ထီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ -
==ထီ==
ထီဆိုသည်မှာ ကံစမ်းမဲရွေးပွဲတစ်မျိုးဖြစ်သည်။ စင်စစ်အား
ဖြင့် အစိုးရကခွင့်ပြုမှ ဖွင့်ရသောကြောင့် အစိုးရအသိအမှတ်ပြု
လောင်းကစားပွဲတစ်မျိုးဖြစ်သည်။ ထီလက်မှတ်ဖြတ်ပိုင်းများကို
တန်ဖိုးသတ်မှတ်ရောင်းချ၍ ရောင်းရငွေမှ သင့်လျော်ရာအချိုး
အဆကို ဆုအဖြစ်ခွဲဝေကာ လက်မှတ်အပေါ်ရှိ အမှတ်အသား
ဂဏန်းများကို မဲဖွင့်ပြီးနောက် ကျရာဂဏန်းပါရှိသည့် လက်
မှတ်ပိုင်ရှင်အား ဆုငွေချီးမြ|င့်သော စံနစ်ဖြစ်သည်။
 
ထီဟူသော စကားရပ်မှာ မြန်မာစကားသက်သက် ဟုတ်ဟန်
မတူချေ။ အင်္ဂလိပ်စကား၏ အရင်းအမြစ် သို့မဟုတ် တရုတ်
စကား၏ အရင်းအမြစ်မှဖြစ်သည်ဟုဆိုကြသည်။ အင်္ဂလိပ်
ဘာသာဖြင့် ထီကို လော်ထရီဟုခေါ်ရာမှ လော်ထီ သို့မဟုတ်
ထီဟူ၍ ရွေ့လျောလာသည်ဟု အယူရှိကြသည်။
 
များစွာသောနိုင်ငံတို့တွင် အခွန်တော် ပိုမိုရရှိရေးအတွက်
ထီဖွင့်ခြင်းအလေ့ကို ပြုလျက်ရှိကြသေးသည်။ ဆေးရုံ၊ လူအိုရုံ၊
ကျောင်း စသည့် များစွာသောပြည်သူ့ အဆောက်အဦများနှင့်
ဘုရားရှိခိုးကျောင်းများကိုလည်း ယင်းသို့ ထီဖွင့်ရာမှရရှိသော
အခွန်ဖြင့် တည်ထောင်ဖွင့်လှစ်ကြသည်။
 
မြန်မာနိုင်ငံတွင် သီပေါမင်းလက်ထက်တော် မတိုင်မီက ထီ
ဟူသောအမည်ဖြင့် ဖွင့်ခြင်းအလေ့အထရှိခဲ့သော်လည်း ထီနှင့်
အလားတူ မဲချသောစံနစ်မျိုးဖြစ်သည့် စာရေးတံမဲပွဲမှာ ရှေးနှစ်
ပေါင်းများစွာက ပေါ်ထွန်းခဲ့သဖြင့် ဝါခေါင်လ၏ ရာသီပွဲ
အဖြစ်ပင် ထင်ရှားခဲ့လေသည်။ ပင်လယ်ခရီး မြစ်ကြောင်း
ခရီးများ၌ လှေသင်္ဘောတို့ဖြင့် သွားလာရာဝယ် လှေသင်္ဘောတို့
မရွေ့မလျား တန့်နေပါက၊ စာရေးတံမဲချ၍ မဲကျသူအား ရေသို့
ချရသောအလေ့ရှိကြောင်းကို ဦးရှင်ကြီးသမိုင်း၊ ပေါင်းလောင်း
ရှင် မဟာကဿပ၏သမိုင်း စသည်တို့အရ သိကြရသည်။
 
မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်၌ နန်းတက်သော အမရပူရ
ရွှေနန်းသခင် ဘိုးတော်မင်းတရားကြီး လက်ထက်တော်တွင်
နိုင်ငံခြားသား ကုလားလူမျိုးတို့နှင့် ကုန်ကူးသန်းဆက်သွယ်ခဲ့
ရာမှ အင်္ဂလိပ်လူမျိုးတို့၏ ထီစံနစ်ကို မြန်မာတို့ သိရှိခဲ့ကြ
သည်။ ကုန်ရောင်းကုန်ဝယ်ကိစ္စများ၌ အငြင်းပွားသည့်အခါ
မြန်မာခုံတော်များက ကုလားလူမျိုးတို့၏ အရောင်းအဝယ်ဆိုင်
ရာထုံးစံဖြစ်သော ပြင်ကူ၊ ဇိတံဝတံ၊ ဖီမာ၊ လေလံ စသည့်
ထုံးနှုန်းတို့ကိုဆင်ခြင်၍ အဆုံးအဖြတ်ပေးကြရကုန်ရာ ပြင်ကူ
ဟူသော သဘောသည် ထီ၏သဘောနှင့် ဆင်တူသည်။ ကံစမ်း
စက္ကူလိပ်များကို မဲနှိုက်စေ၍ အငြင်းပွားနေသော ကုန်၏
တန်ဘိုးကိုဖြတ်ကာ ခွဲဝေပေးသောစံနစ်ကို ပြင်ကူဟု ခေါ်သည်။
 
