အဒန္တအဂုတ္တသုတ်
[၁] မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော တွေ့ထိမှု၏တည်ရာ ဖဿာယတနကို မဆုံးမ, မလုံခြုံမှု မစောင့်ရှောက်, မပိတ်ဆို့သည်ရှိသော် (ငရဲအစရှိသော) လွန်ကဲသော ဆင်းရဲကို ဆောင်တတ်၏။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော တွေ့ထိမှု၏တည်ရာ ဖဿာယတနကို ဆုံးမ(ယဉ်ကျေး)ပြီး၊ လုံခြုံ, စောင့်ရှောက်မှု ပိတ်ဆို့ပြီးသည်ရှိသော် (ဈာန် မဂ်, ဖိုလ် ဟူသော) လွန်ကဲသော ချမ်းသာကို ဆောင်တတ်၏-အစရှိသည်ဖြင့် အကောင်း ဖဿာယတနတို့နှင့် တွေ့ထိသော်လည်း နှစ်သက်မှုဆန္ဒရာဂ, မကောင်းသော ဖဿာယတနတို့နှင့် တွေ့ထိရာ၌လည်း အမျက်ထွက်မှု, စိတ်မချမ်းသာမှု, ဒေါသတို့မဖြစ်အောင် လွှမ်းမိုးနှိမ်နင်းနိုင်သူသည် ပဋိသန္ဓေနေမှု, သေမှုတို့၏ တဖက်ကမ်း (နိဗ္ဗာန်) သို့ရောက် ရ၏-ဟု ဟောပြတော်မူသည့်သုတ်။ [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ -သံ၊၂၊၂၉၃-၄။ သံ၊မြန်၊၂၊၂၈၅-၆။ သံ၊ဋ္ဌ၊၃၊၂၇-၈။ သံ၊ဋီ၊၂၊၃၀၀-၁။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၀)၅-သဠဝဂ္ဂ၊ ပဌမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