သခင်မြ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၂ -
 
== နိုင်ငံရေးလှုပ်ရှားမှု ==
၁၉၄၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်အမည်ခံကာ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၁၉၃၇ ခုနှစ်တွင် အရွေးခံရသည်။ လွှတ်တော်တွင် လစာမယူဘဲ ဆောင်ရွက်ခဲ့သည့်အပြင် (ထိုခေတ်က ၅၀၀၀ စားခေတ်) ၁၃ဝဝပြည့် အရေးတော်ပုံအတွင်း အစိုးရ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်သဖြင့် ဥပဒေပြုလွှတ်တော် အမတ်အဖြစ်မှ နှုတ်ထွက်
<ref>လစာမယူသော ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ခေါင်းဆောင် အောက်လွှတ်တော် အမတ် သခင်မြ၊ သခင်အံ့ကြီး၊ဘုရင်ခံကိုယ်တိုင် ရွေးချယ်ထားသော အထက်လွှတ်တော်အမတ် မြို့မကျောင်းအုပ်ကြီး ဦးဘလွင် တို့သည် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သော အတွင်းဝန်ရုံး(ယနေ့ ခေတ် ဝန်ကြီးများရုံး) ပြဿနာ နှင့် စပ်လျဉ်း၍ ပါလီမန်အမတ် အဖြစ်မှ နုတ်ထွက်စာတင်းသွင်းခဲ့ပါသည်။[http://www.pyustate.com/2008/07/blog-post_11.html သခင်မြ သို့မဟုတ် မြန်မာပြည် မြေအောက်တော်လှန်ရေးဖခင် - အပိုင်း(၁)]​ရေးသူ-အောင်ခင်မြင့် </ref>
၍ တဖန်အရွေးခံသောအခါ မဲဆန္ဒရှင်များသည် သူ့ကိုပင် အားထားနှစ်သက်ကြသဖြင့် ရွေးကောက်ခြင်းခံရပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကြီး၏ ဥက္ကဌဖြစ်လာပြီး ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးဥက္ကဌ ဖြစ်လာလေသည်။
 
ဂျပန်ခေတ်တွင် လွတ်လပ်ရေးပြင်ဆင်မှုအဖွဲ့ဝင်၊ ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး အဖြစ်လည်းကောင်း၊ ဒုဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုကို တွန်းလှန်ရန် ၁၉၄၄ ခုနှစ်တွင် ဖဆပလ အဖွဲ့ချုပ်ကြီးကို လျို့ဝှက်စွာ တည်ထောင်ခဲ့ရာ ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) လည်းပါဝင်ခဲ့ရာ သခင်မြသည် ထိုပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ဂျပန်တော်လှန်ရေး ပြီးသည့် နောက်တွင် ဖဆပလအဖွဲ့ချုပ်ကြီးတွင် ပါဝင်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဆိုရှယ်လစ်ပါတီ တည်ထောင်သောအခါ ဥက္ကဌဖြစ်လာသည်။
Line ၅၈ ⟶ ၆၀:
ဖဆပလအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နောင် ဘဏ္ဌာရေးဝန်ကြီး အဖြစ်လည်းကောင်း ဆောင်ရွက်ရလေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အင်္ဂလိပ်အစိုးရက ဖိတ်ခေါ်ဆွေးနွေးသောအခါ ဗြိတိန်နိုင်ငံသို့ ဗိုလ်ချုပ်နှင့်အတူ ကိုယ်စားလှယ်တော် တစ်ဦးအနေနှင့် လိုက်ပါခဲ့ရသည်။ သခင်မြသည် ရိုးဖြောင့်ခြင်းဂုဏ်နှင့် ပြည့်စုံပြီး ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ခဲ့ပုံများကို လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အကြိမ်ကြိမ်တွေ့မြင်ကြရသည်။
 
