ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
==ပေါ်ပေါက်လာပုံ သမိုင်းကြောင်း==
[[File:Ymba_founders.jpg‎|thumb]]
:ဝိုင်အမ်ဘီအေ အသင်းကြီးဟာ ဗမာပြည်သမိုင်းမှာ မော်ကွန်းထိုးမှတ်တမ်းတင်ထားရမယ့် ပထမဆုံးသော နိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး နိုင်ငံရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (ဝိုင်အမ်ဘီအေ) ကို ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းပါတယ်။ အသင်းတည်နေရာကို အမှတ် (၈၆)၊ ၂၈ လမ်း၊ ရန်ကုန်မြို့၊ ဦးမောင်ကြီးနေအိမ်မှာ စတင်အခြေစိုက်ပါတယ်။ ဝိုင်အမ်ဘီအေ ကို ရန်ကုန်ကောလိပ် ကျောင်းသား မျိုးချစ်လူငယ်တစုကနေ စတင် တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ စတင် တည်ထောင်စက အဖွဲ့၀င်အသင်းသားဦးရေ (၂၀) တောင်မပြည့် သလို ဥက္ကဌ နှင့် အမှုဆောင် အဖွဲ့ဆိုတာလဲမရှိ၊ အကျိုးဆောင် အတွင်းရေးမှူး ဆိုတာသာ ရှိခဲ့ပါတယ်။ ဦးဘဘေ၊ ဦးမောင်ကြီး၊ ဒေါက်တာဘရင် တို့ကနေ စတင်စည်းရုံး လှုံ့ဆော်လှုပ်ရှား ခဲ့တာဖြစ်ပြီး စတင်တည်ထောင်သူတွေ ထဲမှာ ဦးမေအောင်၊ ဦးခင်၊ ဦးဘဒွန်း၊ ဦးစံဘ၊ ဦးစံလွင် ၊ ဦးလှဖေ၊ ဦးသိန်းမောင်၊ ဦးစိန်လှအောင် စတဲ့ပုဂ္ဂိုလ်တွေလဲ ပါ၀င်ခဲ့ပါတယ်။
 
၁၉၀၈ ခုနှစ်မှာ ရန်ကုန်မြို့လုံးဆိုင်ရာ ဝိုင်အမ်ဘီအေ အသင်း အစည်းအဝေး ကို ကျင်းပနိုင်ခဲ့ပြီး၊ ဥက္ကဌ နှင့် အမှုဆောင် လူကြီးစာရင်းလဲပဲ ရှိလာပါတယ်။ အသင်းရဲ့ စည်းမျဉ်း ဥပဒေကို ရေးဆွဲကြပြီး၊ အသင်းကို မြို့တိုင်း နယ်တိုင်းမှာဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ မြို့ကြီးတချို့မှာ အသင်းခွဲတွေ ပေါ်ပေါက်လာခဲ့ပြီး စတင်စဉ်က ကျောင်းသားလူငယ်တွေနှင့်ပဲ စတင်ခဲ့တာဖြစ်ပေမဲ့ တဖြည်းဖြည်း နှင့် လယ်သမား၊ အလုပ်သမား၊ ၀န်ထမ်းနှင့် ပညာတတ် တွေပါ ပါ၀င်လာခဲ့ပါတယ်။
[[File:Ymba_nayakas.jpg‎|thumb]]
 