သီပေါမင်းလက်ထက်တွင် အင်္ဂလိပ်အစိုးရပိုင်နက်ဖြစ်သော
အောက်မြန်မာနိုင်ငံတွင် ထီဖွင့်မှုခေတ်စားနေလေသည်။
မန္တလေးနေပြည်တော်၌လည်း တရုတ်အမျိုးသားများ၏ ၃၆
ကောင်ထီများ ပေါ်ပေါက်နေပြီးဖြစ်သည်။ အခွန်တော်တိုးစေရန်
သဿမေဓအခွန်တော်ကို အတင်းအကြပ် ကောက်ခံခြင်းထက်
အင်္ဂလိပ်အစိုးရကဲ့သို့ ထီဖွင့်၍ ခိုင်နှုန်းကောက်ခံခြင်းက ပို၍
အကျိုးများမည်ဟု ယူဆကာ သီပေါမင်းတရားသည် ထီရုံများ
ဖွင့်လှစ်စေသည်။ နောက်ဆုံးတွင် အကျိုးမရှိဘဲ ဆင်းရဲသား
ကျွန်တော်မျိုးတို့ မွဲတေခြင်း၊ ခိုးသားထားပြ အလွန်ဆူပူ
သောင်းခြင်းတို့ ဖြစ်လာသဖြင့် ၁၂၄၃ ခု ပြာသိုလတွင် ထီရုံ
များပိတ်စေရသည်။
 
သီပေါမင်းလက်ထက် ထီဖွင့်ပုံဖွင့်နည်းမှာ အင်္ဂလိပ်တို့၏
ထီစံနစ်နှင့် အနည်းငယ်ကွာခြားသည်။ ၁၂၄ဝ ပြည့်နှစ်
တပေါင်းလတွင် ထီသဘောပေါက်သော အကွက် ၆ဝ ခုံကို
တီထွင်သည်။ ထိုခုံတွင် အမှတ် ၁ မှ ၆ဝ အထိ ဂဏန်း
များပါဝင်ရာ ထီထိုးသူက ကြိုက်ရာအမှတ်ကို အကန့်အသတ်
မရှိထိုးနိုင်သည်။ တစ်ဂဏန်းလျှင် တစ်ကျပ်ဖြစ်၍ ရောင်းရငွေမှ
၂ဝ ရာခိုင်နှုန်းကို နုတ်ယူပြီးလျှင် ကျန်ငွေကို အောင်ဘာလေ
ဖွင့်သည်။ ပေသီးအလုံး ၆ဝ ပေါ်တွင် တစ်ဂဏန်းမှ ခြောက်
ဆယ်ဂဏန်းတိုင်အောင်ရေးထိုး၍ ငွေအိုးတစ်လုံးတွင်ထည့်ကာ
ဗလာပေသီး ၅၉ လုံးနှင့် ရွှေပေသီးတစ်လုံးကို အခြားငွေအိုး
တစ်လုံးတွင်ထည့်ပြီးနောက် ကလေးနှစ်ယောက်အား အိုးတစ်
လုံးစီမှ ပေသီးတစ်လုံးစီ နှိုက်ယူစေသည်။ ရွှေပေသီးနှင့်တွဲ၍
ထွက်သော ဂဏန်းသည် အောင်ဘာလေဂဏန်းဖြစ်၍ ထိုဂဏန်း
ထိုးသူတို့အား သတ်မှတ်ထားသော ဆုငွေကို အညီအမျှ
ခွဲဝေပေးသည်။
 
