အော်တာနေးတစ် ကန်းထရီးဂီတ

အော်တာနေးတစ် ကန်းထရီးဂီတ (အင်္ဂလိပ်: Alternative Country; တစ်ခါတစ်ရံ alt-country, insurgent country (သို့) American ဟုလည်း ခေါ်ပြီး) ကန်းထရီးဂီတ၏မျိုးခွဲတစ်မျိုးဖြစ်သည်။ mainstream (သို့) pop country ဂီတမှ ကွဲပြားသော ပုံစံများပါဝင်သည်။ country ဂီတတီးဝိုင်းများဖော်ပြရာတွင် rock ၏ ဇစ်မြစ်များ၊ bluegrass, rockabilly, honky-tonk, alternative rock, folk rockနှင့် punk တို့ လွှမ်းမိုးမှုများကို ပေါင်းစပ်ထားသည်။

Punkနှင့် country တို့ ပေါင်းစပ်တီထွင်ရန်ကြိုးစားခဲ့သည့်တီးဝိုင်းမှာ Jason and Scorchers နှင့် ၁၉၈၀ southern California cowpunk ဖြစ်ရပ်နှင့်အတူ the long Ryders တို့လည်းပါဝင်သည်။ ဤပုံစံများကို Uncle Tupelo ၏ ၁၉၉၀ album No Depression ထဲတွင် ပေါင်းစပ်ထားသည်။ ဤ album ကို ပထမဆုံး 'alt-country album ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်မှတ်တမ်းတင်ခဲ့သည်။ Ucle Tupelo အုပ်စု အဓိကဆက်နွယ်နေသော တီးဝိုင်းများမှာ Wilco, Son Volt နှင့် Battle Rockets တီးဝိုင်းတို့ဖြစ်သည်။ အခြားလွှမ်းမိုးခဲ့သည့် တီးဝိုင်းများမှာ Blue Mountain, Whiskeytown နှင့် Blood Orange နှင့် Drive-By Truckers စသည့်တီးဝိုင်းများဖြစ်သည်။

အဓိပ္ပာယ်သတ်မှတ်ခြင်းနှင့်ဝိသေသလက္ခဏာများ ပြင်ဆင်ရန်

၁၉၉၀တွင် alternative country သည် alternative rock နှင့် ယှဉ်ပြိုင်လာခဲ့ပြီး ကွဲပြားခြားနားသော ဂီတပညာရှင်များကို ဖော်ပြခဲ့ပြီး mainstream country ဂီတအပေါ်သက်ရောက်စေခဲ့သည်။ မကြာခဏ strong punkနှင့် rock&roll ပေါင်းစပ်ထားသည့် lo-fi sound များအတွက် Nashville၏ လွှမ်းမိုးများမှာ ထုတ်လုပ်ခြင်းတန်ဖိုးများ မြင့်တက်လာမှုကို ရှောင်ခဲ့သည်။ စာသားများမှာ အေးစက် ခြင်း(သို့) လူမှုရေးအကြောင်းအရာများဖြစ်ပြီး အလွန်စိတ်ထိခိုက်ခံစားရသော အကြောင်းအရာများလည်းပါဝင်သည်။ traditional American Folk music မှ စီစဉ်ထားသော ဂီတဆိုင်ရာပုံစံများမှာ အနည်းငယ်သာကျန်ရှိသည်။ mainstream rock(သို့)countryမှ blue grass, rockabillyနှင့် honky-tonk ဟူ၍ ဂီတကို ဝေခွဲ၍ မရနိုင်ပေ။ alternative country အနုပညာရှင်များ လှုပ်ရှားမှုကို ငြင်းပယ်မူကြောင့် ခွဲခြားဖော်ပြရာတွင် ရှုပ်ထွေးစေသည်။ ဂီတပညာရှင်များမှာ alternative country ဖြစ်သည်ဟု ပြန်လည်သုံးသပ်၍ အခိုင်အမာဆိုသည်။ လူသိအများဆုံး magazine ဖြစ်သည့် No Depression သည် ဤအမျိုးအစားအပေါ်နှစ်မြုပ်၍ alternative country ဂီတဟူ၍ ထင်ရှားစေခဲ့သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

Alternative country သည် traditional American country ဂီတမှ ရေးဆွဲထားသည်။ အဓိကကိုးကား၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် အုပ်စုများမှာ Woody Guthrie, Hank Williams နှင့် The Carter Family အုပ်စုတို့ဖြစ်သည်။ အခြားအများစုလွှမ်းမိုးမှုမှာ country rock ဖြစ်သည်။ country ဂီတနှင့် rock&roll တို့ရောစပ်မှုရလဒ်ဖြစ်သည်။ country rock ကိုအစပျိုးခဲ့သည့် အနုပညာရှင်မှာ Gram Parsons ဖြစ်ပြီး Michael Nesmith, Steve Earle နှင့် Gene Clark တို့မှာလည်း အရေးပါသော ဆန်းသစ်တီထွင်သူများဖြစ်သည်။ တတိယမြောက်အကြောင်းရင်းမှာ punk rock ဖြစ်သည်။