နော်ဖောကျွန်း (အင်္ဂလိပ်: Norflk Island) သည် ဩစတေးလျနိုင်ငံ၏ နယ်နိမိတ်ပြင်ပမြေဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း နယူးဇီလန်နှင့် နယူးကလီဒိုနီးယား (ပြင်သစ်ပိုင် နယ်နိမိတ်ပြင်ပမြေ) အကြားတွင် ရှိသည်။ ဩစတေးလျ၏အရှေ့ဘက်ရှိ အီဗန်ဟတ်မြို့မှ ၈၇၇ မိုင်အကွာ၊ လော့ဟောင်ဝီကျွန်းမှ ၅၆၀ မိုင်အကွာတွင် ဖြစ်သည်။ အနီးရှိ ဖိလစ်ကျွန်း၊ နပျံကျွန်းတို့နှင့် ပေါင်းကာ သုံးကျွန်းစု၍ နော်ဖောကျွန်းနယ်မြေ ခေါ်၏။ [၁] ၂၀၁၆ ခု၊ သန်းခေါင်စာရင်းအရ ၃၅ ကီလိုမီတာ (၁၄ စတုရန်းမိုင်) ကျယ်သော ဤဧရိယာတွင် လူ ၁၇၄၈ ယောက် နေသည်။ [၂] မြို့တော်မှာ ကင်းစတန် ဖြစ်၏။

သိထားသမျှတွင် ပထမဆုံးနေသူတို့မှာ အရှေ့ပိုနီးသျှန်းသားများ ဖြစ်၏။ ၁၇၈၈ ခုတွင် ဩစတေးလျသို့ ဗြိတိသျှတို့ ရောက်လာသည်နောက် ထိုကျွန်းမြေမှ စွန့်သွားကြသည်။ ဗြိတိန်၏ ကိုလိုနီမြေအဖြစ် ၁၇၈၈ ခု၊ မတ်လ ၆ ရက်တွင် တရားဝင်စာရင်းထည့်သော်လည်း ၁၈၅၅ ခု၊ မေလ ၅ ရက် မတိုင်မီအထိ လူနေခြင်း မရှိသေး။ [၃][၄] ကုန်းပတ်သူပုန်တို့ကို ပစ်ကိန်းကျွန်းမှ နော်ဖောကျွန်းသို့ ရွှေ့သည်နောက် ၁၈၅၆ ခု၊ ဇွန်လ ၈ ရက်တွင် အမြဲတမ်းနေသူဟူ၍ ရှိလာသည်။ ၁၉၁၄ ခုတွင် ယူနိုက်တက်ကင်းဒမ်းက နော်ဖောကျွန်းကို ဩစတေးလျအား နယ်နိမိတ်ပြင်ပရှိ အုပ်ချုပ်ခံမြေအဖြစ် လွှဲသည်။ [၅]

နော်ဖောထင်ရှူးပင်မှာ ကျွန်း၏အမှတ်အသား ဖြစ်ပြီး အလံတွင်လည်း ထည့်သရုပ်ဖော်ထား၏။ ထင်ရှူးသည် ကျွန်း၏ အဓိကထွက်ကုန်လည်း ဖြစ်သည်။ အလှစိုက်ပင်အဖြစ် ဩစတေးလျက အဓိကဝယ်၏။

ကိုးကား ပြင်ဆင်ရန်

  1. "Norfolk Island Act 1979". Federal Register of Legislation. Archived from the original on 16 July 2019.
  2. Australian Bureau of Statistics (27 June 2017). "Norfolk Island (State Suburb) Archived 8 June 2018 at the Wayback Machine.". 2016 Census QuickStats.
  3. "History and Culture on Norfolk Island". Archived from the original on 12 July 2012.
  4. "Norfolk Island: A Short History". Archived from the original on 7 March 2016.
  5. Roberts-Wray, Kenneth (1966). Commonwealth and Colonial Law. London: Stevens.