မီးချောင်း

လျှပ်စစ်စွမ်းအားမှ အလင်း ထုတ်လွင့်ပေးသော ပစ္စည်း

မီးချောင်း တချောင်းကို ပလပ်ပေါက်တွင်ဆက်သွယ်ပြီး ခလုပ်ဖွင့်လိုက်လျှင် မီးလင်းလာမည်သာ ဖြစ်ပါတယ် ။ သို့သော် ထူးခြားချက်မှာ ရိုးရိုးမီးလုံးကဲ့သို့ မီးဇာအတွင်း လျှပ်စစ်စီးဆင်းသွားပြီး မီးလင်းလာခြင်းကဲ့သို့မဟုတ်ပဲ မီးချောင်း မီးလင်းလာပုံမှာ အလွန်ပင်စိတ်ဝင်စားစရာ ကောင်းလှပါတယ် ။ မီးချောင်းကို ခလုပ်တွင် တပ်ဆင်လိုက်ပြီး မီးခလုပ်လိုက်ဖွင့်လိုက်ပါက လျှပ်စစ်သည် မီးချောင်း၏ လျှပ်စစ်ပါတ်လမ်းအတွင်း ဝင်ရောက်စီးဆင်းလာပေမည် ။ လျှပ်စစ်ကို ချုပ်ကွိုင်ရှိရာဘက်မှ စတင်စီးဆင်းသည်ဟု မှတ်ယူမည်ဆိုပါစို့ ( အမှန်တော့ မည်သည့်ဘက်က စီးစီး အတူတူပင်ဖြစ်ပေသည် ) ။ လျှပ်စစ်သည် ချုပ်ကွိုင်ကို ဖြတ်ပြီးနောက် ၎င်း နှင့်ဆက်ထားသော မီးချောင်းအထိုင်မှ တဆင့် မီးချောင်း၏ မီးစာအတွင်း ဖြတ်စီးသွားမည် ။ ထို့နောက် Starter ( စတာတာ )  ရှိရာသို့ဖြတ်စီးသွားပြီးနောက် ကျန် မီးချောင်း မီးဇာ တဘက်သို့ဖြတ်စီးသွားပြီး လာရာလမ်းသို့ ပြန်သွားမည်ဖြစ်သည် ။

မီးချောင်း မီးလင်းရန် ကြိုးစားအားထုတ်နေစဉ်
မီးချောင်း မီးလင်းနေစဉ်

Starter ( စတာတာ  ) နေရာတွင် လျှပ်စစ် ဖြတ်သွားပုံမှာ အလွန်စိတ်ဝင်စားစဖွယ်ကောင်းလှသည့် အပြင် အရေးကြီးဆုံး အပိုင်းဖြစ်ပေသည် ။  စတာတာတွင် မီးကွိုင် ( B ) နှင့် ဘိုင်မက်တယ် ( C ) တို့မှာ ဆက်စပ်နေခြင်း မရှိပေ ။ ( Starter အကြောင်း သီးသန့် ဆောင်းပါးတွင် လေ့လာရန် ) ။ မီးခလုပ်ကို ဖွင့်လိုက်သောအခါ မီးချောင်းစုံအတွင်းသို့ ဝင်ရောက်လာသော လျှပ်စစ်ဖိအားသည် ( လျှပ်စစ်ဖိအား = Voltage ) စတာတာ တဘက်တချက်တွင် မီအားအပြည့် ( ၂၂၀ - ၂၃၀ ) ခန့်ကျရောက်လာပေသည် ။

