(၂)သုတ် ရှိပါသည်။

[၁] ယုံကြည်မှု အပြည့်အဝဖြင့် ရဟန်းပြုလာသော အမျိုးကောင်းသား၏ တရားအစဉ်ဖြစ်ပုံကို ဟောမူသည့်သုတ်။

ဤသုတ်၌ ခန္ဓာငါးပါး၌ “အနတ္တ” ဟုအဖန်ဖန်ရှုမှတ်နေရမည်။ ယင်းသို့ရှုမှတ် နေလျှင် ခန္ဓာငါးပါးကို ပိုင်းခြား၍ သိမြင်နိုင်၏၊ ပိုင်းခြား၍ သိမြင်လျှင် ခန္ဓာငါးပါးမှ လွတ်မြောက်၏၊ ပဋိသန္ဓေနေမှု အိုမှု, သေမှု, စိုးရိမ်မှုငိုကြွေးမှု၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု, ပြင်းစွာပင်ပန်းမှုတို့မှ လွတ်မြောက်၏။ ဆင်းရဲအပေါင်းမှ လွတ်မြောက်ပြီဟု ငါဘုရားမိန့်တော်မူ၏-ဟုဟောတော်မူသည့်သုတ်။


[၂] အလုံးစုံသော တရားတို့၌ အနတ္တ-ဟု ရှုမြင်သော ပုဂ္ဂိုလ်ခုနစ်ဦးတို့ ရရှိနိုင်သော အကျိုးကျေးဇူးခုနစ်မျိုးကို ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၁၄၈။ သံ၊မြန်၊၂၊၁၃၉။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၄)၄-ကုက္ကုဠဝဂ္ဂ၊ စုဒ္ဒသမသုတ်။
  2. -အံ၊၂၊၄၀၆။ အံ၊မြန်၊၂၊၅၁၄။ အံ၊ဋ္ဌ၊၃၊၁၅၀။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၂-အနုသယဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