​ဂရိ-ရောမဒဏ္ဍာရီတွင် အစ်နီးယပ်စ် (အင်္ဂလိပ်: Aeneas; ဂရိ: Αἰνείας Aineías) သည် ထရိုဂျန်သူရဲကောင်းတစ်ဦးဖြစ်၍ မင်းသား အန်ကိုက်ဆီးဇ် နှင့် အဲဖရာဒိုက်တီ(ဗီးနပ်စ်) နတ်ဘုရားမ၏ သားဖြစ်သည်။ ဖခင်သည် ထရွိုင်ဘုရင် ပရိုင်းယန်၏ ညီအကိုဝမ်းကွဲတော်စပ်သူဖြစ်ကာ နှစ်ဦးစလုံးသည် ထရွိုင်မြို့တည်ဘုရင် အီလို့စ်၏ မြေးများဖြစ်ကြသည်။ ထို့ကြောင့် အစ်နီးယပ်စ်သည် ပရိုင်းယန်၏ သားများဖြစ်သော ပါရိစ်နှင့် ဟက်တာတို့၏ နှစ်ဝမ်းကွဲ ညီအကိုတော်စပ်သည်။ ဂရိဒဏ္ဍာရီမှ ဇာတ်ကောင်တစ်ဦးဖြစ်၍ ဟိုးမား၏ အိလိယဒ်ကဗျာတွင် ဖော်ပြထားသည်။ ရောမဒဏ္ဍာရီတွင် အကျယ်တဝံ့ရေးသားခံရပြီး အထူးအားဖြင့် ကျယ်ကျယ်ပြန့်ပြန့်အရှိဆုံးမှာ ဗားဂျစ်လ်အစ်နီးယစ်ကဗျာရှည်တွင်ဖြစ်သည်။ ယင်းကဗျာ၌ ကဗျာဆရာက ရောမြွတ်လပ်စ် နှင့် ရီးမက်စ် တို့၏ ဘိုးဘေးအဖြစ် ဖော်ပြရေးသားထားပေသည်။ စနောရီ စတားလဆန်က ၎င်းကို နော့စ် အိုင်းဆစ်ယာနတ်ဘုရားအစုမှ ဗီးဒါနတ်ဘုရားဟူ၍ ဖော်ပြခဲ့သည်။[၁]

အစ်နီးယပ်စ်သည် ထရွိုင်မီးလောင်တစပြင်မှ ထွက်ပြေးခြင်း၊ ဖက်ဒရစ်ကို ဘာရော့ချီ (၁၅၉၈)၊ Galleria Borghese အနုပညာပြခန်း၊ ရောမမြို့၊ အီတလီ။

ကိုးကား ပြင်ဆင်ရန်

  1. The Prose Edda of Snorri Sturlson Translated by Arthur Gilchrist Brodeur [1916] Prologue II at Internet Sacred Texts Archive. Accessed 11/14/17