Starter ကိုတွေ့မြင်ရစဉ်
ထွန်းလင်းနေသော မိးချောင်း

ထိုအခါ စတာတာ ဖန်ဗူးတွင်ရှိနေသော အင်းနက် ဓာတ်ငွေ့အတွင်းသို့ လျှပ်စစ် ပြန်စီးလာသောအခါ အပူဓာတ်ဖြစ်ပေါ်လာသည် ။ ထိုအပူဓာတ်ကြောင့် ဘိုင်မက်တယ် ( C ) သည် ကားလာပြီးနောက် မီးကွိုင် ( B ) နှင့် ထိသွားပေသည် ။ ထိုအချိန်တွင် လျှပ်စစ်ပါတ်လမ်းသည် ပါတ်လမ်းပြည့်ဖြစ်ပေါ်စေပြီး Short ပုံစံဖြစ်သွားစေသည်  ။ ထိုကဲ့သို့ပါတ်လမ်း ပြည့်သွားသောကြောင့် မီးကွိုင် ၂ ခု ( B ) နှင့် ( C ) တွင် အပူဓာတ်ဖြစ်ပေါ်လာပြီး Starter မီးတဖြတ်ဖြတ်လင်းပြီး ခပ်နေခြင်းကိုမြင်တွေ့ရမှာဖြစ်ပြီး ၊  အင်းနက်ဓာတ်ငွေ့တွင်မူ လျှပ်စစ်စီးဆင်းခြင်း မရှိတော့သဖြင့် အင်းနက်ဓာတ်ငွေ့သည်ပြန်အေးလာပေသည် ။ ပြန်အေးလာသဖြင့် မူလက အပူဓာတ်ကြောင့်ထိကပ်နေသော ကွိုင်ငုတ် ၂ ခုသည် ရုတ်တရက်ပြန်ကွာသွားပေသည် ။ ထိုအခါ ချုပ်ကွိုင်သည် လျှပ်ညှိ့ခြင်း ဂုဏ်သတ္တိကြောင့် လျှပ်စစ် ဗို့အား သည် ၁၀၀၀ ခန့်အထိ လျှပ်တပြတ် ဆောင့်တက်သွားပေသည် ။ ( ချုပ်ကွိုင်အကြောင်း ဆောင်းပါး သီးသန့် )  ထိုအခိုက်အတန့်အချိန်လေးတွင် မီးချောင်းအတွင်းရှိ မီးဇာ ငုတ် ၂ ဘက်စီသို့ အာဂွန်ဓာတ်ငွေ့များကို ဖြတ်ပြီး လျှပ်စစ်ကိုစီးဆင်းသွားစေရန် တွန်းပို့လိုက်သကဲ့သို့ဖြစ်ပေါ်စေပြီး မီးချောင်းကို လင်းသွားစေပေသည် ။ မီးချောင်းအတွင်းရှိ မီးဇာ ၂ ခု ချိတ်ဆက်မိသွားစေရန် ပထမဦးဆုံး တကြိမ်သာ တွန်းပို့ပေးရန် လိုအပ်ပြီး မီးချောင်းလင်းပြီးနောက် ရှိရင်း လျှပ်စစ်ဗို့အားဖြင့်ပင်လုံလောက်နေဆဲဖြစ်၍ မီးချောင်းမှာ ပြန်မှိတ်သွားသည ်မရှိပဲ ဆက်လင်းနေလိမ့်မည်။ မီးချောင်းအတွင်း လျှပ်စစ်ဖြတ်စီးပြီး မီးချောင်းလင်းနေချိန်တွင် စတာတာ ဆီသို့ ဗို့အားအပြည့်ရောက်ရှိခြင်း မရှိတော့သဖြင့် ပြန်ကပ်သွားစေရန် အပူဓာတ်လည်း မလိုတော့ချေ ။ အကယ်၍ များ မီးချောင်းပြန်ပိတ်သွားခဲ့ပါက စတာတာဆီသို့ ဗို့အား အပြည့်ပြန်ရောက်လာသဖြင့် မူလလုပ်ငန်းစဉ်အတိုင်း မီးချောင်းပြန်မလင်း မခြင်း ပိတ်လိုက်ဖွင့်လိုက်ဖြင့် မီးချောင်း လင်းလာစေရန် စတာတာမှ ကြိုးစားအားထုတ်နေဦးမည် ဖြစ်ပါတယ် ။

ယခုအခါတွင်တော့ မီးချောင်းများတွင် ချုပ်ပါဝင်ခြင်း မရှိတော့ပဲ Electronic စနစ်ဖြင့် အသက်သွင်းထားပြီးဖြစ်သကဲ့သို့ Starter လည်းမပါဝင်တော့ပဲ အကုန်လုံးကို Electronic စနစ်ထိန်းချုပ်စနစ်အဖြစ် အားလုံးကိုဖန်တီးထားနိုင်ခဲ့ပြီဖြစ်သည့်အပြင် ယခုအခါ LED မီးချောင်းများကိုပါက တိုးတက်အသုံးပြုလာခဲ့ပြီးဖြစ်သောကြောင့် မီးချောင်းများအသုံးပြုခြင်းမှာ ရှေးကထက်လွန်စွာ နည်းပါးသွားစေပါတယ် ။ အကယ်၍များ စတာတာ အတွင်းရှိ ဘိုင်မက်တယ်သည် ထိပြီး ပြန်မကွာတော့လျှင်၎င်း ၊ အမြဲတမ်းကွာနေခဲ့လျှင်၎င်း မီးချောင်းလင်းလာတော့မည်မဟုတ်တော့ပဲ မီးချောင်းအစွန်းတွင်သာအနည်းငယ်လင်းနေမှာဖြစ်ပြီး ၊ ထိုအခါတွင်တော့ စတာတာ အသစ်လဲလှယ်ပေးရန် လိုအပ်လာမှာပါ ။