သာယာဝတီခရိုင် အုတ်ဖိုမြို့ ဦိးဘကျော်၏ သမီး ဒေါ်ခင်ညွန့်နှင့် လက်ထပ် ထိမ်းမြားခဲ့ပြီး သားသမီးမထွန်းကားခဲ့ချေ။
 
==သခင်မြ၏ဖြတ်ထိုးဉာဏ်==
<ref>usattsuu.blogspot.com/2010/09/blog-post_1054.html</ref>
မန္တလေးမြို့တွင် ကြေးနန်းကြိုးခွေများ ပျောက်ဆုံးမှုတစ်ခုဖြစ်လေသည်။ ထိုကြေးနန်း ခွေများကို ဂျပန်ကင်ပေတိုင်အဖွဲ့က မရမနေစုံစမ်းချက်ကြောင့်၊ နောက်ဆုံးတွင် ကြေးနန်းကြိုး ခွေများခိုးသော တရားခံကိုမိလေသည်။ ဤတွင် တရားခံက ဗမာ့တပ်မတော် စစ်လက်နက်ဌာန စစ်ဝတ်စစ်စား ဌာနမှူးဗိုလ်ဗတင်(ယခုလက်ရှိဗိုလ်လက်ျာနှင့်တွဲဖက်၍ ပင်လယ်ငါးဖမ်းကုမ္ပဏီတွင် လုပ်နေသူ)က ခိုးခိုင်းတယ် ဟူ၍ ဂျပန်အားထွက်ဆိုလေသည်။ ထို့ကြောင့်လည်း ဗမာ့ကာကွယ်ရေးတပ်မတော်ရုံး(ရန်ကုန်မြို့)သို့ ဂျပန်ကင်ပေတိုင် အဖွဲ့က ဗိုလ်ဗတင်အားသာဖမ်းဆီးပြီး မန္တလေးသို့ ခေါ်ဆောင်သွားလေသည်။
မန္တလေးမြို့သို့ရောက်သောအခါ ဂျပန်က ဗိုလ်ဗတင်အား ဖက်ဆစ်နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်းအမှုကို ပြုလေသည်။ နှစ်ရက်တစ်ခါထုတ်ပြီး ရိုက်နှက် စစ်ဆေးလေ၏။ ပြီးနောက် စစ်ဆေးသောဂျပန်က ခုကြေးနန်းကြိုးခွေတွေကို ဘယ်သူကခိုး ခိုင်းသလဲ.. ဗိုလ်အောင်ဆန်းကလား၊ ဗိုလ်နေဝင်းကလား၊ ဗိုလ်လက်ျာကလား ဟူ၍ အမျိုးမျိုး ရိုက်နှက်ပြီးမေးပါသည်။
ဂျပန်များရလိုသောအဖြေက ဗမာ့တပ်မတော်ထဲတွင် ဦးဆောင်နေသော ဗိုလ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လကျာ် ဤအထဲမှ တစ်ယောက်ယောက်က ခိုးခိုင်းပါသည်ဟူသော အဖြေ ပင်ဖြစ်၏။ သို့မှသာလျှင် ဤခေါင်းဆောင်နေသူများကို ဆက်လက်၍ ဂျပန်ကဒုက္ခပေးနိုင် တော့မည်။ အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရသော ဗိုလ်ဗတင်ကလည်း အံကြိတ်၍ ခံပြီး ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လကျာ်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်ကိုယ်တိုင်ကမခိုးခိုင်းပါဘူး။ ဒီကြေးနန်းကြိုးခွေပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး၊ ကျုပ်ကိုသတ်ရင်လဲ ခံပါ့မယ် ဟူ၍ ရဲရဲဝံ့ဝံ့ပင်ဆိုလေ၏။
