ဇွိုင်ဒါဇေး ပြင်ဆင်ရန်

ဇွိုင်ဒါဇေးသည် ဟော်လန်နိုင်ငံမြောက်ဘက်ရှိ ပင်လယ် ကမ်းစပ်မြေနိမ့်ဒေသဖြစ်သည်။ ရှေးအခါက ထိုဒေသမှာ အိုင် ထွန်း၍နေပြီးလျှင် ရွံ့နွံထူထပ်သော မြေရိုင်းမျှသာဖြစ်သည်။ 'ဇွိုင်ဒါဇေး'မှာ ဒပ်ချစကားဖြစ်သည်။ တောင်ဘက်ပင်လယ်ဟု အနက်ရ၏။

ဇွိုင်ဒါဇေးတည်ရာဒေသကို ခရစ် ၁၁ ရာစုနှစ်နှင့် ၁၃ ရာစုနှစ်အတွင်း၌ ဒီရေတိုက်စားသဖြင့်၊ ယင်းဒေသသည် ပင်လယ်ကွေ့ကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထို ပင်လယ်ကွေ့ကြီးသည် တောင်နှင့် မြောက်သို့ အလျားလိုက် တည်ရှိသည်။ အလျားမှာ ၈၅ မိုင်ရှိ၍၊ အနံမှာ ၄၅ မိုင်ရှိ သည်။ ပင်လယ်ကွေ့အတွင်း များစွာသောနေရာတို့တွင် ၃ ပေ မျှသာနက်၍၊ အနက်ဆုံးနေရာ၌ ၁၉ ပေမျှရှိလေသည်။

ထိုကြောင့် ဟော်လန်အစိုးရသည် ပင်လယ်ရေကိုထုတ်ပစ် ပြီးလျှင် လယ်ယာမြေကွက်များပြုလုပ်ရန် ၁၂ ရာစုနှစ်ခန့်ကပင် ကြံစည်စိတ်ကူးခဲ့၏။ သို့ရာတွင် ၁၉၂ဝ ပြည့်နှစ်တွင်မှ လုပ် ငန်းကို စတင်နိုင်ခဲ့လေသည်။ ရှေးဦးစွာ ထိုချိုင့်ဝှမ်းမြေနိမ့်ကို အကန့်ကြီး ၄ ကန့်ကန့်ပြီးနောက်၊ တာတမံများဆည်ကာရေ များကို ထုတ်ပစ်လေသည်။ ယခုအခါ ရေကာတာကြီးများသည် ဇွိုင်ဒါဇေးမြေနိမ့်ကို မြောက်ပင်လယ်မှ ပိုင်းခြား၍ထားသည်။ အကန့်လေးကန့်စလုံးမှ ရေထုတ်ပစ်ခြင်းလုပ်ငန်းမှာ ၁၉၄၂ ခုနှစ်တွင်မှ အပြီးသတ်သည်။ ထိုသို့ တာတမံများဆည်၍ ရေများထုတ်ပစ်လိုက်ခြင်းဖြင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်နိုင် သော မြေယာပေါင်း ၅၂၃ဝဝဝ ဧကတိုး၍ ရရှိခဲ့လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)