အူဘာလင်ဂန် ကောင်းကင်ယံ လေယာဉ်တိုက်မှု

၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ရက်တွင် ဘက်ရှ်ကီးရီးယန်း လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၂၉၃၇ အနေနှင့် ပျံသန်းသော တူပိုလက်ဗ် တီယူ-၁၅၄ အမျိုးအစား လေယာဉ် နှင့် ဒီအိတ်ချ်အယ်လ် ကုန်စည်ပို့ဆောင်ရေးမှ ဘိုးအင်း၇၅၇ ကုန်တင်လေယာဉ် တို့ ဆွစ်ဇာလန် နယ်စပ်အနီး ဂျာမန်နိုင်ငံတောင်ပိုင်း ကွန်စတင့်ရေကန် နံဘေးရှိ အူဘာလင်ဂန်မြို့ ၏ အပေါ် ကောင်းကင်ယံတွင် တိုက်မိခဲ့ခြင်း ဖြစ်သည်။ တူပိုလော့ လေယာဉ်ပေါ်ရှိ ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၆၉ ဦးနှင့် ဘိုးအင်း ၇၅၇ ပေါ်မှ လေယာဉ်အမှုထမ်း နှစ်ဦးတို့ သေဆုံးခဲ့သည်။[၁]

ဘက်ရှ်ကီရီယန် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၂၉၃၇
ဒီအိတ်ချ်အယ်လ် လေကြောင်းခရီးစဉ် ၆၁၁
မတော်တဆဖြစ်ခြင်း ဖြစ်စဉ်အကျဉ်း
နေ့စွဲ၂၀၀၂၊ ဇူလိုင် ၁ ရက်
အကျဉ်းချုပ်ဆက်သွယ်ရေး နည်းပညာ ချို့ယွင်းမှုကြောင့် ကောင်းကင်ယံတွင် တိုက်မိခြင်း
ဖြစ်ပျက်ရာနေရာအူဘာလင်ဂန်၊ ဂျာမနီ
အောက်မေ့ဖွယ်ကျောက်ပြား
အောက်မေ့ဖွယ်ကျောက်ပြား
အူဘာလင်ဂန် အောက်မေ့ဖွယ် နေရာ

ဂျာမန် ဖက်ဒရယ် ဗြူရိုရှိ လေယာဉ်ဆိုင်ရာ မတော်တဆမှုများ စုံစမ်းစစ်ဆေးရေး အေဂျင်စီ က လေယာဉ်တိုက်ရသည့် အကြောင်းမှာ ဆွစ်ဇာလန်မှ လေကြောင်းထိန်းသိမ်းရေး အရာရှိ၏ ချို့ယွင်းချက်ကြောင့် လည်းကောင်:၊ လေကြောင်းတိုက်ခိုက်မှု ရှောင်ကွင်းရေးစနစ် အသုံးပြုရမည့် အဆင့်ဆင့်နည်းလမ်းများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိနေခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ရှာဖွေဖော်ထုတ်ခဲ့သည်။ [၂]:110

ကိုးကား ပြင်ဆင်ရန်

  1. Passenger List (in German)။ 29 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 November 2008 တွင် ပြန်စစ်ပြီး။
  2. Investigation Report AX001-1-2 (English)။ German Federal Bureau of Aircraft Accidents Investigation (2 May 2004)။ 23 January 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2007 တွင် ပြန်စစ်ပြီး။