မော်တင်စွန်းအငူ (အင်္ဂလိပ်: Cape Negrais) သည် မြန်မာနိုင်ငံဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ အငူ တစ်ခု ဖြစ်သည်။ ပါလီပါလဲ့ကျွန်း၏ အရှေ့မြောက်ဖက် ၁၃၃ ကီလိုမီတာအကွာ၊ အိန္ဒိယပြည်ထောင်စုနယ်မြေ၏ ကပ္ပလီကျွန်းနှင့် ၁၉၃ ကီလိုမီတာအကွာတွင် တည်ရှိသည်။[၁] မြောက်ဦးနေပြည်တော် (၁၄၂၉-၁၇၈၅) က နှစ်ရှည်လများစွာ အုပ်ချုပ်ခဲ့သော နေရာဖြစ်ကာ ၁၅၄၅ ခုနှစ်မှ ၁၅၄၇ ခုနှစ်အထိ တောင်ငူ-မြောက်ဦး စစ်ပွဲ ဖြစ်ပွားခဲ့ရာနေရာလည်း ဖြစ်သည်။[၂] ၁၇၅၉ ခုနှစ် အောက်တိုဘာလတွင် အင်္ဂလိပ်ကုန်သည်များ အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။[၃]

Cape Negrais သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Cape Negrais
Cape Negrais
မော်တင်စွန်းအငူ တည်နေရာ

ကပ္ပလီပင်လယ်၏ မြောက်ဘက်အကျဆုံး အမှတ်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် တွေ့ဆုံသည့် နေရာဖြစ်သည်။ ဤအငူ၏ တောင်ဘက်နှင့် အရှေ့ဘက်တွင် ကပ္ပလီပင်လယ်တည်ရှိပြီး မြောက်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တည်ရှိသည်။

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
  2. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
  3. Captain Alves' Account of the Loss of Negrais in 1759. archive.org 2010-11-11

ကိုဩဒိနိတ်: 16°2′0″N 94°12′0″E / 16.03333°N 94.20000°E / 16.03333; 94.20000