(၂)သုတ် ရှိပါသည်။

[၁] ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့၌ “ဤသည်ကား ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ” ဟု (ဘုရားမဖြစ်မီ) ရှေးကမကြားစဘူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိ ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍ သိမှု “ဝိဇ္ဇာ ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင် ထင်ရှားဖြစ်ပေါ်လာပြီ-ဟု တစ်ပါးစီတစ်ပါး စီခွဲ၍ ဟောတော်မူသည့်သုတ်။


[၂] ငါဘုရားသည် (ဘုရားမဖြစ်မီ) ရှေးက မကြားစဘူးသေးသော (သစ္စာလေးပါး) တရားတို့၌ ထူးသောဉာဏ်ဖြင့် သိ၍ အပြီးအဆုံးတဖက်ကမ်းသို့ ရောက်၏ဟု ငါဝန်ခံတော်မူ၏။ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ-ဟူသော မြတ်စွာဘုရားရှင်၏ အားတော်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော ငါဘုရားသည် မြင့်မြတ်သောအရာ (ဘုရား အဖြစ်)ကို ဝန်ခံတော်မူ၏။ ပရိသတ်တို့အလယ်၌ ရဲရင့်သော စကားကို မြွက်ဆိုတော်မူ၏။ မြတ်သော တရားတော်တည်းဟူသောစက်ကို လည်စေတော်မူ၏။ (ဓမ္မစကြာ တရားတော်ကို ဟောတော်မူ၏) ဟု မိန့်တော်မူသည့်သုတ်။ [၃]


အနနုဿုတသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် မြတ်စွာဘုရား၏ အားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၁၅၅။ သံ၊မြန်၊၃၊၁၆၀-၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၄-အနနုဿုတဝဂ္ဂ၊ ပဌမသုတ်။
  2. -အံ၊၂၊၈။ အံ၊မြန်၊၂၊၁၀-၁၁။ အံ၊ဋ္ဌ၊၃၊၄။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၂-ဗလဝဂ္ဂ၊ ပဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၂-ဗလဝဂ်၊ ၁- အနနုဿုတသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။