ဤသို့ဗိုလ်ဗတင်ကို ဂျပန်များကမတရားနှိပ်စက်နေသည့်သတင်းများကို အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သော သခင်မြကသိရှိသွားလေသည်။ ထိုနောက်ပိုင်းတွင် ညှင်းပန်းနှိပ်စက်ခြင်းဒဏ်ကို မရှုမလှ ခံနေရသော ဗိုလ်ဗတင်ကို ဂျပန်က သတ်တော့မည်ဟူသော သတင်းဆိုးကြီးက ထွက်ပေါ်လာ တော့သည်။ ဖြတ်ထိုးဉာဏ်လွန်စွာကောင်းသော သခင်မြသည် ဗိုလ်ဗတင်ကို ဂျပန်ဖမ်းဆီးထားသည့် ပြဿနာနှင့်ပတ်သက်၍ အကြံတစ်ခုရရှိလေသည်။ ထိုစဉ်က ရန်ကုန်မြို့ဝယ်အလွန်သြဇာတိက္ကမ ရှိသော ကင်ပေတိုင် အကြီးဆုံးဗိုလ်ချုပ်ကြီးမှာ မာဇူအိုကာဆိုသူဖြစ်၏။ သူသည်ရွှပြေားနှင့် ကြယ်ပွင့်တစ်ပွင့်ဖြစ်၏။ သူစီးလေသောကားမှာ ၇-ယောက်စီး ဒေါ့ကားဖြစ်ပြီး အလံရောင်မှာ အဝါဖြစ်၏။ သူ၏ဝါသနာမှာ ညနေတိုင်းလိုလို ဗဟန်း(ယခုအိုရိယင့်ကလပ်)ကန်တော်ကြီး နားတွင် ငါးမျှားချိတ်နှင့် လိပ်များကိုမျှားလေ့ရှိသည်။
ဤဂျပန်ဗိုလ်ချုပ်ကြီး မာဇူအိုကာသည် ဂျပန်ပြည်၌ဇနီးတစ်ယောက်ရှိလေသည်။ ဇနီးအငယ်မှာ အလွန်ချော၍ သူအလွန်ချစ်မြတ်နိုးခြင်းကို ခံရသူဖြစ်သည်။ ထိုဇနီးငယ်ထံမှ ဂျပန်ပြည်တွင် သားယောကျာ်းလေးတစ်ယောက်ဖွားမြင်ကြောင်း သူ့ထံသို့ စာတစ်စောင်လာ၏။ သည်သတင်းကောင်းကို သိပြီးဖြစ်နေသော ဂျပန်ကင်ပေတိုင်ဗိုလ်ချုပ်ကြီးသည် အလွန်ဝမ်းသာပြီး ပီတိသောမနဿဖြစ်နေချိန်ဖြစ်လေသည်။ ဤအကြောင်းကို သခင်မြကကောင်းစွာသိနှင့်ထားပြီး ဖြစ်လေသည်။
ထို့ကြောင့် တစ်နေ့သောအခါ သခင်မြသည် သခင်နု(ဝန်ကြီးချုပ်ဟောင်းဦးနု)၊ သခင် သန်းထွန်း(ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင် တောခိုနေသူ)တို့နှင့်အတူ ကင်ပေတိုင် ဗိုလ်ချုပ်ကြီး မာဇူအိုကာ၏အိမ်သို့ သွားရောက်ကြလေသည်။ ရောက်လျှင်ရောက်ချင်း သခင်မြက ဝမ်းသာကြည်နူးသောဟန်ဖြင့်-
ဗိုလ်ချုပ်ကြီး ခင်ဗျားသတင်းကို ကျုပ်တို့ကြားရတာဝမ်းသာပါတယ်။ ဒါကြောင့် ကျုပ်တို့ကို ထမင်းကျွေးရမယ်နော်
အမှတ်မထင်ပြောလိုက်သော သခင်မြ၏စကားဆန်းကြောင့် မာဇူအိုကာသည် အံ့သြသွား၏။ ပြီးနောက်မှ သတိရ၍ ဘာများဝမ်းသာစရာကြားထားလို့လဲ
တစ်ခြားတော့မဟုတ်ပါဘူးလေ၊ ဂျပန်ပြည်မှာရှိတဲ့ဇနီးငယ်ဟာ သားယောကျာ်းလေး တစ်ယောက်ဖွားမြင်တယ်မဟုတ်လား
ဗိုလ်ချုပ်ကြီးမာဇူအိုကာသည် ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားကာ ဪ .. ဟုတ်တယ် ဟုတ်တယ် ဟူ၍ ပြန်ပြောလိုက်လေသည်။
ဤစကားတစ်ခွန်းကြောင့်ပင် မာဇူအိုကာ၏မျက်နှာသည် သိသိသာသာကြီး ကြည်လင် သွားလေသည်။ လူတစ်ယောက်စိတ်ရွှင်လန်းနေချိန်တွင် ကိုယ်၏ပြောစကားသည် အောင်မြင်သည် ဟူသော သဘောတရားကို သခင်မြက ကောင်းကောင်းကြီးသိထားနှင့်၏။ ထို့ကြောင့်ပင် စိတ်ရွှင်လန်းမြူးထူးနေသော မာဇူအိုကာအား သခင်မြကဆက်၍ပြောလေသည်။
ကျွန်တော်တို့ဗမာမှာ ထုံးစံရှိတယ်၊ ကိုယ့်မှာသားယောကျာ်းလေးမွေးရင် တတ်နိုင်သမျှ သူတစ်ပါးရဲ့အသက်ကို ဘေးမဲ့လွှတ်ရတယ်...
