ဆေးလိပ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆ -
ဤမျှ ပြင်းထန်သော အဆိပ်ကို လူသားတို့ သောက်ရှူသုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၈၀၀၀-ခန့်ရှိပြီဖြစ်ပါသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀၀-ခန့် (ဘီစီ ၆၀၀၀-ခန့်) ကတည်းက အမေရိကတိုက်တွင် ဆေးရွက်ကြီးများ စတင်ပေါ်ပေါက်နေကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြပါသည်။ အမေရိကတိုက်နေ လူရိုးများ ဆေးရွက်ကြီးကို သုံးစွဲခဲ့သည့် အထောက်အထားကိုမူ ခရစ်တော်မပေါ်မီ ၁-ရာစုအလိုခန့်တွင်မှ စတင်တွေ့ရှိခဲ့ပါသည်။ လူရိုင်းတို့သည် ဆေးရွက်ကြီးမှ အငွေ့များကို ကောင်းကင်သို့ မှုတ်ထုတ်ပြီး နတ်ဘုရားများထံ အငွေ့များ ဆက်သခဲ့သည်ဟု ဆိုပါသည်။ ထို့ပြင် ဆေးရွက်ကြီးကိုငုံခြင်း၊ ရေစိမ်ပြီး အရည်သောက်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိခဲ့ပါသည်။ အမေရိကန် ရက်အင်ဒီးယန်းလူရိုင်းတို့၏ သင်္ချိုင်းများတွင် ဆေးတံများကို တူးဖော်တွေ့ရှိခဲ့ခြင်းက ဤအချက်ကို ထောက်ခံနေပါသည်။
 
ခရစ်နှစ် ၁၄၉၂-သို့ရောက်သောအခါ နယ်မြေသစ်ရှာဖွေသူ ခရစ်တိုဖာကိုလံဘတ်စ်သည် အမေရိကတိုက်ရှိ ဗဟားမားကျွန်းသို့ ရောက်ရှိလာပါသည်။ ကိုလံဘတ်စ်သည်[[ကိုလံဘတ်စ်]]သည် ကျွန်းနေလူရိုင်းများ လယ်ယာလုပ်ငန်းမှအပြန် ညနေစောင်းတွင် သစ်ရွက်တမျိုးကို မီးရှို့ရှူရှိုက်နေကြသည်ကို တွေ့မြင်ခဲ့ပါသည်။ ဤသည်ကို တွေ့မြင်သော ကိုလံဘတ်စ်သည် သူကိုယ်တိုင် ရှူရှိုက်ကြည့်သောအခါတွင် အနံ့အရသာကို နှစ်သက်သောကြောင့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အစေ့များကို ဥရောပတိုက်သို့ ယူဆောင်လာခဲ့ပါသည်။ ဤသို့ဖြင့် လူသားတို့ကို ဒုက္ခပေးမည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့သည် အမေရိကတိုက်မှ ဥရောပတိုက်သို့ ခြေဆန့်ရောက်ရှိလာခဲ့ပါသည်။
 
==အာနိသင်==