အရှင်အဓောပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သိခီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

သိခီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်အဓောပုပ္ဖိယထေရ် သည် ဟိမဝန္တာတောင်တွင် တောကျောင်းနေသည့် ရသေ့တစ်ပါး ဖြစ်၏။ တစ်နေ့သောအခါ သိခီမြတ်စွာဘုရား၏ လက်ယာရံအဂ္ဂသာဝက “အဘိဘူ” အမည်ရှိသည့် ရဟန်းသည် ဟိမဝန္တာတောင်သို့ ကြွလာ၏။ ထိုအခါ ရသေ့ သည် ထိုမြတ်စွာဘုရား၏ လက်ယာရံအဂ္ဂသာဝကအား ပန်းတို့ဖြင့် ပူဇော်မှုကို ပြုခဲ့၏။

ထို့နောက်တွင် ရသေ့သည် စပါးကြီးမြွေ၏ ရစ်ပတ်နှိပ်စက်မှုကြောင့် သေဆုံးခဲ့၏။ သေလွန်သည့်အခါ ပန်းလှူခဲ့ဖူးသည့် ကောင်းမှုကို အောက်မေ့ကာ သေဆုံးခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ပန်းလှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အဓောပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ တိမိရဝဂ်