[၁] ဤသုတ်၌ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဟု ကာလသုံးပါးရှိပုံ, ခန္ဓာငါးပါး၌ ငါ, သူတပါးအစရှိသည်ဖြင့် မှတ်ထင်နေကုန်သော သတ္တဝါတို့သည် ခန္ဓာငါးပါး၌ တည်လျက် ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်းနှင့် စပ်ယှဉ်ခြင်းသို့ ရောက်ရ၏။ ခန္ဓာငါးပါးကို ပိုင်းခြား၍သိသော ရဟန္တာပုဂ္ဂိုလ်သည် ငါ သူတပါးအစရှိသည်ဖြင့် မအောက်မေ့, ကိလေသာမှ လွတ်သည်ဖြစ်၍ နိဗ္ဗာန်ကို သိမြင်၏ အစရှိသည်ဖြင့် ဘုရားရှင် ဟောကြားတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားများအား ဟောပြသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -ဣတိဝုတ်၊၂၃၂။ ဣတိဝုတ်၊မြန်၊၂၁၆။ ဣတိဝုတ်၊ဋ္ဌ၊၂၀၀-၂။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ တိကနိပါတ၊ ဒုတိယဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