ယင်းအကွက် ၆ဝ ထီမျိုးကို လူကြိုက်နည်းလာသဖြင့်
၁၂၄၁ ခု သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် အောင်
ဘာလေပေါက်ဂဏန်းကို တစ်ခုတည်းထား၍ လက်မှတ်ပေါင်း
၁၂ဝဝဝ ရိုက်သည်။ တစ်လက်မှတ်လျှင် ငါးကျပ်ကျနှင့် ရောင်း
ချရာ၊ ငွေပေါင်း ၆ဝဝဝဝိ ရရှိလေသည်။ ယင်းခြောက်သောင်းမှ
အခွန်တော်အတွက် ငွေတသောင်း နုတ်ယူပြီးနောက် ကျန်ငွေ
ငါးသောင်းကို အောင်ဘာလေမဲဖွင့်သည်။ အောင်ဘာလေ ရွှေ
ပေသီးနှင့် တိုက်ဆိုင်သူ လက်မှတ်ရှင်အား ငွေငါးသောင်း
အပ်နှင်းပြီးလျှင် သူဌေးအရာခန့်ထား သူကောင်းပြုမည်ဟုပင်
စည်လည်ထားသည်။ ထီပေါက်သူထံသို့ ငွေအိတ်ကို ဆင်ပေါ်
တွင်တင်၍ အိမ်တိုင်ယာရောက် ပို့လေသည်။ ထိုနောက် ထိုထီ
စံနစ်ကို ဘုရင်ကိုယ်တိုင် နှစ်သက်တော်မူသဖြင့် ထီရုံပေါင်း
၁ဝ ရုံဖွင့်စေတော်မူလျက် ထီရုံတရုံတွင် လက်မှတ်ပေါင်း
၆ဝဝဝ ထား၍ တစ်လက်မှတ်လျှင် နှစ်ကျပ်ကျနှင့် ရောင်းချရာ
ထီတစ်ရုံလျှင် ငွေပေါင်း ၁၂ဝဝဝိ ရရှိသည်။ ယင်းငွေမှ ငွေ
၂ဝဝဝိ ကိုနုတ်၍ ကျန်ငွေ ၁ဝဝဝဝိ ကို အောင်ဘာလေဖွင့်စေ
သည်။ ဤနည်းအတိုင်း ထီရုံ ၁ဝ ရုံထား၍ တစ်လလျှင် ၁ဝ
ကြိမ်ထီဖွင့်စေရာ ထီတော်မှ အခွန်တော်ငွေပေါင်း တစ်လလျှင်
၂ သိန်းကျစီ ရလေသည်။
 
မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၉၃၈
ခုနှစ်ကျမှ တစ်လက်မှတ်လျှင် ၂ ကျပ်ကျ နှင့်ရောင်း၍ ပထမ
သိန်းဆုအပြင် အခြားဆုငယ်များကို အောင်ဘာလေမဲနှိုက်၍
ဖွင့်သည်။ တစ်နှစ်လျှင် ၄ ကြိမ်ဖွင့်လှစ်သည်။ ဒုတိယကမ္ဘာ
စစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်ထားစဉ်ကပင်
ထီကို ဆက်လက်ဖွင့်လှစ်လေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး
ရပြီးနောက် ပြည်ထောင်စုအစိုးရ လက်ထက်တွင် ၁၄ ကြိမ်
မြောက် အောင်ဘာလေသိန်းထီမှစ၍ ယနေ့တိုင်အောင် ၂ လ
တကြိမ် ဖွင့်လှစ်လျက်ရှိရာ ၁၉၅၉ ခု နိုဝင်ဘာလတွင် အကြိမ်
၉ဝ မြောက်ခဲ့လေပြီ။
 
ထီကို မည်သူမဆို ဖွင့်ချင်သည့်အခါတွင် ဖွင့်၍မရချေ။
နိုင်ငံတော်အစိုးရက ခွင့်ပြုသော အဖွဲ့အစည်းနှင့် ခွင့်ပြုသူ
တို့သာလျှင် ခွင့်ပြုသမျှကာလအတွင်း ဖွင့်နိုင်သည်။ ပုဂ္ဂလိက
စီးပွားရေးအတွက်မှအပ အခြားမည်သည့်ကိစ္စအတွက်မဆို
ထီဖွင့်ရန် အစိုးရထံလျှောက်ထားနိုင်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)</ref>
 
 
မြန်မာနိုင်ငံတွင် ထီကို ကုန်းဘောင်နောက်ဆုံးမင်းဆက် [[သီပေါမင်း]]နှင့် [[စုဖုရားလတ်]]တို့ လက်ထက်တွင် ရတနာပုံနေပြည်တော်([[မန္တလေး]])၌ စတင်ဖွင့်လှစ်ခဲ့သည်။
 
"https://my.wikipedia.org/wiki/ထီ" မှ ရယူရန်