ဘယ်လိုများလဲ
ဆိုလိုတာကတော့ ကိုယ့်မှာသားယောကျာ်းလေးဖွားတဲ့အခါမှာ သေမဲ့လူရဲ့အသက်လွှတ် ပေးရင် ကိုယ့်သားယောကျာ်းလေးဟာလဲ အဘိုးတန်တဲ့ယောကျာ်းကောင်းတစ်ယောက် ဖြစ်လာနိုင် တဲ့သဘောပေါ့..၊ ခုပြောလိုတာက တစ်ခြားတော့မဟုတ်ဘူး..၊ မန္တလေးကင်ပေတိုင်အဖွဲ့က ဖမ်းထားတဲ့ ကျွန်တော့်မိတ်ဆွေ ဗိုလ်ဗတင်ကိစ္စဘဲ၊ ဗိုလ်ဗတင်ဟာ လူရိုးလူအေးတစ်ယောက် ဖြစ်ကြောင်းကို ကျွန်တော်ကောင်းကောင်းကြီးသိပါတယ်။ သူ့မှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်လို့ သူ့မှာသာအပြစ်ရှိရိုးမှန်ရင် ကျွန်တော်ဟာဘယ်လိုလုပ်ပြီး ဗိုလ်ချုပ်ကြီးကိုလာပြောဝံ့ပါ့မလဲ
ခင်ဗျားပြောတာအမှန်ပဲနော်
ဟုတ်ပါတယ်......မယုံရင် ဗိုလ်ဗတင်အကြောင်းကိုဗိုလ်ချုပ်ကြီးကိုယ်တိုင်စုံစမ်းကြည့်ပါ ကင်ပေတိုင်ဗိုလ်ချုပ်ကြီးမာဇူအိုကာသည် ထိုင်ရာမှထ၍ မန္တလေးမြို့ကင်ပေတိုင် ရှိမာဒါ ထံသို့ ဝါယာလက်ဖြင့် ဗိုလ်ဗတင်ကိုအမြန်ဆုံးလွှတ်ရန်အကြောင်းကြားလိုက်ပါ၏။ နောက်တစ်နေ့ တွင် ဗိုလ်ဗတင်သည် ရန်ကုန်မြို့သို့ရောက်လာတော့သည်။ ကံကောင်းထောက်မသောဗိုလ်ဗတင်သည် သခင်မြ၏ကျေးဇူးကြောင့် အသက်နှင့်ခန္ဓာ အိုးစားမကွဲပဲ ၄၄-ရက်သာ အချုပ်ခံ အညှင်းခံရပြီး လွတ်မြောက်လာခဲ့ပါသည်။ သည့်နောက်တွင် ဗိုလ်ဗတင်သည် ဗမာတပ်မတော်၌ သူ့ရှိရင်းစွဲအလုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်နေ၏။ ဗိုလ်ဗတင်လွတ်လာကြောင်းကို ဗိုလ်အောင်ဆန်းအစရှိသော ဗမာ့တပ်မတော်ခေါင်းဆောင်များက သိ၍ များစွာပင်ဝမ်းသာနကြေသည်။
 
== ဘဝနိဂုံး ==