင်္ဘောအပျက်အစီးမှာ အတန်ပင်များလျက်ရှိလေပြီ။ သို့သော်လည်း မဟာမိတ်နိုင်ငံများသို့ ကုန်များ၊ စားနပ်ရိက္ခာများ၊ [[လက်နက်]]များ ဆက်လက်ရောက်ရှိနေခဲ့သည်။ သို့ဖြစ်၍ ၁၉၁၇ ခုနှစ်တွင် ဂျာမန်ရေငုပ်သင်္ဘောများသည် မဟာမိတ်နိုင်ငံများသို့ အသွား သင်္ဘောများကိုလည်း နှစ်မြှုပ်ပစ်ကြလေသည်။ သို့သော် ဂျာမန်တို့၏ ရည်မှန်းချက်အတိုင်း မအောင်မြင်ခဲ့ချေ။ ထိုသို့ ဖြစ်ရခြင်းမှာ ရေငုပ်သင်္ဘောများ၏ အန္တရာယ်ကို ထိထိရောက်ရောက်မဟုတ်သော်လည်း အတော်အတန်ကာကွယ်နိုင်သော အစီအမံများကို တဖြည်းဖြည်းပြုလုပ်လာနိုင်သောကြောင့်လည်းကောင်း ဂရိဗြိတိန်နှင့် [[အမေရိကန် ပြည်ထောင်စုနိုင်ငံ]]တို့သည် သင်္ဘောများကို လျင်မြန်စွာ တည်ဆောက် လာနိုင်သောကြောင့်လည်းကောင်း ဖြစ်ပေသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် သင်္ဘောများကို ဂျာမန်များဖျက်ဆီး၍ မရနိုင်လောက်အောင်ပင် လျင်မြန်စွာ တိုးတက်ဆောက်လုပ်နိုင်ခဲ့လေသည်။