ရတနာသုံးပါး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.4) (ရိုဘော့က ပေါင်းထည့်နေသည် - nl:Drie Juwelen
No edit summary
စာကြောင်း ၅ -
* ဓမ္မ
* သံဃာ
==ရတနာသုံးပါး==
ရတနာသုံးပါး၌ ရတနာဟူသည်ကား သတ္တဝါတို့ကို
သာယာစုံမက် နှစ်သက်မြတ်နိုးစေတတ်သော အရာဝတ္ထု ဖြစ်
သည်။ ထိုရတနာကား (က)လောကီရတနာ၊ (ခ)လောကုတ္တရာ
ရတနာဟူ၍ နှစ်မျိုးဖြစ်သည်။ ထိုနှစ်မျိုးတို့တွင် လောကီ
ရတနာများတွင်လည်း စကြာမင်း၏ အသုံးအဆောင်ဖြစ်သော
ရတနာကား (၁) စကြာ (၂) ဆင် (၃) မြင်း (၄) ပတ္တမြား
(၅) မိဖုရား (၆) သူဌေး (၇) သားကြီးဟူ၍ ခုနစ်ပါး
ဖြစ်သည်။
 
သတ္တဝါတို့ အသုံးအဆောင်ဖြစ်သောရတနာကား (၁) ရွှေ
(၂) ငွေ (၃) ပုလဲ (၄) ပတ္တမြား (၅) ကြောင်မျက်ရွဲ (၆) စိန်
(၇) သန္တာဟူ၍ ခုနစ်ပါး ဖြစ်သည်။
(တစ်နည်း) သတ္တဝါတို့ အသုံးအဆောင်ဖြစ်သော ရတနာ
ကား (၁) နီလာ (၂) စိန် (၃) ကြောင်မျက်ရွဲ (၄) ပတ္တမြား
(၅) မြ (၆) ဂေါ်မုတ် (၇) ဥဿဖယား (၈) သန္တာ (၉) ပုလဲ
ဟူ၍ ကိုးပါးဖြစ်သည်။ ယင်းကိုးပါးကို [[နဝရတ်ကိုးပါး]] ခေါ်
သည်။
 
 
ဝိနည်း ပိဋကတ်တော်လာ ရဟန်းတို့သိက္ခာပုဒ်နှင့် ဆက်
စပ်သော ရတနာကား (၁) ပုလဲ (၂) မြ (၃) ပတ္တမြားစိမ်း
(၄) ကြောင်မျက်ရွဲ (၅) ခရုသင်း (၆) ကျောက်သလင်း (၇)
သန္တာ (၈) ရွှေ-ငွေ (၉) ပတ္တမြားနီ (၁ဝ) ပတ္တမြားပြောက်
ဟူ၍ ဆယ်ပါးဖြစ်သည်။
လောကုတ္တရာ ရတနာကား (၁) ဘုရား (၂) တရား (၃)
သံဃာ ဟူ၍ သုံးပါးဖြစ်သည်။ ယင်းသုံးပါးကို [[သရဏဂုံ]]သုံးပါး
လည်း ခေါ်သည်။
 
 
လောကီလောကုတ္တရာ ရတနာနှစ်မျိုးတို့ကို ရတနာခေါ်
ဆိုခြင်း အကြောင်းကား (၁) အရိုအသေပြုအပ်ခြင်း၊ (၂) အဖိုး
များစွာ ထိုက်တန်ခြင်း၊ (၃) အတုမရှိခြင်း၊ (၄) မြင်ရခဲခြင်း၊
(၅) မြင့်မြတ်သောသူတို့ အသုံးအဆောင်ဖြစ်ခြင်း၊ ဤအနက်
ငါးမျိုးကြောင့် ဖြစ်သည်။
 
ထိုသို့ အနက်ငါးမျိုးကြောင့် ရတနာဟု ခေါ်ဆိုရသော်
လည်း တစ်လောကလုံး၌ ရှိရှိသမျှ လောကီရတနာများကား
လောကုတ္တရာ ရတနာများနှင့် အနည်းငယ်မျှ မတူပေ။ သို့
အတွက် တစ်လောကလုံး၌ လောကုတ္တရာ ရတနာဖြစ်သော
ဘုရား၊ တရား၊ သံဃာတို့သာ အကောင်းဆုံး အမြင့်ဆုံး
အမြတ်ဆုံးရတနာများ ဖြစ်လေသည်။
 
ယင်းလောကုတ္တရာ ရတနာသုံးပါးတို့ အကြောင်းအရာနှင့်
စပ်လျဉ်း၍ ဘုရား၊ တရား၊ သံဃာအကြောင်းအရာတို့ကိုလည်း
ရှုကြစေလိုသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
 
 
 
ထေရဝါဒဂိုဏ်းသုံးတည့် ရတနာသုံးပါး
Line ၄၄ ⟶ ၉၂:
 
{{stub}}
== ကိုးကား ==
 
<references/>
[[Category:ဘာသာရေး]]
[[Category:ဗုဒ္ဓဘာသာ]]