၁၉၁၀ ခုနှစ်မှာ အသင်းခွဲတိုင်း က ကိုယ်စားလှယ်တွေပါ ပါ၀င်တက်ရောက်တဲ့ အစည်းအဝေးကြီးတခု ခေါ်ဆိုနိုင်ခဲ့ပြီး အသင်းချုပ်ကြီးအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဥက္ကဌ အဖြစ် ‘ဦးဘိုးပြေ့’ က ဆောင်ရွက်ပါတယ်။ ၁၉၁၁ ခုနှစ်၊ မေလ-၇ ရက်နေ့မှာ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးရဲ့ နိုင်ငံလုံးဆိုင်ရာ ပထမကွန်ဖရင့်ကို ရန်ကုန်မြို့မှာကျင်းပရာ ဦးမေအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဦးဘိုးပြေ့အား ဥက္ကဌ အဖြစ် ရွေးကောက်တင်မြှောက်ပါတယ်။ ဝိုင်အမ်ဘီအေ ရဲ့ မူလရည်ရွယ်ချက်ကတော့ ‘အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ’ ကို မြှင့်တင်ဖို့ဖြစ်ပြီး ကြွေးကြော်သံတွေကတော့ ‘အမျိုးကို ချစ်ပါ’၊ ‘ဘာသာကို လေးစားပါ’၊ ‘သာသနာကို ချီးမြှင့်ပါ’၊ ‘ပညာရေးကို အားပေးပါ’ တို့ ဖြစ်ပါတယ်။
 
Line ၅၀ ⟶ ၅၁:
==ဂျီစီဘီအေ သို့ ပြောင်းလဲခြင်း==
၁၉၀၆ ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့တဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးဟာ သက်တမ်းရင့်မာလာတာနှင့်အမျှ နိုင်ငံရေးဖက်ကို ဇောင်းပေးမှု တစတစမြင့်မားလာခဲ့သလို အဖွဲ့ကြီးအတွင်း လူကြီးနှင့်လူငယ်၊ နိုင်ငံရေးနှင့် ဘာသာရေး၊ တိုးတက်သောအစုနှင့် ဖောက်ပြန်သောအစု၊ တွေလဲ ပိုပိုပြီး သိသိသာသာကွဲပြားလာကာ မတူညီမှုတွေ နက်ရှိုင်းလာခဲ့ပါတော့တယ်။ ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မှာ ပြည်မြို့မှာ ကျင်းပတဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ နှစ်ပတ်လည် ကွန်ဖရင့်မှာတော့ အသင်းကြီးရဲ့ အမည်ကို (ဝိုင်အမ်ဘီအေ) ကနေ (ဂျီစီဘီအေ) လို့ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ကြတဲ့အတွက် ဝိုင်အမ်ဘီအေ အသင်းကြီးဟာ ‘ဝိုင်အမ်ဘီအေ’ နာမည်နှင့်တော့ အဆုံးသတ် သွားရပါတော့တယ်။ ဝိုင်အမ်ဘီအေ ဆိုတာ ဗုဒ္ဓဘာသာ ၀င်တွေ အတွက်သာလို့ အဓိပ္ပာယ် ပေါက်ရောက်နေစေနိုင်တဲ့အတွက် တနိုင်ငံလုံးရဲ့ အသင်းချုပ်ကြီးသဘော၊ ဗုဒ္ဓဘာသာ ၀င်မဟုတ်သူတွေပါ ပါ၀င်နိုင်တဲ့ အဖွဲ့ချုပ်ကြီး သဘော၊ ကျယ်ကျယ်ပြန့်ပြန့် သက်၀င်လှုပ်ရှား နိုင်စေရန်အတွက်ဆိုပြီး [[ဂျီစီဘီအေ|မြန်မာအသင်းချုပ်ကြီး]](ဂျီစီဘီအေ) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်ကြတာဖြစ်ပါတယ်။
[[File:Ymba_chairman.jpg|thumb]]
 
==မူလရည်ရွယ်ချက် နှင့် ဝိုင်အမ်ဘီအေ==
၁၉၄၈ ခု ဇန်နဝါရီ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်ရသော အခါ ဝိုင်အမ်ဘီအေ သည် နိုင်ငံရေးလှုပ်ရှားမှုများ မပါတော့ပဲ မူလရည်ရွယ်ချက်များ ဖြစ်သော ‘အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ’ အတွက် ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ {{ref|c|C}}