ကိုကာကိုလာ ဆိုသည်မှာ ကမ္ဘာနှင့် တဝန်း သောက်သုံးနေကြေသာ အချိုရည် တစ်မျိုးဖြစ်သည်။ ကိုကာကိုလာ အချိုရည်ကို အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်အတ္တလန္တာမြို့မှ ဆေးဝါးပညာရှင် ဒေါက်တာဂျွန် ပန်မ်ဘာတန်က ဖော်စပ်တီထွင်ခဲ့သည်။ ၎င်းသည် ၁၈၈၆ ခုနှစ် မေလကဖြစ်ပြီး ကိုကာကိုလာဟူသော အမည်ကို သူ၏ စာရင်းကိုင်ဖြစ်သူ ဖရန့်ရော်ဘင်ဆင်က ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်း ကိုကာကိုလာ လိုဂို အမှတ်တံဆိပ်သည် ယနေ့တိုင် အောင်မြင်ကျော်ကြားနေဆဲ ဖြစ်သည်။ ပထမဆုံးသော အဆိုပါအချိုရည်ကို ၁၈၈၆ ခုနှစ်၊ မေလ (၈) ရက်၌ အတ္တလန်တာမြို့ရှိ ဆေးဆိုင်မှ စတင် ရောင်းချခဲ့သည်။ စတင် ထုတ်လုပ်စဉ်က ဂျွန်ပန်မ်ဘာတန်အတွက် အရှုံးပေါ်ခဲ့သည်ဟုဆိုသည်။ [၁]

ကိုကာကိုလာ
Coca-Cola
Coca-Cola has retained many of its historical design features in modern glass bottles.
အမျိုးအစားကိုလာအချိုရည်
ထုတ်လုပ်သူကိုကာကိုလာ ကုမ္ပဏီ
မူရင်းထုတ်လုပ်သည့်နိုင်ငံ အမေရိကန်
စတင်ရောင်းချသည့်နေ့၁၈၈၆ ခုနှစ်
အရောင်အဆင်းညိုဖျော့ဖျော့အရောင်
ရနံ့ကိုလာ၊ ကိုလာချယ်ရီ၊ ကိုလာသစ်ခွ၊ ကိုလာလက်ဖက်စိမ်း၊ ကိုလာလီမွန်၊ ကိုလာသံပရာ၊ ကိုလာလီမွန်သံပရာ၊ ကိုလာလိမ္မော်၊ ကိုလာရတ်စဘယ်ရီ
ဆက်စပ်ထုတ်ကုန်ပက်စီ
Postobón
RC Cola
Cola Turka
Kola Real
Inca Kola
Zam Zam Cola
Mecca-Cola
Virgin Cola
Parsi Cola
Qibla Cola
Evoca Cola
Corsica Cola
Breizh Cola
Afri Cola
ဝက်ဘ်ဆိုဒ်coca-cola.com
၁၉၄၁ ခုနှစ် မော်တရီယယ် ကနေဒါ

ကိုကာကိုလာ အချိုရည်ကို ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ကုန်ပစ္စည်းဖြန့်ဖြူးသူများ နှင့် စာချုပ်ချုပ်ဆို၍ ထုတ်လုပ်ပြီးသော ကိုကာကိုလာ ဗူးများ၊ ပုလင်းများကို လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် အကြွေစေ့နှင့် ကိုယ်တိုင်ဝယ်ယူနိုင်သော စက်များဆီသို့ ဖြန့်ဖြူးလျက်ရှိသည်။ ကိုကာကိုလာ ကုမ္ပဏီသည် Coke အမှတ်တံဆိပ်၏ အောက်တွင် တခြားသော အချိုရည်အမှတ်တံဆိပ်များကိုလည်း မှတ်တံဆိပ်များကိုလည်း မိတ်ဆက်ခဲ့သည်။ လူသိများသော တံဆိပ်များမှာ Diet Coke Caffeine- Free, Coca-Cola Cheery, Coca-Cola Zero, Coca-Cola Vanilla အစရှိသည်တို့ ဖြစ်ကြသည်။ ၂၀၁၃ ခုနှစ်တွင် ကိုကာကိုလာ အမှတ်တံဆိပ်ကို နိုင်ငံပေါင်း ၂၀၀ ကျော်တွင် တွေ့ရှိနိုင်ပြီး နေ့စဉ် သောက်သုံးသူ သန်းပေါင်း ၁၈၀၀ ကျော် ရှိသည်။

၂၀၁၁ ခုနှစ် ကမ္ဘာ့ ကုန်ပစ္စည်း အမှတ်တံဆိပ်များတွင် ကိုကာကိုလာ အမှတ်တံဆိပ်သည် ကမ္ဘာ့အဖိုးအတန်ဆုံး အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခြင်းခံရသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. သိပ္ပံနှင့် နည်းပညာဂျာနယ်၊ အမှတ်(၁၅)၊ ၂၀၀၆-ခု၊ မတ်လ
  2. Apple cracks Interbrand's best global brands top 10 list - The Globe and Mail။ 1 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2015 တွင် ပြန်စစ်ပြီး။