[၁] စက္ခုပသာဒအစရှိသော ပသာဒ (၆)ပါး, ရူပါရုံအစရှိသော အာရုံ (၆)ပါး, စက္ခုဝိညာဏ်အစရှိသော ဝိညာဏ် (၆)ပါး, စက္ခုသမ္ဖဿအစရှိသော ဖဿ (၆)ပါး, စက္ခုသမ္ဖဿ အစရှိသည်ကြောင့်ဖြစ်သော သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာ (၃)ပါးဟူသော အသီးအသီး တစ်ပါးစီ တစ်ပါးစီသည် ပဋိသန္ဓေနေမှု, အိုမှု, သေမှု, စိုးရိမ်မှု, ငိုကြွေးမှု ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့၏ နှိပ်စက်မှုကို ခံနေရသည်။ ဤသို့ ရှုမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် အဆင့်ဆင့် ဉာဏ်အမြင် သန်ပြီး ရဟန္တာဖြစ်သည်အထိ ရှုမြင်ပုံကို ဘုရားရှင် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၂၅၂-၃။ သံ၊မြန်၊၂၊၂၄၃-၄။ သံ၊ဋ္ဌ၊၃၊၁၀။ သံ၊ဋီ၊၂၊၂၈၉။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ ၃-သဗ္ဗဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