(၈)သုတ် ရှိပါသည်။

[၁] အဓမ္မ (ဓမ္မ၏ ဆန့်ကျင်ဖက်/ဓမ္မအတု)ကို ဓမ္မ (အစစ်) ဟု ပြ (ပြောဟော, ရေးသား, ယူဆ, ပြုကျင့်)ကြကုန်သော ရဟန်းတို့သည် လူအများ အစီးအပွားမဲ့ရန်၊ ချမ်းသာမဲ့ရန်၊ အကျိုးမဲ့ရန်၊ နတ်, လူတို့ ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာမက သေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေကုန်ကြ၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] အဓမ္မကို အဓမ္မဟု ပြ (ပြောဟော, ရေးသား, သင်ကြား, ယူဆ, ကျင့်သုံးနေ) ကြသောရဟန်းတို့သည် လူအများတို့ ကြီးပွား ချမ်းသာရန်၊ နတ်, လူတို့ ချမ်းသာစေရန် ပြုကျင့်ကြသူတို့ ဖြစ်ကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကို တိုးပွားစေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့် တည်တံ့စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၃] အဓမ္မသုတ် သုံးသုတ်ပါရှိသည်။

(က) ပဌမသုတ်၌ -အဓမ္မနှင့် အနတ္ထကိုလည်းကောင်း, ဓမ္မနှင့် အတ္ထကို လည်းကောင်း သိရှိကြရမည်။ ဓမ္မနှင့် အတ္ထရှိသည့်အတိုင်းသာ ကျင့်ကြံရမည်။ အဓမ္မနှင့် အနတ္ထတရားများသည် မိစ္ဆာဒိဋ္ဌိ ... မိစ္ဆာဝိမုတ္တိတို့ ဖြစ်သည်။ ဓမ္မနှင့် အတ္ထတရားများသည် သမ္မာဒိဋ္ဌိ ... သမ္မာဝိမုတ္တိဖြစ်သည်ဟု ဟောတော်မူသည့်သုတ်။

(ခ) ဒုတိယသုတ်၌ -အထက်ပါအတိုင်း ခေါင်းစဉ်ဒေသနာတော်ကို မိန့်တော်မူပြီး မိစ္ဆာဒိဋ္ဌိ ... မိစ္ဆာဝိမုတ္တိတို့သည် “အဓမ္မ”၊ သမ္မာဒိဋ္ဌိ ... သမ္မာဝိမုတ္တိတို့သည် “ဓမ္မ”၊ မိစ္ဆာဒိဋ္ဌိ ... မိစ္ဆာဝိမုတ္တိတို့ကြောင့် ဖြစ်ပေါ်လာသော အကုသိုလ်တရားတို့သည် “အနတ္ထ”၊ သမ္မာဒိဋ္ဌိ ... သမ္မာဝိမုတ္တိတို့ကြောင့် ဖြစ်ပေါ်လာသော ပွားများပြည့်စုံခြင်းသို့ ရောက်ကုန်သော ကုသိုလ်တရားတို့သည် “အတ္ထ”၊ ဤသို့ ခွဲခြားသိမြင်၍ “ဓမ္မ”နှင့် “အတ္တ”တို့ရှိတိုင်းသာ ပြုကျင့်ရမည်ဟု ဟောတော်မူသည့်သုတ်။

(ဂ) တတိယသုတ်၌ -အထက်ပါအတိုင်း ခေါင်းစဉ်ဒေသနာတော်ကို ဟောတော်မူ၍ ဘုရားရှင်ပြန်ကြွတော်မူရာ ရဟန်းတော်များ၏ လျှောက်ထားချက်အရ အရှင်အာနန္ဒာက ဒုတိယသုတ်အတိုင်း ဟောတော်မူသည်။


[၄] ဤ၌လည်း သုံးသုတ်ပါရှိသည်။ ။

(က) ပဌမသုတ်၌ -ဒုစရိုက်ဆယ်ပါးသည် “အဓမ္မ”နှင့် “အနတ္တ” တရား များဖြစ်၍၊ သုစရိုက်ဆယ်ပါးတို့သည် “ဓမ္မ”နှင့် “အတ္ထ”တရားများဖြစ်ကြောင်း ဟောတော်မူသည်။

(ခ) ဒုတိယသုတ်၌ -ခေါင်းစဉ်ဒေသနာ ဟောတော်မူ၍ ဘုရားရှင် ပြန်ကြွတော်မူရာ၌ ရဟန်းတို့၏ လျှောက်ထားချက်အရ အရှင်ကစ္စာနထေရ် အကျယ် ချဲ့၍ ဟောတော်မူသည့်သုတ်။

(ဂ) တတိယသုတ်၌ -အဓမ္မနှင့် ဓမ္မ အနတ္ထနှင့် အတ္ထတို့ကို ဘုရားရှင် ကိုယ်တော်တိုင် အကျယ်ချဲ့၍ ဟောတော်မူသည့်သုတ်။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၈။ အံ၊မြန်၊၁၊၂၅။ အံ၊ဋ္ဌ၊၁၊၆၅-၆။ အံ၊ဋီ၊၁၊၁၁၈။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၀-ဒုတိယပမာဒါဒိဝဂ္ဂ၊ တေတ္တိသတိမသုတ်။
  2. -အံ၊၁၊၁၉။ အံ၊မြန်၊၁၊၂၆။ ။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၁-အဓမ္မဝဂ္ဂ၊ ပဌမသုတ်။
  3. -အံ၊၃၊၄၃၇-၄၄၃။ အံ၊မြန်၊၃၊၄၃၀-၄၃၅။ အံ၊ဋ္ဌ၊၃၊၃၃၆။ အံ၊ဋီ၊၃၊၃၅၃-၄။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၂)၂-ပစ္စောရောဟဏီဝဂ္ဂ၊
  4. -အံ၊၃၊၄၆၄။ အံ၊မြန်၊၃၊၄၅၇-၄၆၃။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၇)၂-ဇာဏုဿောဏိဝဂ္ဂ၊
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