အဒိရှမ်ခန်းမ
ကိုဩဒိနိတ်: 6°46′19″N 80°55′52″E / 6.772°N 80.931°E
အဒိရှမ်ခန်းမ သို့မဟုတ် အဒိရှိမ်ဘန်ဂလို သီရိလင်္ကာနိုင်ငံ၊ Badulla ခရိုင်၊ Haputale အနီးတွင် တည်ရှိသည့် အိမ်တစ်လုံးဖြစ်သည်။ ၎င်းသည် လက်ရရှိအချိန်၌ Saint Benedict ၏ အဒိရှမ်ကျောင်းအဖြစ် တည်ရှိသည်။ ကျောင်းတော်တွင် St. Sylvester ၏ အရိုးရုပ်ကြွင်းတည်ရှိသည်။[၁]
Adisham Hall | |
---|---|
ယခင်အမည်များ | Adisham Hall |
အခြားအမည်များ | St Benedict's Monastery |
အထွေထွေ အချက်အလက်များ | |
ဗိသုကာစတိုင် | Tudor and Jacabian |
တည်နေရာ | Haputale, Sri Lanka |
လိပ်စာ | St. Benedict's Monastery, Adisham, Haputhale, Sri Lanka |
မြို့ | Haputale |
နိုင်ငံ | Sri Lanka |
ပင်လယ်ရေ မျက်နှာပြင် အမြင့် | 5,000 feet above sea level |
လက်ရှိ အငှားနေထိုင်သူ | St. Benedict's Monastery |
တည်ဆောက်မှု စတင် | 1927 |
ပြီးစီး | 1931 |
ဖောက်သည် | Sir Thomas Villiers |
ပိုင်ဆိုင်သူ | Catholic Church in Sri Lanka |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | R. Booth and F. Webster |
ဝဘ်ဆိုဒ် | |
adisham.org |
အဆောက်အဦကို ၁၉၃၁ ခုနှစ်တွင် အင်္ဂလိပ်မင်းမျိုးမင်းနွယ်တစ်ဦးနှင့် စိုက်ပျိုးရေးသမား Sir Thomas Villiers တို့က ဆောက်လုပ်ခဲ့သည်။ Sir Thomas Villiers သည် ကိုလံဘိုတွင် အခြေစိုက်သည့် ကုန်သွယ်ရေးနှင့် မြေယာအေဂျင်စီ George Steuart Co ကို တည်ထောင်သူ ဖြစ်သည်။ Sir Thomas Villiers သည် Lord John Russell ၏ မြေးတော်စပ်သူဖြစ်ပြီး Dukes of Bedford ၏ မျိုးရိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ အဒိရှမ်ဟု အမည်ပြောင်းပြီးနောက်တွင် အဆောက်အဦကို R. Booth နှင့် F. Webster တို့က Tudor နှင့် Jacobean ပုံစံဖြင့် ဒီဇိုင်းချခဲ့ကြသည်။ တည်ဆောက်သည့် မြေသည် ၁၀ ဧက (၄၀၀၀၀ စတုရန်းမီတာ) ရှိသည်။ Sir Thomas အနားမယူခင်အချိန်အထိ အဒိရှမ်ခန်းမသည် ကိုလိုနီခေတ်၏ များစွာအရေးပါသည့် နေရာတွင် ပါဝင်ခဲ့သည်။ နောက်ပိုင်း ၁၉၄၉ တွင် Sir Thomas သည် Vimala Wijewardene ပိုင်ဆိုင်သည့် Sedawatte Mills သို့ရောင်းချခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ၎င်းကို ရိုမန်ကတ်သလစ်ချက်ကျောင်းမှ ဝယ်ယူခဲ့ပြီး ကျောင်းတော်တစ်ခုအသွင် ပြောင်းလဲခဲ့သည်။ ဤအဆောက်အဦသည် ခေတ်ကာလတစ်လျှောက် ပရိဘောဂများ၊ အပြင်အဆင်များဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် အဆောက်အဦ ဖြစ်သည်။ အများပြည်သူ လေ့လာနိုင်ရန် ဖွင့်လှစ်ထားသည်။[၂]
ပြင်ပလင့်များ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Triple Jubilee year of St. Anthony's shrine, Wahacotte။ Sunday Observer (Sri Lanka)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2015 တွင် ပြန်စစ်ပြီး။
- ↑ Priceless antiquity: Adisham Bungalow။ Sunday Observer (Sri Lanka)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2015 တွင် ပြန်စစ်ပြီး။