အဓိပ္ပာယ်
ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
အနက် (သို့) အဓိပ္ပာယ် (အင်္ဂလိပ်: meaning) ဟူသည်မှာ ရည်ညွှန်းဖော်ဆောင်ခြင်း ခံရသည့် (သိတွေးအုံအားဖြင့် နားလည်သိယူဖွယ်) အခြင်းအရာ၊ အကြောင်းအချက်များ ဖြစ်၏။ ရည်ညွှန်းဖော်ဆောင်မည့် အရာတို့က အမျိုးမျိုး ဖြစ်နေနိုင်သည်။
- လူတို့ချင်း ညှိနှိုင်းသတ်မှတ်ထားသော ကိုယ်စားပြုချက်၊ ညွှန်းဆိုချက် ကိုယ်စီရှိသည့် သင်္ကေတများ၊ စာလုံးများမှာလည်း ထိုညွှန်းဆိုရာကို မိမိတို့၏ အနက်အဓိပ္ပာယ်ကိုယ်စီနှင့် ရှိကြမည်။
- အချို့အရာများက သဘာဝအလျောက် နောက်ဆက်တွဲသဖွယ် (သာဓကအားဖြင့် အပြင်တွင်မိုးရွာနေခြင်း၏ နောက်ဆက်တွဲ မိုးပေါက်ထိခတ်သံများ) ဖြစ်၍၊ ၎င်းတို့က ရိပ်ကဲပေါ်လွင်ချက်(နိမိတ်)များ ဖြစ်ပြီး ၎င်းတို့၏ အကြောင်းခံသဖွယ် အခြင်းအရာများကို အနက်အဓိပ္ပာယ် သဖွယ် ဖော်ပြနေနိုင်သည်။